ဟိုစား၊ ဒီစား (ကိုရီးယား လမ်းဘေးစာများ)
မြတ်ကြည်တို့နေတဲ့ အရပ်က တက္ကသိုလ် ဝန်းကျင်ဆိုတော့ မုန့်တန်း၊ ဆိုင်တန်းလေးတွေပေါတယ်။ ညဘက်ဆို ကျောင်းက အထွက်လမ်း ဆို စည်တယ်။ ကျောင်းသူ၊ ကျောင်းသားတွေချည်းပဲ။ ကိုယ်ကလည်း ပျင်းရင်၊ ဟိုလျှောက်လျှောက်၊ ဒီလျှောက်လျှောက်ပေါ့။ ဆိုင်လေးတွေကတော့ အစုံပဲ။ နောက်ပိုင်း တွေ့ရတာ ရိုးရာဆိုင်လေးတွေက သိပ်မရောင်းရတော့၊ ရွှေ့ရွှေ့သွားရပြီး အဲဒီနေရာမှာ ပီဇာတို့၊ကြက်ကြော်တို့၊ steak ဆိုင်၊ ဘာဂါဆိုင်တို့များလာတယ်။ လူငယ်တွေကလည်း အနောက်တိုင်းဆိုင်မှ ပိုအားပေးကြသလိုပဲ။ တွေးပြီးတော့ စိတ်မကောင်းဘူး။ အခုဆို ရိုးရာဆိုင်က အနည်းအကျဉ်းပဲကျန်တော့တယ်။
လမ်းဘေးဆိုင်လေးတွေကတော့ ဈေးတော်တော်ပေါပါတယ်။ ဘာစားစား ငါးရာ၊ တစ်ထောင်ပေါ့။ မြတ်ကြည်တို့ နားမှာရနိုင်တဲ့ လမ်းဘေးအစာလေးတွေကို ရိုက်ပြီး၊ video လုပ်ထားတာလေးပါ။
အားပေးကြပါဦးရှင်။ ^_^
အဲဒီညက ဗိုက်တင်းအောင် အကုန်စားမှ ခုနစ်ထောင်ပဲကျတယ်။ ပုံမှန်ဆိုင်ဆို အအေးမပါ၊ ၈၀၀၀ ရှိတယ်။ ကော်ဖီ ဆိုင်ဆို ကော်ဖီတစ်ခွက် ၅ထောင်၊ မတန်။
မြောက်၊တောင် အကြောင်း တစေ့တစောင်း
ကိုရီးယား ငွေက မြန်မာထက်ဈေးနိမ့်တယ်။ နိမ့်ရခြင်းအကြောင်းအရင်းက တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနဲ့ သုံးတဲ့ ပိုက်ဆံခြင်း အတူတူပဲ။ သူလည်း ဝမ်၊ ကိုယ်လည်း ဝမ်။ ဒီတော့ တောင်က ဘယ်လောက် တိုးတက်တက်၊ မြောက်က တက်မလာတော့၊ ပိုက်ဆံတန်ဖိုးမတက်လာတော့ဘူး။ Note က ၅ သောင်းတန် အထိရှိတယ်။ @_@

အသိတစ်ယောက်ကို မေးကြည့်တာ ကင်ဂျုံအီ (Kim Jong Il) သေတာ၊ ဘာလို့ လူတွေ ငိုကြသလဲလို့၊ သူ သေတာနဲ့ ဒေါ်လာဈေးတွေ မဟားတရား တက်သွားတယ်။ အမှန်ဆို မကောင်းတဲ့ ခေါင်းဆောင်သေ သွားတော့၊ ပိုက်ဆံတန်ဖိုးတောင် တက်ရမှာမဟုတ်ဘူးလားလို့။ သူကတော့ ဒီလိုပြောတာပဲ။ Kim Jong Il ရဲ့ သားက အဖေထက် ဒေါသပိုကြီးတယ်တဲ့။ လူငယ်ဆိုတော့၊ စိတ်ပိုဆက်တယ်။ အဖေလို မထိန်းဘူးတဲ့။ ထစ်ခနဲရှိ စစ်ကြေညာဖို့ ဝန်မလေးလို့ လို့ ပြောတာပဲ။ ဒါလည်းမှတ်သားစရာပဲ။
ဆက်လက်တင်ပြပါဦးမည်။ :)
18 comments
ကိုးရီးယားလမ်းဘေးအစားအစာတွေ လာကြည့်တယ်၊ စိတ်ဝင်စားစရာပဲ၊
ReplyDeleteဈေးသည်တွေ သဘောကောင်းတဲ့ ပုံပေါ်တယ်၊
မြတ်ကြည်က ချစ်စရာပဲ။
ရင်နာလယ် ညလေးရယ်
ReplyDeleteနှစ်ခြမ်းကွဲနေတဲ့ နိုင်ငံမှာ အလုပ်လာလုပ်မိလို့ ဟီးဟီး
ကောင်းသောနေ့လေး ဖြစ်ပါစေ
မြန်ပြည်မှာလည်း ကိုရီးယားကင်အစားအစာတွေ သိပ်ခေတ်စားတာပဲ။ အကင်တွေဆို အမြဲဝိုင်းအုံနေကြတယ်။ ကိုယ်တိုင်လည်းကြိုက်တယ်.. :P
ReplyDeleteခင်မင်လျက်
Junemoe
မြတ်ကြည်တို့က သရေကျအောင်လုပ်ပြီ အဟင့် ဟင့် စားချင်တယ် :(
ReplyDeleteစားချင်တယ်...မြတ်ရေ...။
ReplyDeleteလာလည်ချင်တယ်..။
ဒါနဲ့ စကားမစပ် နောက်ခံသီချင်းက
ဘူဆိုတာလဲ..။
ပေါက်
NO မမပေါက်၊ သီချင်းနာမည်က ရိုးရိုးလေးစဉ်းစားကြည့် :)
ReplyDeleteအစ်မအပြုံးပန်း၊ လာဖတ်လို့ ကျေးဇူး။
ReplyDeleteနာလည်း နာစရာပဲ အစ်မကျူတီ။ :)
June Moe လာလည်ပါလား၊ လမ်ဘေးစာတော့ ကျွေးလို့ရတယ်။
ဟိဟိ
Candy ငိုနဲ့၊ အရသာက ဒီလိုဒီလိုပဲ။
အဲလိုအစားအသောက်ဆိုင်တွေနားမှာ ဟိုလျှောက်ဒီလျှောက်လုပ်ချင်တာပါဆို။
ReplyDeleteအိုင်အိုရာ
မြတ်ကြည်လေးတို့ကတော့ သားရေကျအောင်လုပ်လိုက် ဝိတ်ချနည်းသင်ပေးလိုက်နဲ့ ဟီးး)
ReplyDeleteလည်လည်သွားရင်ကောင်းမလားလို့စဉ်းစားနေတာ...
ကွယ်..ကဖီတစ်ခွက်
ReplyDeleteငါးထောင်ကြီးများတောင်လားး)
အဖေထက်ဒေါသပိုကြီးတဲ့သား..ဆိုတော့
ရိုးရိုးလေးပဲ..စဉ်းစားကြည့်သွားတယ်နော်း)
ဆက်လက်တင်ပြမည်ကို
စောင့်ဆိုင်းနေပါကြောင်း..
ချစ်ခင်လျှက်
မိစံ
ဟို တဲလေးထဲမှာ
ReplyDeleteရောင်းတဲ့ မုန့်ပြားပြားလေး က
စားချင်စရာလေးး..
မြန်မာက မုန့်ပြားသလက် နဲ့ တူသလိုပဲ.. :))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
စားချင်တယ်..စားချင်တယ်..
ReplyDeleteစားချင်စရာ အေရယ်း) ကိုရီးယားကို လာလည်ရင် လိုက်ကျွေးနော်..နော်...းD
ReplyDeleteစန်းထွန်းနဲ့ အစ်မပန်းချီ ရောက်ရင် အကြောင်းကြားပါ။ လိုက်ကျွေးမယ်နော်။ :)
ReplyDeleteအစ်မဆောင်းပျောက်နေတာကြာပြီနော်။
ReplyDeleteမြတ်ကြည် said...
ReplyDeleteNO မမပေါက်၊ သီချင်းနာမည်က ရိုးရိုးလေးစဉ်းစားကြည့် :)
--
အဲ့ဒါ ဖတ်ပီး ပေါက်ကို စဉ်းစားခိုင်းနေတာလားလို့
-_-
Seoul လာရတုန်းက အဲ့လို လမ်းဘေးဆိုင်တွေ စားချင်တာ မပြောတတ်လို့ အသားကင်ပဲ လက်ညိုးထိုးစားခဲ့ရတယ်.. :(
ဟုတ်တယ်။ ကကြီးမှာ အင်္ဂလိပ် စကား မပေါက်တော့၊ လာလည်တဲ့သူတွေ ကိုယ့်ဘာသာ သွားမယ်ဆို သွားလာရတာ သိပ်အဆင်မပြေလှဘူး။
ReplyDeleteညီမလေး ပြောမှ ဖတ်ဖူးတာလေးကိုသတိရ..
ReplyDeleteအနောက်တိုင်းကလူတွေက ကျန်းမာရေးနဲ့
ညီညွှတ်တဲ့အရှေ့တိုင်းစာစားတယ်တဲ့..
အရှေ့တိုင်းကလူတွေက ဈေးကြီးတဲ့အနောက်တိုင်းအစားအစာကို အဟုတ်မှတ်ပြီးစားကြတယ်တဲ့.