ခြေဖဝါး တော်နုနု

By 11:28 PM


ဆောင်းတွင်းတွေမှာ အသားအရေခြောက်သွေ့တတ်ပါတယ်။ အဲဒီအထဲမှာ အခံရဆုံးကတော့ pressure points တွေ ဖြစ်တဲ့ ခြေဖနောင့်လိုနေရာတွေပါ။ ရေဓာတ်နည်းတဲ့  ခြေဖနောင့်တွေ ဟာ ခြောက်သွေ့အက်ကွဲလာတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခြေဖဝါးတော်နုနု တစ်စုံ ပိုင်ဆိုင်နိုင်ဖို့ အိမ်မှာတင်လုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။

Natural remedies to cure cracked heels by Ruby Ernicia

1-  မှည့်ပြီးသား ငှက်ပျောသီးတွေကို မလွှတ်ပစ်ပဲ အလှအပအထောက်အကူ ပစ္စည်းအနေနဲ့ သုံးပါ။ ချေထားတဲ့ ငှက်ပျောသီးကို ကွဲနေတဲ့ ခြေဖနောင့်မှာ သုတ်ပေးပါ။ ၁၀ မိနစ် ၁၅မိနစ် လောက်ထားပြီးရင် ရေနွေးနဲ့ တစ်ခါ၊ ရေအေးနဲ့တစ်ခါ ဆေးပါ။ တစ်ခါလုပ်ရုံနဲ့ နူးညံ့ချောမွတ်တဲ့ ခြေဖဝါးလေးတွေ ပိုင်ဆိုင်ပါလိမ့်မယ်။

2- ခြောက်သွေ့တဲ့ ခြေဖဝါးလေးတွေကို ကုသဖို့ သံလွင်ဆီကို သုံးပါ။ ညမအိပ်ခင် ခြေဖဝါးထဲသို့စိမ့်ဝင်အောင်ပွတ်ပေးပါ။ ရေမဆေးရဘူးနော်။ ပြီးတာနဲ့ ခြေအိတ်ကလေးစွပ်ထားလိုက်ပါ။ ခြေအိတ်လေးတွေ က လိမ်းထားတဲ့ ခြေဖဝါးလေးတွေ အစိုဓာတ်ကို တစ်ညလုံး စုတ်ယူဖို့ကူညီပေးပါလိမ့်မယ်။ မနက်ရောက်ရင် ခြေဖဝါးလေးတွေ နူးညံ့ချောမွတ်နေတာကို မြင်တွေ့ရမှာပါ။

3- ခြေထောက်ကို ဆားရည်းစိမ်ပေးနိုင်သလိုခြေထောက်ရေစိမ်တဲ့အခါ ပျားရည်ကို ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ ဆားရည်က ခြေထောက်မှ သေပြီးသားဆဲလ်တွေကို ဖယ်ရှားပေးပါမယ်။ ပျားရည်ကတော့ လိုအပ်တဲ့ အစိုဓာတ်နဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်။

4- သံပုရာသီးကို ထပ်ခြမ်းခြမ်း၊ ဂလစ်စရင်း (glycerine) ၄/၅ စက်လောက် ချပြီး ခြေဖဝါးနဲ့ ခြေဖနောင့်လေးတွေကို ပွတ်ပေးပါ။ သံပုရာသီးက ခြောက်သွေ့နေတဲ့ အရေပြားအလွှာကို ပျော်ဝင်စေတာကြောင့် ခြေသားကို ချောမွတ်စေပါတယ်။ သံပုရာသီးမှာပါတဲ့ အက်ဆစ် ကြောင့် ကုန်သွားမယ့် အစိုဓာတ်ကို glycerine က ဖြည့်ပေးပါမယ်။

တခြားလုပ်နိုင်တာလေးတွေ--

ရေများများသောက်ပါ။
အရည်ရွှမ်းတဲ့ အသီးအနှံစားပေးပါ။
 ရေချိုးတဲ့အခါ ခြေဖဝါးကြမ်းနေတဲ့နေရာလေးတွေကို ကျောက်လေးနဲ့ပွတ်ပေးပါ။
Foot Scrub (လုပ်နည်း ကို ဒီမှာ ကြည့်ပါနော်)

မြတ်ကြည်လုပ်ဖူးတဲ့ ပေါက်ပေါက်ရှာရှာ--


မနှစ်က The Face shop ကနေ Foot peeling ဆိုလို့ ဝယ်ပြီးလုပ်ကြည့်တာ။ သူ့ထဲမှာ ခြေထောက်စွပ်တဲ့ ကြွတ်ကြွပ်အိတ်နှစ်ထုပ်နဲ့။ အကုန်လုပ်ပြီး နောက်နေ့လည်းကျရော တကယ် peeling ပဲ။ ကွာတာ၊ ကွာတာ၊ အဖတ်လိုက်။ မြင်မကောင်းအောင်ကို ကွာတာ။ နောက်မလုပ်ရဲတော့ဘူး။ :P

ခြေဖဝါးနုအောင်လုပ်တာနဲ့ပတ်သက်လို့ ဒီမျှပါပဲ။ မလေး ရှူးဝါ လည်း ကျေနပ်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အလှတွေပိုနိုင်ကြပါစေရှင်။  

You Might Also Like

2 comments

  1. အိုး...မိုးနတ်မေမေက ခြေဖ၀ါးကွဲတတ်တာအရမ်းပဲ
    မမမြတ်ကြည်ရဲ့ နည်းလမ်းကောင်းလေးတွေ
    မေ့ကိုပြောပြပြီး အမှတ်ယူရမယ်..ကျေးဇူးပါမရေ..
    ခင်တဲ့...မိုးနတ်
    (နောက်လဲ အလှအပနဲ့ ပတ်သက်တာတွေ များများ
    မျှဝေပါနော်....မိုးနတ်က ကိုယ့်ရဲ့အသားအရေနဲ့
    အလှအပကို အရမ်းဂရုစိုက်ပြီး စိတ်ဝင်စားတတ်သူမို့ပါ)

    ReplyDelete
  2. ကောင်းလိုက်တဲ့ နည်းလမ်းလေးတွေ.........
    စမ်းလုပ်ကြည့်လိုက်အုံးမယ်
    ကျေးဇူးပါ........မြတ်ကြည်ရေ။

    ReplyDelete