ဆံပင်ပါးတာနဲ့ ပတ်သက်လို့

By 11:55 PM

ဆံပင်ပါးတာနဲ့ ပတ်သက်လို့ တင်ပေးခိုင်းတာ ကြာလှပါပြီ။ မအား မအားနဲ့၊ ပျင်းတာလည်း ပါတာပေါ့လေ။ :P



ဆံပင်သန်စွမ်းမှုအားနည်းတာကြောင့် ဆံပင်ပါးတတ်ပါတယ်။ တချို့တွေမှာ မျိုးရိုးလိုက်ပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေမှာပေါ့။ အဖေက မဟာနှဖူးဆို သားလည်း ကြီးလာတော့ မဟာနှဖူး ဖြစ်နိုင်ခြေပိုများပါတယ်။

အာဟာရမပြည့်ဝတဲ့ခါ၊ မကျန်းမာတဲ့အခါ ဆံပင်တွေလည်း မသန်စွမ်းနိုင်ပါဘူး။ တချို့ပြင်းထန်တဲ့ ရောဂါနဲ့ ဆေးဝါးတွေကြောင့်လည်း ဆံပင်ပါးခြင်းဖြစ်ပေါ်နိုင်ပါတယ်။

ဆံပင်သန်စွမ်းစေဖို့

ဦးရေကို နှိတ်နှယ်ပေးပါ။ Tea tree oil လို အဆီကို သုံးပြီး နှိတ်နှယ်ပေးခြင်းဖြင့် ဦးရေဆီ သွေးလှည့်ပတ်မှုကောင်းစေပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။

မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ခေါင်းဖြီးပေးတာက ဆံပင်အောက်ခြေအမြစ်မှာ ခဲနေတဲ့ အဆီတွေကို ခြေဖျက်ပေးပါတယ်။ ဒီလိုပုံမှန်လေးလုပ်ပေးသွားရင် ဆံပင် အသစ်ပြန်ပေါက်စေပါတယ်။

Blow Dryer ကို ဆံပင်နဲ့ ဦးရေ ရဲ့ ခပ်ဝေးဝေးမှာထားပြီး အသုံးပြုပါ။ အပူတွေဟာ ဆံသားကို ပျက်စီးစေပြီး ဆံပင်ကို ပိုကျွတ်စေပါတယ်။

အာဟာရပြည့်ဝ မျှတ အောင်စားသုံးပါ။ သင့် အစားအသောက်ထဲမှာ အစေ့အဆန်၊ ဗိုက်တာမင် အီး၊အေ၊ နဲ့ ဇင့်ဓာတ် ပြည့်ဝဖို့လိုအပ်ပါတယ်။ အသင့်စား အစားအစာ - ဥပမာ။ ။ ခေါက်ဆွဲခြောက် စတာတွေဟာ ဆံပင်ကို ပိုကျွတ်စေပါတယ်။

ဆေးပညာ

ဆံပင်ပါးတဲ့ နှစ်မျိုးရှိပါတယ်။ Male Pattern Baldness နဲ့ Female Pattern Baldness ပါ။ ယောက်ျားလေးတွေ မှာက ချိုစောင်း နှစ်ဖက်က စ ပါးပါတယ်။ မိန်းကလေးတွေမှာတော့ ခွဲကြောင်းနဲ့ ငယ်ထိပ်နေရာက စပြီး ပါးပါတယ်။



 သွေးထဲက ကျား ဟော်မုန်း DHT များတဲ့အခါ male pattern baldness  ဖြစ်တတ်ပါတယ်။ အဲဒီအတွက်  Testosterone ကနေ DHT ပြောင်းတာကို တားတဲ့ Finasteride ကို တစ်နေ့တစ်လုံး သောက်နိုင်ပါတယ်။ (မေးထားတဲ့ ကို K.S.L အတွက်ပါ)

မိန်းကလေးတွေမှာ Minoxidil လိုးရှင်းကို ဆံပင် ပြန်ပေါက်အောင် အသုံးပြုလို့ရပါတယ်။ မိန်းကလေးတွေမှာ ဒီဆေး က ပိုပြီး သိသာပါတယ်။

ဆံပင်ကျွတ်တာနဲ့ ပတ်သက်လို့ အရင်က ဒီမှာ ရေးခဲ့ဖူးပါတယ်။

http://www.thanakharmay.com/2011/08/blog-post_29.html

 မြတ်ကြည် လက်ရှိ ကြားဖြတ်လုပ်နေတဲ့ အလုပ်လေးက မပြီးသေးတာကြောင့် အတင်ကျဲနေတာပါ။ မာစတာဘွဲ့အတွက် စာမေးပွဲတော့ အောင်သွားပါပြီ။ အလုံး တစ်လုံးတော့ ကျပြီပေါ့လေ။ မြတ်ကြည် ဒီရောက်ပြီးမှ ကြားပေါက်လုပ်တဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အလုပ်လေးတွေအကြောင်း အချိန်ရရင် ရေးပါဦးမယ်။

 စာဖတ်သူများကို အစဉ်သတိရ လျက် -


You Might Also Like

8 comments

  1. သနပ်ခါးမေလေးပျောက်နေတာ
    ခုမှပဲပေါ်လာတော့တယ်နော်

    ReplyDelete
  2. ပို့စ်လေးက ကောင်းလိုက်တာ.
    လိုအပ်နေတဲ့လူတွေအတွက် အတော်ကို
    အထောက်အကူရပါတယ်...fb မှာရှဲပါရစေနော်မ..
    ခင်မင်နေတဲ့..မိုးနတ်...

    ReplyDelete
  3. ဟုတ်တယ်၊ မရေးဖြစ်တာကြာပြီ။ ပြန်ရေးရမယ်။ :)

    ReplyDelete
  4. လည်လည်လာပါတယ် :)

    ReplyDelete
  5. ခုမှပဲ ပေါ်လာတော့တယ် မြတ်ကြည်ရေ..... ပိုစ့်အသစ်လေးကို အပြေးအလွားလာဖတ်သွားတယ်နော်

    ReplyDelete
  6. Minoxidil ... Sis where can I buy this ?

    ReplyDelete
  7. It comes with the brand name of Rogaine. I think it can be purchased in drug stores.

    ReplyDelete
  8. ဒီ post မှာပါတဲ့ သောက်ဆေး၊lotion,tea tree oil တို့ ကို 100% မှာ တင်ရောင်းပေးရင်သိပ်ကောင်းမှာပဲ..ပီးတော့ သနပ်ခါးမေမှာ တင်ထားတဲ့အလှပြင်ပစ္စည်းလေးတွေလည်း အဆင်ပြေရင် တဖြည်းဖြည်းတင်ပေးရင် အားပေးကြမယ် ထင်ပါတယ်..... (သက်ဆု အတွေးသက်သက်)

    ReplyDelete