Pastel Chalk နဲ့ ဆံပင် အရောင်ဆိုးကြမလား?

By 12:52 AM

ဒီနည်းလေးက ခဏတဖြုတ်ဆံပင် အရောင်ဆိုးချင်သူတွေအတွက်ပါ။ နဂိုအရောင်ပြန်ရချင်တယ်ဆို ခေါင်းလျှော်လိုက်ရုံပါပဲ။ ဆံပင်အရောင်ချွတ်စရာမလိုတဲ့အပြင်  ဆံပင် ဆိုးဆေး gel / wax တွေလည်း တကူးတက ရှာဝယ်စရာ မလိုပါဘူး။ :)

Pastel Chalk ကို ရောင်စုံ မြေဖြူလို့ ခေါ်မလား မသိဘူး။ စာရေးကရိယာ/ ပန်းချီဆွဲတဲ့ တန်ဆာပလာ ပစ္စည်း အရောင်းဆိုင်တွေမှာ ရနိုင်ပါတယ်။ ရှာရလွယ်တယ်။ ဆံပင် အမည်းပေါ်မှာလည်း အရောင် ကွက်တိထွက်တယ်။

 ဒါလေးက မြတ်ကြည် Crazy Color တွေနဲ့ စမ်းကြည့်ထားတာ :)



လိုအပ်တဲ့ ပစ္စည်းလေးတွေက  -- Pastel Chalks ၊ ခေါင်းဘီး brush ၊ Hair Dryer


Pastel Chalk ဖြင့်အရောင် ဆိုးနည်း -- 

အရင်ဆုံး ဆိုးမယ့် ဆံပင်စ အနည်းငယ်ကိုယူပြီး ရေရွှဲအောင် ဆွတ်ပါ။ ပြီးရင် ဆံပင်ကို ကျစ်နေအောင်လိမ်ပါ။ Pastel chalk နဲ့ လိမ်ထားတဲ့ ဆံစ ပတ်လည်ကို အပေါ်အောက် ခြစ်ပေးပါ။ Hair Dryer သုံးပြီး ခေါင်းပြန်ဖီးချပါ။ ခြောက်ပြီဆို ဆိုးပြီးသား ဆံပင်ရပါပြီ။ 

သူက အရောင်ဆွဲတတ်တာမို့  ဘေဆင်မှာ အင်္ကျီဟောင်းတစ်ထည်ဝတ် လက်အိတ်နဲ့ ဆိုးတာပိုကောင်းပါတယ်။ 

ဒီဇင်ဘာဆိုတော့ Christmas တို့ New Year ပွဲတွေသွားရင် သူများနဲ့ မတူအောင် ပြင်လို့ရတာပေါ့နော်။ ပါပါး၊ မာမားတို့ ဆံပင်ဆိုးလို့ ဆူမှာမပူရတော့ဘူးပေါ့။ :)


အားလုံး Sweet December ပါရှင်။ ^__^






You Might Also Like

2 comments

  1. အဲဒါကို ဆိုးကြည့်ချင်နေတာ ကြာပြီ .. စမ်းလုပ်ကြည့်ဦးမှ ... :)

    PyiPhyo

    ReplyDelete
  2. မိုက်တယ် ကြားဖူးပြီး တခါမှ မလုပ်ဖူးသေးဘူး :)

    ReplyDelete