ဝက်ခြံ ပျောက်ကင်းမယ့် အိမ်တွင်း နည်းလမ်းလေး

By 12:27 AM

မြတ်ကြည်ရဲ့ အသားအရေ က sensitive ဖြစ်တဲ့ အထဲ မှာပါတယ်။ တစ်ခုခု မဖြစ်လိုက်နဲ့ ဖြစ်တာနဲ့ ဝက်ခြံပေါက်တော့တာပဲ။ ပြီးတော့ ဒီတိုင်းနေသလားဆိုတော့ မနေဘူး။ လက်က သွားသွားကလိတာ။ အဲဒါလက်ရောင်တွေလိုက်ပြီး ဝက်ခြံပျောက်သွားရင် အမဲစက်လေးတွေ ကျန်ခဲ့ရော။

 ဟိုတလောက ဝက်ခြံတွေ လှိမ့်ထွက်နေတာ ဟိုရှာ ဒီရှာလုပ်ရင်း မှာ ဒီနည်းလေးသွားတွေ့တယ်။ အဲဒီထဲမှာတော့ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ သံလွင်ဆီရယ်ရောပြီး မျက်နှာပေါ်အုပ်တာ။ ပြီးရင် မျက်နှာပြန်ဆေးပေါ့နော်။ အဲလို။

 မြတ်ကြည်ကတော့ နနွင်းရယ်၊ လက်ဆောင်ရထားတဲ့ သံလွင်ဆီအကြွင်းအကျန်လေးရယ် ရောပြီး လိမ်းတယ်။ နနွင်း အနံ့တော့ နည်းနည်း သည်းခံရတယ်။ လိမ်းပြီး မေ့မေ့ပျောက်ပျောက်ဖြစ်တော့မှ ရေနဲ့ဆေးချလိုက်တယ်။ ပထမတစ်ရက်တင် တော်တော်သိသာတယ်။ ရောင်နေတာတွေ ကျသွားတယ်။ တစ်ရက်ခြားပြီး ၂ ခါပဲလုပ်လိုက်တာ ဝက်ခြံမရှိတော့ဘူး။ အမာရွတ်ရော ဝက်ခြံရော လုံးဝမကျန်တော့ဘူး။

 မြတ်ကြည်ရှာကြည့်တော့ နနွင်းမှာ ဆာလ်ဖာ ဓာတ် အများကြီးပါပါတယ်။ ဆာလ်ဖာဓာတ်က ရောဂါပိုးတွေကို သေစေနိုင်ပါတယ်။ သဘာဝ ပစ္စည်းဆိုတော့ လူကို လည်း ဥပါဒ် မဖြစ်ပါဘူး။ နောက် တစ်ခုက ဝမ်းခေါင်း အတွင်းမှာ ရှိတဲ့ အဆီတွေကို လျှော့ပေးပါသတဲ့။

 နနွင်းနဲ့ပတ်သက်လို့ လူတွေပေါ် ကျန်းမာရေး အကျိုးသက်ရောက်မှု အကြောင်း စာတမ်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်နော် ။ http://link.springer.com/article/10.1007%2Fs13197-011-0569-8?LI=true

အလှတွေပိုနိုင်ကြပါစေရှင်

Read more >> ၀က်​ခြံ ဘာေ​ကြောင့်​ဖြစ်​ရတယ်​၊ ဘယ်​လိုကုသမယ်​ဆိုတာကို ၀က်​ခြံ ၀က်​ခြံ ဘယ်​လိုလုပ်​ရမလဲ (​​အောက်​က လင့်​​လေးမှာ) ဖတ်​ကြည့်​ပါ​နော်။
 http://thanakharmay.blogspot.com/2011/08/blog-post_26.html?showComment=1390725270588&m=1#c3176116085951263576

You Might Also Like

7 comments

  1. နနွင်းကတော့ဟုတ်ပီ..ပဲမှုန့်ဆိုတာကုလားပဲမှုန့် လားဟင်..အစ်မလိမ်းတဲ့ လက်ဆောင်ရထားတဲ့ အကြွှုင်းကျန်လေးကရောဘာများပါလိမ့် နော်...ပြီးတော့သံလွင်ဆီနဲ့ ရောပီးလိမ်းဆိုတော့ရေနဲ့ ပဲဆေးချလို့ ပြောင်ပမလားအစ်မ..သေချာသိချင်လို့ ပါနော်..ညီမကနည်းမျိုးစုံနေပါပီ..အခုထိရုပ်ဆိုးနေတုန်းပဲ...သိသမျှ..ဖတ်သမျှတွေတော့လုပ်ကြည့် နေတာပဲ..အဆင်မပြေသေးလို့ အတိကျလေးသိချင်လို့ ပါနော်..

    ReplyDelete
    Replies
    1. မြတ်ကြည်က နနွင်းရယ်၊ လက်ဆောင်ရထားတဲ့ မျက်နှာလိမ်း သံလွင်ဆီ အကြွင်းအကျန် လေးရယ် လိမ်းပါတယ်။ အဆင်ပြေမယ်ဆို မျက်နှာ ခဏခဏသစ်ပေး၊ နို့တွက်ပစ္စည်းလေးတွေ ရှောင်ပေးရင် ပိုကောင်းပါတယ်။ နောက်တစ်ခုက လက်နဲ့ မျက်နှာနဲ့ ဝေးဝေးထားဖို့ပါ။ အဆင်ပြေပါစေနော်။ :)

      Delete
  2. စိမ်းကားလိုက်တဲ့မြတ်ကြည်လေးရေ..
    အရမ်းလွမ်းနေတာ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ပေါ်မလာသူရေ စိမ်းကားလေ အစ်မ။ :D အမြဲသတိရပါတယ်။ ရန်ကုန်ပြန်ရောက်တော့ အခြေမကျသေးတာနဲ့ မရေးဖြစ်တာ အစ်မ။

      Delete
  3. ရွှေအုန်းပင်တံဆိပ် သံလွင်ဆီနဲ့သုံးလို့ရလားပာင် ?

    ReplyDelete
  4. ပဲမုန့်  ဆိုတာ ဘယ်လို ဟာမျိုးကို သုံးရမှာလဲ အမ

    ReplyDelete