ချိုင်းသားဖွေးဖို့

By 4:22 AM


တချို့မိန်းကလေးတွေ စိတ်ညစ်ရတဲ့ အကြောင်းအရင်းမှာ ချိုင်းသားမဲရတဲ့ အကြောင်းလည်း ပါမယ် ထင်ပါတယ်။ မိန်းကလေးဖြစ်ရတာ မလွယ်ဘူးနော်။ ပီစီပါစီ ကိစ္စတွေကလည်း အများသား။


ချိုင်းသားဘာကြောင့်မဲရတယ်

များသောအားဖြင့် ခန္ဒာကိုယ်တည်ဆောက်ပုံအရ ချိုင်းသားတစ်ခုနဲ့တစ်ခုပွတ်တိုက်ခြင်းကြောင့် မဲလာရတာဖြစ်ပါတယ်။
နောက်တစ်ခုအဖြစ်များတာက တော့ အမွေး ရိတ်တာ၊ အမွေးနှုတ်တာကြောင့်ပါ။ အမွေးကို နှုတ်လိုက်၊ ရိတ်လိုက်တဲ့ အခါတိုင်း မျက်စိနဲ့မမြင်နိုင်တဲ့ အရေပြားပွန်းပဲ့မှုလေးတွေ (microabrasions) ဖြစ်တတ်ပါတယ်။ အဲဒီပွန်းပဲ့မှုလေးတွေ အနာကျက်တဲ့အခါ အရေပြားမှာ ထင်ကျန်ခဲ့ပြီး အရောင်ရင့်လာရတာဖြစ်ပါတယ်။ ဒီတိုင်းဆိုမသိသာပေမယ့် ရိတ်ပြီး၊ နှုတ်ပြီးသားနေရာလေးတွေကို အရက်ပြန်နဲ့ ပွတ်ကြည့်လိုက်ရင် စပ်ဖြင်းဖြင်း ဖြစ်ရတာဟာ အဲဒီ microabrasions လေးတွေကြောင့်ပါ။ ရိတ်တာ၊ နှုတ်တာက အရေပြားမှာရှိတဲ့ မွေးညင်းပေါက်ကို ပိုကျယ်စေလို့ ကြာရင် ကြက်အရေခွံလို အသားအရေမျိုးဖြစ်လာရပါတယ်။ ကိုယ်ဝန်ရှိတဲ့အခါမှာလည်း ဟော်မုန်းအပြောင်းအလည်းကြောင့် မဲလာတတ်ပါတယ်။ ဒါပေမယ့် ကလေးမီးဖွားပြီးတဲ့အခါ ပုံမှန်အသားအရေပြန်ရတာမို့ စိတ်ပူစရာမလိုပါဘူး။

တချို့ ချွေးနံ့ပျောက်ဆေး (deodorant) တွေဟာလည်း အသားနဲ့မတည့်တဲ့အခါ ဓာတ်မတည့်မှုဖြစ်ပြီး မဲစေပါတယ်။ အဝလွန်တဲ့ လူတွေမှာ ချိုင်းသား၊ ကုတ် နဲ့ တကောက်ခွက်လို အကွေးအဆန့်နေရာမျိုးမှာ သာမန်ထက် မဲနေတတ်ပါတယ်။

ဘယ်လို ကုသမလဲ ?

အထိရောက်ဆုံးနည်းကတော့ အရေပြားဆရာဝန်ဆီမှာ peeling solution ကိုသုံးပြီး အရေပြားအပေါ်အလွှာခွါ ပစ်လိုက်တာပါ။ အိမ်ရောက်တဲ့အခါ ပေးလိုက်တဲ့ ချွတ်ဆေး bleaching cream ကို ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပေးရပါတယ်။

ဈေးမကြီးပဲ အိမ်မှာပဲ ချိုင်းသားဖွေးအောင်လုပ်ချင်တယ်ဆိုရင် သံပုရာသီးရှိပါတယ်။ သံပုရာသီးမှာ vitamin C ပမာဏများများပါတာမို့ ချိုင်းသားအရောင်ကိုလည်းအနည်းငယ်ဖြူလာစေတဲ့အပြင် ချိုင်းချွေးထွက်တာကို  ကာကွယ်ပေးနိုင်ပါတယ်။ ရေချိုးပြီးတဲ့ အခါ သံပုရာခြမ်းနဲ့ ပွတ်ပြီး ကျောက်ချဉ်မှုန့်ကိုလိမ်းပေးထားနိုင်ပါတယ်။ နောက်တစ်နည်းက ရေမချိုးခင်၊ သံပုရာရည် တစ်ဇွန်း၊ပျားရည်တစ်ဇွန်း ကိုရော၊ မိနစ် ၂၀ လောက်ထားပြီး ပြန်ဆေးချပေးနိုင်ပါတယ်။

ဘယ်လိုကာကွယ်ရမယ်?

အရှေ့မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ဆို အမွေး ရိတ်တာ၊ နှုတ်တာကို "တာ့တာ ... ဘိုင့်ဘိုင်" ပြပြီး အမွေးထူလဖြစ်နဲ့နေရမယ်ပေါ့? @_@ ဒီလိုလည်းမဟုတ်ပါဘူး။ အရေပြားဆရာဝန်တွေက ရိတ်တာ၊ နှုတ်တာမလုပ်ခင် အသားကို moisturizer လိမ်းပေး ပေးဖို့ အကြံပြုထားပါတယ်။ ချွေးနံ့ပျောက်ဆေးသုံးတဲ့ အခါမှာလည်း Vitamin D ၊linoleic acid ၊ glycerine တို့ပါတဲ့ အမျိုးအစားတွေကို ရွေးသုံးစေချင်ပါတယ်။ အရေပြားမှာ အစိုဓာတ်လေးရှိနေရင် irritation ကို အလိုလို ကာကွယ်ပေးသွားမှာပါ။

ဒီလိုဆို အင်္ကျီလက်ပြတ်ဝတ်ဝတ်၊ ရင်လျှားပဲ ဝတ်ဝတ် ယုံကြည်မှုအပြည့်နဲ့ ဝတ်နိုင်သွားပြီပေါ့နော်။ရှိုးသွားရင် လက်တွေလေထဲမြှောက်လို့ရပါပြီ။ :D

 အချက်အလက်များကို Beyond Janes  Ways to Whiten your armpit နဲ့ The secret to whiter armpit အား မှီငြမ်းရေးသားပါတယ်ရှင်။


You Might Also Like

0 comments