မျက်နှာနဲ့ Foundation (Trend)

By 10:44 PM


ချောကလက် မှိုတက်မျက်နှာတွေ မြင်ဖူးမှာပါနော်။ အဲဒီလိုပြောရင် ရက်စက်ရာကျမလားပဲ။ ဘယ်သူမဆို လှချင်လို့ မိတ်ကပ်လိမ်းကြတာပါပဲ။ ဒါပေမယ့် စနစ်မကျတဲ့အခါ မျက်နှာက မိတ်ကပ်ထူလဗျစ်နဲ့ ခြစ်ချလို့ရတယ်ဟယ် ဆိုပြီး အတင်းပြောခံရပါလိမ့်မယ်။ လိမ်းထားမှန်းမသိသာပဲ သဘာဝကျကျနဲ့ လှတဲ့ မျက်နှာမျိုး အခုခေတ်မှာ ခေတ်စားလာပါတယ်။ No makeup look တွေပေါ့။


မျက်နှာ ဖုံဖုံ ခေတ်မဟုတ်တော့ပါဘူး။ မိန်းကလေးတွေက အသက်ကြီးလာတာနဲ့အမျှ အသားအရေ တင်းရင်းမှု လျော့ကျလာသာလို၊ မျက်နှာရဲ့  အစိုဓာတ်လည်း နည်းပါးလာပါတယ်။ အဲဒီ အချိန်မှာ မိတ်ကပ် ဖုံဖုံ၊ သိပ်သိပ် မျက်နှာက လူကို မနုပျိုစေပါဘူး။ ဒါကြောင့် မျက်နှာက အစိုဓာတ်လေး ရှိ နေဖို့လိုအပ်လှပါတယ်။

မျက်နှာမှာ ဝက်ခြံတို့ မှဲ့ခြောက်တို့ရှိလာတဲ့အခါ အဆိုးရွားဆုံး အမှားက အဲဒါတွေကို foundation ထူထူနဲ့ ဖုံးပစ်ဖို့ ကြိုးစားတာပါပဲ။ သူတို့ကို လက်ခံလာအောင် ကြိုးစားပါ။ မျက်နှာမှာ မှဲ့ခြောက်နည်းနည်းပါးပါးရှိတာထက် မိတ်ကပ် ထူလပြစ်က လူကို ပိုပြီး ကြည့်ရ ရုပ်ဆိုးစေပါတယ်။

Foundation ကို မှန်ကန်စွာအသုံးချတတ်ပါစေ။ တချို့ မိတ်ကပ် ပညာရှင်တွေက foundation ကို မျက်နှာမှာ မညီညာတဲ့ နေရာတွေ ဥပမာဆို ပါး နာခေါင်းတဝိုက်နဲ့ မေးစေ့လို နေရာလေးတွေမှာပဲ လိမ်းပေးဖို့ အကြံပြုထားကြပါတယ်။ ပြီးမှ concealer ကို foundation က မဖုံးပေးတဲ့ အစက်အပြောတ်လေးတွေမှာ တို့ပေးပါ။ လိုအပ်တဲ့နေရာမှာပဲ foundation ကို လိမ်းပေးဖို့ သတိရပါ။

Foundation မတိုင်ခင် foundation primer ကို သုံးပါ။ Primer သုံးတာက မျက်နှာ အရေပြားနဲ့ foundation ကြား အလွှာ တစ်ခုဖြစ်စေပါတယ်။ primer လေးကို အရင်လိမ်းထားတာက မျက်နှာမှာရှိတဲ့ အရေးအကြောင်းတို့ ဝက်ခြံကြောင့်ဖြစ်တဲ့ မညီညာတဲ့ နေရာတွေကို ညှိပေးပြီး foundation လိမ်းတဲ့အခါ ချောချောမွေ့မွေ့ဖြစ်စေဖို့ အထောက်အကူပေးပါတယ်။ Primer လက်ထဲမှာ မရှိရင် moisturizer ကို လည်း သုံးလို့ရပါတယ်။

ချောကလက်မှိုတက်ရဲ့ အဆိုးရွားဆုံး အချက်ကတော့ ကိုယ့်အသားအရောင်နဲ့ မလိုက်တဲ့ foundation အရောင်ကိုမှ ရွေးလိမ်းမိလေခြင်း ပါပဲ။ လိမ်းလိုက်တဲ့အခါ မိတ်ကပ်ဟာ မျက်နှာနဲ့ တသားတည်းဖြစ်သွားရပါမယ်။ မိတ်ကပ် ဝယ်တဲ့အခါ ကိုယ်တစ်ယောက်တည်း မဝယ်ပဲ ကိုယ့်သူငယ်ချင်းဆီက အကြံတောင်းကြည့်ပါ။ လိုက်မှ ဝယ်ပါနော်။ တချို့ကျတော့ အားနာနာနဲ့ ဝယ်၊ နှမြောလို့ ကုန်တဲ့အထိ ကြိတ်မှိတ်ဆက်လိမ်းတာလည်း တွေ့ဖူးပါတယ်။

မျက်နှာ အသားအရေ ခြောက်တတ်တဲ့ သူမျိုးဆိုရင် cake ထက် liquid foundation ကိုရှာသုံးပါ။ အဆီပြန်တတ်တဲ့ သူမျိုးဆိုရင်တော့ oil free foundation / tinted moisturizer မျိုးရှာသုံးပြီး အဆီပြန်တဲ့ အခါ မိတ်ကပ် မပြယ်အောင် အဆီစုပ်စက္ကူလေးနဲ့ တို့တို့ပေးလို့ရပါတယ်။

Tips :

မိတ်ကပ် ကိုယ်လိမ်းတာ နည်းနည်း ထူသွားပြီလို့ သိတဲ့အခါ အစက ပြန်မလိမ်းချင်ရင် moisturizer လေး နည်းနည်းတို့ပြီး ဖြည် ပေးလို့ရပါတယ်။

အလှတွေ ပိုနိုင်ကြပါစေရှင် :)


Credit to :
Julyne Derrick : How to avoid cake face

You Might Also Like

0 comments