Meeting the 2ne1 (throwback 2013)

By 7:06 PM

ဟိုမှာ နေတုန်းက celebrities ထဲမှာ မြင်ဖူးတာ ဆိုရင် 2ne1 နဲ့ IU ပဲရှိတယ်။ IU ရှိုးတုန်းက တခြားကျောင်းမှာ။ အဲဒီတုန်းက ကိုယ်က ရောက်ခါစ ဆိုတော့ သူ့ကို မြင်လည်း မမြင်ဖူး၊ သီချင်းလည်း မကြားဖူးတော့ သွားသာကြည့်ရတယ်၊ သူများတွေ အော်နေချိန်မှာ ငုတ်တုတ်ပေါ့။


2ne1 ကတော့ အကြိုက်ဆုံး မိန်းကလေးအဖွဲ့ထဲမှာပါတယ်။ အစ်မ M2Y က 2ne1 အကြောင်းရေးပေးဖို့ပြောရင်းနဲ့ နားထောင်ဖြစ်ပြီး သူ့ ပရိတ်သတ် ဖြစ်သွားတာ။ သူတို့ရဲ့  I am the best သီချင်းကိုဆို K-pop ကြိုက်တဲ့ လူငယ်တော်တော်များများ နားထောင်ဖူးမယ်ထင်တယ်။

သူတို့လာမယ်ကြားကတည်းက တက်ကြွနေတာ။ မနှစ်က ပွဲမှာ တစ်ယောက်လွတ်ပြီးပြီလေ။ မနှစ်က PSY လာတာ။ အဲဒီတုန်းက မကြားဖူးဘူးဆိုပြီး သွားမကြည့်တာ။ နောက် ၃ လလောက်လည်း ကြာရော Oppa Gangnam style ထွက်ပြီး နာမည်ကျော်သွားပါရော။

၅ နာရီလောက်ကတည်းက ညီမလေးတွေနဲ့ စု၊ မြက်ခင်းမှာ ကြိတင် ဗိုက်ဖြည့်ပြီး နေရာသွားဦးကြတယ်။
မစားနိုင်ဘူး မထင်နဲ့နော်၊ အကုန်ကုန်တယ်။ :D

ညီမလေးတွေ နဲ့ (အကြံတူတွေက ရှိသေး)
ဘယ်ကတည်းက လာထိုင်နေလဲမသိပါ

ပွဲစ တော့ ကျောင်းတို့ရဲ့ ထုံးစံ အတိုင်း ရွက်ပုန်းသီးတွေကို အရင်ပွဲထုတ်တာပေါ့နော်။ မြတ်ကြည်တို့ ကျောင်းက science သီးသန့်ဆိုတော့ art က ဘာသာ မေဂျာ သက်သက်မရှိဘူး။ အားတဲ့ အခါ ကလပ် လေးတွေလုပ်ပြီး တီးကြဆိုကြ နည်းနည်းပါးပါးပဲရှိတယ်။ ဒါတောင် တက်လာလိုက်တဲ့ အဖွဲ့တွေ အများကြီးပဲ။

တစ်ယောတ် တစ်ကွင်း

စောင့်ရင်း စောင့်ရင်းနဲ့ လူက အဲလို ဖြစ်သွားရော။

၈:၃၀ လောက် ကျ ရောက်လာတယ်။ ကား အမည်းကြီးနဲ့။  အပြင်ထွက်ဖို့အရေး နာရီဝက်လောက်ကြာတယ်။ လူတွေက အနားကပ်ကုန်တော့ မထွက်နိုင်ဖြစ်နေတာ။ 

Stageပေါ် ရောက်ပါပြီ။ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်နေတာ။

ကွင်းအပြည့်ပဲ အားပေးကြတာ။ လိုက်ဆို လိုက်က နဲ့ ပျော်ဖို့ တော်တော်ကောင်းတယ်။

သစ္စာရှိပုံများ ၅ ပုဒ်ဆိုပြီး တန်း စင်ပေါ်က ဆင်းသွားတယ်။ စီးပွါးရေးဆန်တယ် ခေါ်မလား? မြန်မာပြည်က အဆိုတော်တွေဆို အားနာလို့ ဆက်ဆိုချင်ဆိုပေးနေဦးမှာ။  နောက် တစ်ပုဒ်ဆိုပါဦးလို့တောင် ပြောချိန်မရလိုက်ဘူး။ Ugly လေးဆိုစေချင်တာ။ ဆိုမသွားဘူး။

ဒါလေးက မြတ်ကြည် ဝါသနာအရ video clip လေးတွေ editing ပြန်လုပ်ထားတာ။ ဓာတ်​ပုံ မရိုက်​ဖြစ်​လိုက်​တာ​လေး​တွေ နဲ့  ရှိုးကို အတိုချုပ်ပေါ့။  အချိန်ရရင် ကြည့်ပြီး လိုအပ်တာလေး ပြောပေးသွားပါနော်။ 


ကျောင်းမှာကြည့်​ရ​တော့ ပိုက်​ဆံ အကုန်​​တော်​​တော်​ သက်​သာတယ်​။ တကယ်​ ကြည့်​ချင်​ခဲ့တဲ့ အဖွဲ့ ရှိတယ်​။ စာတမ်းကိစ္စ အရမ်းခက်​​နေတာနဲ့ မသွားဖြစ်​လိုက်​ဘူး။ ဆိုးလ်​အထိသွားရမှာမို့လို့ လည်းပါတယ်​။ Gmarket မှာ တစ်​​ယောက်​ ၅၀,၀၀၀နဲ့။ ​နောက်​ တစ်​ချိန်​ချိန်​​တော့ Bigbang ကို အပြင်​မှာ မြင်​ဖူးချင်​သား :)

သာယာပျော်ရွှင်ဖွယ် နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။









You Might Also Like

4 comments

  1. နုပျိုတဲ့ကျောင်းသားဘ၀ကိုကြည့်ရတာစိတ်တွေတောင်နုပျိုသွားသလိုဘဲ။
    ကျောင်းပွဲပေမဲ့တော်တော်ကြီးတယ်နော်။
    အို်င်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ် အစ်မ။ နှစ်တိုင်းလိုလိုပဲ။ အနီးက အထက်တန်း ကျောင်းတွေလည်း လာကြည့်ကြတယ်။

      Delete
  2. ကြည့်ချင်လိုက်တာမြတ်ကြည်ရယ် . ပျော်စရာကြီးဘဲနော် .

    ReplyDelete
    Replies
    1. ဟုတ်​တယ်​ အစ်​မ။ ​တော်​​တော်​​ပျော်​ခဲ့ရတယ်​ :)

      Delete