Mini heart လက်သည်း

By 8:58 PM



သွားကြားထိုးတံ တစ်ချောင်းတည်းနဲ့ ပုံဖော်လို့ရတဲ့ လက်သည်း ဒီဇိုင်းလေးပါ။   
မြတ်ကြည်ရဲ့ ထုံးစံအတိုင်းပေါ့။
 ( ပုံဖော်တဲ့ ကရိယာလေးတွေ ၀ယ်မယ်ဝယ်မယ်နဲ့ နောက်ဆုံးတော့လည်း ဒီသွားကြားထိုးတံပဲ အားကိုးရတာပဲးD)

သွားကြားထိုးတံ နောက်ပိတ်

ဒီတစ်ခေါက် ထူးတာက အရင်ကလို ချွန်တဲ့ ဘက်ကို မသုံးပဲ သွားကြားထိုးတံ နောက်ပိတ်လေးကို တို့ပြီး "V" ပုံလေးတွေ လိုက်ဆွဲလိုက်တာ။ ကျန်တဲ့နေရာကို အစိမ်းရောင်သုံးပြီး အစက်လေးတွေ လိုက်ချ။

ကြိုက်တယ်ဟုတ်?

လုပ်ကြည့်လို့ အဆင်မပြေတာများရှိရင် ပြောနိုင်ပါတယ်နော်။

သာယာပျော်ရွှင်ဖွယ် နေ့လေးတစ်ရက် ဖြစ်ပါစေရှင်။


You Might Also Like

0 comments