တစ်ခေတ်ပြန် Corseting

By 12:37 AM

Waist trainer ဖြစ်တလဲ corset
Corseting ဆိုတာ ဝိတိုရိယခေတ်က ဆယ်ကျော်သက်ဘဝ အစကတည်းက အရွယ်ရောက်တဲ့ အခါ ခါးသေးအောင် သားရေပြား အပတ်ကို ကျိုးနဲ့တင်းနေအောင် ချည်ကြတဲ့ နည်းပေါ့။ အခုနှစ်ပိုင်း အနောက်နိုင်ငံတွေမှာ လေ့ကျင့်ခန်းအပြင်းအထန် မလုပ်ပဲ ခါးသေးရင်ချီ ခန္ဒာကိုယ်ကို ရဖို့ corset/ waist trainer ကို အသုံးပြုတာ ပြန် ခေတ်စားလာပါတယ်။


Jessia Alba နဲ့ Beyonce တို့လို celebrities တွေ ကလေးမွေးပြီး နောက်ပိုင်း ခါးကို နဂို အတိုင်း ပြန်ချချင်တဲ့အခါ corset ရဲ့ အထောက်အကူ ယူတယ်လို မဂ္ဂဇင်း တချို့က ဆိုကြပါတယ်။

ဘယ်လို ခါးသေးအောင်လုပ်ပေးသလဲ

တချို့က ဝပြီး ခါးတုတ်တာ တချို့က မဝပဲ ခါးတုတ်တာ ( နံ ရိုး ခွင် ကျယ်နေတာ) မျိုးရှိပါတယ်။ ကျပ်စည်းထားလိုက်တဲ့ အခါ အဲဒီနေရာ အဆီကောင်းကောင်းမစုနိုင်တော့သလို အရိုးခွင်ကလည်း အထဲကို ကျုံ့သွားပြီးသားဖြစ်သွားပါတယ်။ စစချင်းမှာ စည်းတုန်းပဲ ခဏ ခါးသေးပြီး ပြန်ဖြုတ်တဲ့ အခါ အရိုးခွင်က elastic recoil နဲ့ နဂိုနေရာပြန်ရောက်သွားပါတယ်။ ကြာသွားတဲ့ အခါမှာ အသားကျသွားပြီး ဖြုတ်လိုက်ရင်လည်း နဂိုနေရာ ပြန်မရောက်တော့ပါဘူး။

How to waist train

စစ တပ်တပ်ချင်း ကို ၃ ၄ နာရီ လောက် ဝတ်၊ ပြန်ချွတ်။ တဖြည်းဖြည်း ဝတ်တာနေသားကျတဲ့ အခါ နာရီတွေ တိုးသွားရပါတယ်။ အလားတူပဲ အနောက်က ကြိုးတွေကို တဖြည်းဖြည်း လိုချင်တဲ့ ခါးဆိုက် ရအောင် တင်းတင်း ပေးသွားရပါတယ်။  ကိုယ့်ခါးအတိုင်း ရဲ့  ၃ လက်မ စာ လျော့ပြီး ဝယ်ရတယ်။ ခါးဆိုက် ၃ ခုစာလျော့ဖို့ ၆ လ က နေ ၁ နှစ်လောက်ထိ အချိန်ပေးရပါတယ်။


အခုတလော waist trainer ဝတ်ပြီး selfie ရိုက်တာလေးတွေ ခေတ်စားနေတယ်။

Side Effects


ဒီလောက် လှအောင် လုပ်တဲ့နည်းကို ရှေးခေတ်ကနေ ဘာလို့ ဆက်မသုံးကြလဲ လို့မေးကြရင် အစောပိုင်း ဖြေရှင်းချက်ကိုကြည့်တဲ့ အခါ သူ့ကို အချိန်ကြာမြင့်စွာ တပ်တဲ့ အခါ အထဲက ကလီစာတွေကို ဖိထားသလိုဖြစ်ပြီး အဆုတ်ပြန့်ကားတာကို ဟန့်တားလို့ အသက်ရှူမဝတာ ဖြစ်နိုင်သလို အူ နဲ့ ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဆက်တဲ့ ပြွန်ကို ဖိမိတဲ့ အခါ ဝမ်းချုပ်တာတို့ ကျောက်ကပ် ထိတာတို့ ဖြစ်နိုင်လို့ပါ။

အဲဒီလို မဖြစ်စေဖို့ တခါတည်း ကြပ်မပစ်ပဲ တဖြည်းဖြည်းချင်း တင်းသွားပေးရင်း တစ်ရက်ကို မဝတ်ပဲ ၂ နာရီ လောက် လွှတ်ပေးထားရပါတယ်။


မြတ်ကြည်နဲ့ waist trainer

မြတ်ကြည်က ငယ်ငယ်ကတည်းက ဝဝ ပိန်ပိန် ခါးတ တစ်တောင့်တည်း။ မမ အိုင်အိုရာကို ပြောဖူးမယ်ထင်တယ်။ ခါးဆိုက် ၂၈ က မကျဘူးဆိုတာလေ။ အရိုးကိုက ကြီးနေတာ။ အခုဝတ်နေတာ waist trainer အစစ်တော့ မဟုတ်ဘူး။ ခါးပတ်တာကို ချိတ်လေးတွေနဲ့ ။

အထဲမှာ ကြိုးတချောင်း အင်္ကျီခံပြီး  နေ့တိုင်း ဝတ်ဖြစ်တာ ၃ လထဲရောက်နေပါပြီ။ အခုခါးဆိုက် က ၂၆ မရောက်ချင်ရောက်ချင်။ တစ်ရက်လောက် ချွတ်ထားလည်း ပြန်တော့ မတက်လာတော့ဘူး။ ၂၅ လောက်ထိလုပ်မယ်လို့ တော့ စိတ်ကူးထားတယ်။ တကယ့် waist trainer ရှိရင် ဝယ်ချင်တယ်။ ရန်ကုန် မှာ ဘယ်နေရာက ဝယ်ရမှန်းမသိဖြစ်နေလို့။ သိရင် လက်တို့ပေးပါဦး။

အရင်လ annual staff party မှာ ရိုက်ထားတာ။ :) 
 (ခါးဆိုက် ၂၇ ဝန်းကျင်) 

အခုက စမ်းသပ်ကာလထဲမှာပဲ ရှိပါသေးတယ်။ Waist trainer နဲ့ အတူ healthy diet ရယ်၊ ပုံမှန် လေ့ကျင့်ခန်းလေးရယ် တွဲလုပ်ရင်တော့ ပိုကောင်းတယ်လို့ ပြောကြပါတယ်။ ဒီဆောင်းပါးလေးက ကိုယ်လုံးလှချင်တဲ့ မြတ်ကြည်တို့လို ခန္ဒာကိုယ် တတောင့်တည်း ဖြစ်နေလို့ စိတ်ညစ်နေတဲ့သူတွေ အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ 

အလှတွေ ပိုနိုင်ကြပါစေ။









You Might Also Like

7 comments

  1. မြတ်က လူမ၀ဘဲ ခါးက တုတ်နေတာ။ နံရိုးခွင်ကျယ်တဲ့ သဘောပေါ့။
    တစ်ချို့အမျိုးသမီးတွေက အသက်ကြီးလာတာနဲ့ အဲ့နားတွေမှာ အဆီတွေ သွားသွားစုနေတတ်တယ်နော်။
    ခါးသေးအောင်လို့ waist trainer အပြင် ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရင် ရလဲ မသိဘူး။
    အစ်မမြတ်ကြည်လည်း waist trainer လေးနဲ့ လိုချင်တဲ့ ခါးဆိုဒ် ၂၅ ကို အမြန်ဆုံးရပါစေလို့ :)

    ReplyDelete
  2. ခါးဘေးသားကျစ်အောင် လုပ်တဲ့ လေ့ကျင့်ခန်းလေးတွေရှိတယ်။ အလေးတုံး ကိုင်ပြီး ဘေးကို ဆွဲချတာမျိုးပေါ့။ နောက်တစ်ခုက ခါးလှည့်ကွင်းနဲ့ ခါးလှည့်တာ။ အဆီပိုမစုဘူးလို ပြောကြတယ်။ :) ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
    Replies
    1. Crosetingကိုစမြင်ဖူးတာက တိုက်တန်းနစ်ကားမှာ..မင်းသမီးကိုအထိန်းတော်တွေဝတ်ပေးတာလေ.
      ကျွန်တော့်ကိုအဲ့လိုဝတ်ဆိုရင် မဝတ်နိုင်ဘူးဗျ။
      ကျွန်တော်ကခါးဆိုဒ်၂၆။ဒါပေမယ့်လူပိန်တော့ သိပ်တော့ကြည့်မကောင်းဘူး။မြန်မာဝတ်စုံတော်တော်များများကဘော်ဒီလှမှကြည့်လို့ကောင်းတာ။:)

      Delete
    2. ဟုတ်တယ်။ အမှန်ပဲ။ မြန်မာ ဝတ်စုံက ဘော်ဒီမလှရင် တော်တော် ကြည့်မကောင်းတာ။ :)

      Delete
  4. မမ.. လိုချင်လို့ ဘယ်မှာဝယ်မလို့ရမလဲ ပြောပြပေးပါနော်

    ReplyDelete
    Replies
    1. ညီမလေးရေ အစ်မဝတ်တာ ကော့ဆက် အစစ်ကြီးတော့ မဟုတ်ဘူး။ MK ကဝယ်တယ်။

      Delete