Hollywood Diet

By 10:03 PM




Hollywood diet ဟာ သူ့နာမည်တဲ့တင်ကို လူတိုင်းစိတ်ဝင်စားကြတဲ့ diet ပါ။ အလေးချိန်ကို ၁ ရက် ၂ ရက် အတွင်းကျချင်တဲ့ celebrities တွေဟာ ဒီdiet ကို အားကိုးကြပါတယ်။ 

သူ့မှာ 24 hour diet နဲ့ 48 hour diet ဆိုပြီး အမျိုးအစားနှစ်မျိုးရှိပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ မတိမ်းမယိမ်းပါပဲ။
သူ့ရဲ့လှည့်ကွက်ကတော့ တကယ်အလုပ်ဖြစ်တယ်။ But, အချိန်တိုတစ်ခုထိပါပဲ။ Diet plan လို့တောင် ပြောလို့မရတဲ့ detox drink ပုံစံမျိုးပါ။ စားသုံးတဲ့ calorieကို ၂၀၀၀ ကနေ ၄၀၀ ထိ လျှော့ချပစ်မှာ ဖြစ်ပါတယ်။ ၂၄ နာရီ diet ပဲဖြစ်ဖြစ် ၄၈ နာရီ diet ပဲဖြစ်ဖြစ် ကိုယ်ဆုံးရှူံးသွားတဲ့ ပမာဏ အများစုဟာ ရေဖြစ်တာမို့ ရေများများ ပြန်ဖြည့်ဖို့လိုပါတယ်။့ diet လုပ်နေချိန်အတွင်း သူ့drink ကလွဲရင် တခြားဘာမှစားခွင့်မရှိပါဘူးတဲ့။

Hollywood diet လုပ်နေတဲ့အချိန်အတွင်း အလေးချိန်က ကျိန်းသေကိုကျတယ်။ ကျသွားတဲ့ အလေးချိန် ဘယ်က လာသလဲ? တစ်ပေါင်၊ နှစ်ပေါင်က တော့ အဆီက ဖြစ်မယ် ကျန်တဲ့ ပေါင်ချိန်တွေက ကြွက်သားပမာဏတချို့ ရယ် အူထဲမှာ ကပ်နေတဲ့ အစာဟောင်းတွေရယ်ပါ။ သူ့မှာပါတဲ့ enzyme နဲ့ သတ္တုတွေရဲ့ ဂုဏ်သတ္တိ တွေက အူကို သန့်စင်ပေးပါတယ်။ သူ့ချည်းသက်သက်မဟုတ်ရင်တောင် အစာနဲ့တွဲပြီး နှစ်ပေါင်းများစွာ စုနေတဲ့ အဆိပ်အတောက် ဖယ်ရှားဖို့ အူသန့်ဖို့အတွက် သောက်လို့ရပါတယ်။
လေ့လာမှုတွေအရတော့ hollywood diet က ပင်ကိုယ် အလေးချိန်ရဲ့ ပျန်းမျှ ၄.၅ ရာခိုင်နှုန်း ချပေးတယ်လို့ဆိုပါတယ်။ ၄.၅ပေါင်ကနေ ၁၆.၅ ပေါင်ထိပါ။ ဒါပေမယ့် ရေရှည်ခန္ဒာကိုယ် အတွက် အဆင်ပြေမပြေကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ပါဝင်ပစ္စည်း

၂၄နာရီ Diet
ရေ၊ ပန်းသီး၊ rasberry၊ craberry၊ blueberry၊ စတော်ဘယ်ရီ၊ vitamin A,B1,B2,B3,B6,B12,C,D,E၊ folic acid

၄၈နာရီ Diet
နာနတ်၊ပန်းသီး၊လိမ္မော်၊ မက်မွန်၊ ငှက်ပျော၊ သံပုရာ vitamin AB2,B3,B6,B12,C,D,E၊ folic acid


သူတို့ကို အပြင်မှာ package နဲ့ရောင်းကြပါတယ်။ အမှန်တော့ vitamin tablet လေးတွေ၊ juice ဘူး၊ ဒါမှမဟုတ် သစ်သီးတွေ ဝယ် blender နဲ့မွှေပြီး သောက်လို့လည်းရပါတယ်။

အားနည်းချက်/ အားသာချက်

အားသားချက်ကတော့ ၀ိတ်တကယ် မျာများကျတယ်
 ကျန်းမာရေးနဲ့ ညီညွတ်တဲ့ antioxidants နဲ့ သစ်သီးတွေပါဝင်ပါတယ်။

အားနည်းချက်က အချိန်တိုလေးပဲ သုံးဖို့သင့်တော်တာရယ်၊ သူ့ diet အတွင်းမှာ ဘယ်လောက်သောက်သောက် ဗိုက်ဆာမှာရယ်၊ diet ပြီးလို့ ပုံမှန်ပြန်စားရင် နဂို ပေါင်ချိန်ကို အချိန်တိုအတွင်း ပြန်တက်သွားနိုင်ပါတယ်။

Hollywood diet က အကုန်လုံးအတွက်တော့ မဟုတ်ပါဘူး။ မနက်ဖြန် သဘက်ခါ ပွဲသွားစရာရှိခါမှ ရှိတဲ့အကျီင်္ိက မတော်၊ ထပ်လည်းမဝယ်ချင် ဆိုရင်တော့ ဒီနည်းလေးကို သုံးကြည့်လို့ရပါတယ်။

အလှတွေ ပိုနိုင်ကြပါစေရှင်။

You Might Also Like

0 comments