ကျေးဇူးပါရှင်

By 11:17 AM














ကျွန်မ ဘလော့လေးလုပ်တာ နှစ်လ နီးပါးရှိတော့မယ်။ ဘလော့လေးကို ကောင်းကောင်း၊ ချာချာ ပုံမှန်အားပေးနေတဲ့ စာဖတ်သူ ပျိုမေညီအစ်မတွေ ရှိလို့ အရမ်းကို ဝမ်းသာမိပါတယ်။

ကျွန်မက ကျောင်းတက်နေဆဲမို့ မုန့်ဖိုးပဲဖိုးရအောင် ASEAN-Korea org မှာ weblog correspondent အနေနဲ့လုပ်ပါတယ်။ (အထင်မကြီးကြပါနဲ့ ပရောဂျက်က ဖေဖော်ဝါရီအထိသာ) Bloggers ကို နားနဲ့စ သိတာက အလုပ်လျှောက်တော့ blogspot ရှိလားလို့မေးတယ်။ အဲတုန်းက ရှိဘူး။ ဖဘမှာ ရေးတဲ့ ကိုယ့်ရဲ့ notes လေးတွေကိုထုတ်ပြရတယ်။

စတွေ့ဖူးတာ လေနုအေး ဘလော့ ပါ။ သူငယ်ချင်းက သူ့ အဖေအကြောင်း လေနုအေး ဘလော့ မှာရေးထားတာလေး ကို ဖဘမှာ tag ထားတာနဲ့ ဝင်ကြည့်ဖြစ်တာ။ အဲဒီတုန်းက ရေးဖို့အစီစဉ်ရှိဘူး။ ခက်တယ်ထင်လို့။ အဲဒီ အစ်မရဲ့ ဆိုက်လေးကို ဝင်ကြည့်ရင်း ဘာတွေ့လည်း ဆိုတော့ မမပန်ဒိုရာ ရဲ့ ပတ်ဘလစ်ရေကူးကန်က ဝတ်လစ်စလစ်ငါးလေးတစ်ကောင်ကိုသွားတွေ့တယ်။ အရမ်းကြိုက်တာ။

အဲဒီထဲက ပိုးဝင်သွားတယ်ဆိုရမယ်။ ဗိုက်ဆာရင် myanmar food house နဲ့ မမအိုင်အိုရာ ၊ ချစ်စရာကောင်းတဲ့ အကြောင်းလေးတွေကို ရင်ထဲရောက်အောင် ရေးနိုင်တဲ့ ကိုညီလင်းသစ် (လူဆိုး နှင့် သူခိုး အရှုပ်တော်ပုံ)နဲ့ မမသက်ဝေ (ချစ်ခြင်းအစ...) ခရီးသွား ဆောင်းပါးလေးတွေ ရေးတတ်တဲ့ မချော ရဲ့စာလေးတွေကို ဝင်ကြည့်ဖြစ်တယ်။ ဂငယ်ရဲ့လွယ်အိတ် လည်း ကြိုက်တယ်။ လူငယ်ဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့။

စလုပ်တော့ ဂျူလိုင် ၃ ရက် ... မြန်မာပြည်ကို လွမ်းတာလေးတွေ ရေးမယ်ဆိုပြီး love2myanmar လို့ပေးလိုက်တယ်။ ဘာရေးရမယ်လည်းမသိ။ ရသကဗျာတွေလည်း မရေးတတ်။ ဖြစ်တာပျက်တာလေးတွေ ရေးမယ်ဆိုတော့လည်း ဘဝက ထူးထူးခြားခြားရယ်မရှိ။ ဒီတော့ ကိုယ်ဖတ်ထားတာလေးတွေ ရေးမယ်ပေါ့။ အားရင် လှဖို့ပဖို့ ကို ရှာဖတ်တတ်တယ်။ ရေးတာ သုံးပုဒ်လောက်လည်းရောက်ရော၊ သတိထားမိလာတယ်။ နေပါဦးလို့ ကိုယ်ရေးတာ love2myanmar နဲ့လည်းလားလားမှ မဆိုင်ပါလားလို့။ ဒါနဲ့ thanakhargirl လို့ ပြောင်းလိုက်တယ်။ စဉ်းစားကြည့်တော့ English တဝက် မြန်မာ တဝက်... ဟက်ကော့ကြီး။ နောက်ဆုံးတော့ "သနပ်ခါးမေ" ဆိုပြီး အတည်ဖြစ်သွားတာ အခုထိပါပဲ။

စိတ်ထဲရှိရာကို ရေးချင်သလိုရေးတတ်တဲ့ မမကွန် ကိုတွေ့တဲ့နေ့က ကျွန်မ ဘလော့လေးရဲ့ တစ်ဆစ်ချိုးပါပဲ။ မမကွန် စီဘောက်စ် မှာ မောင်နှမတွေ အရမ်းကို ရင်းရင်းနှီးနှီးပြောကြတာ။ မမပေါက်၊ မမပွင့်၊ မ rita ၊ မ နည၊ n n၊ ကိုခင်၊ CV၊ N/A၊ မောင်ရေခဲ၊ strike ၊ မူးစိ၊ မဗျစ်၊ မSSM၊ မပူးပူး လို မောင်နှမတွေ အများကြီးရတယ်။ အားပေးတယ်။ ဝေဖန်ပေးတယ်။

နောက်ရေးရင်း၊ ဖတ်ရင်း ကြည်ကြည်ရဲ့ ဒိုင်ယာရီ (ကျွန်မ ကြောက်တဲ့ ဗီယက်နမ် : ရီရအောင်လားဟယ်)၊ မိုးချိုသင်း (ပဲထုပ်ကလေး ကွီနီ)၊ my favourite place in little pigeon hole ကို နှစ်သက်သဘောကျမိပြန်ပါတယ်။ ကျွန်မ သိပ်သဘောကျတဲ့ ဘလော့ဂါ အစ်မတွေ (ဥပမာ မမအိုင်အိုရာ၊ မမသက်ဝေ၊ မချော) ကျွန်မဆီလာရင် အရမ်းပျော်တယ်။

အသစ်ခင်မင်ခွင့်ရတဲ့ ဘလော့ဂါ ညီအစ်မတွေ (မညယံ
PVကန်ဒီဘရဏီမိစံMon Petit Avatarမအင်ကြင်းသန့် ) အားလုံးစာရေး ကောင်းကြတာပဲ။ စာရေးမညက်တာက ကိုယ်၊ ပြန်မကြည့်ရင် အမှားဘရပွနဲ့။ (ရှက်စရာ) ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရရင်(မမကွန် ဆီက မောင်နှမတွေ တော့ သိကြပါတယ်) ကျွန်မက မြန်မာလို မရိုက်တတ်ဘူးရှင့်။ Burglish test Engine ကို သုံးတာ အခုချိန်ထိပါပဲ။ ဒါလေးကိုလည်း ကျေးဇူးတင် စာရင်းထဲထည့်ရမယ်။

သနပ်ခါးမေ ဘလော့လေးကို ဘလော့စာမျက်နှာ မှာ တစ်နေရာစာ ဝေမျှပေးတဲ့ သူငယ်ချင်းတွေ၊ စေတနာနဲ့ပြုပြင် အကြံပေးပေးတဲ့ ဘလော့ဂါညီအစ်မတွေနဲ့၊ နှုတ်ဆက်စကားလေးထားလို့ဖြစ်စေ၊ တိတ်တိတ်လေးဖြစ်စေ လာရောက်ဖတ်ရှုသွားတဲ့ စာဖတ်သူတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့။



(၂၀၁၁ ဩဂုတ် ၃၀တွင် ကျရောက်မည့် ဘလော့ Day အမှတ်တရ)



You Might Also Like

15 comments

  1. ညယံ၊PV၊ကန်ဒီ၊ဘရဏီ၊မိစံ...ဟိဟိ
    ကာရံညီတယ်နော်..
    မိစံဆိုပြီးတိတ်တိတ်လေးလာအားပေးကာမှ
    လင့်ခ်ဘယ်လိုရသွားတယ်မသိ။:P
    အလှအပနဲ့ပက်သက်လို့မိတ်ဆွေအသစ်တစ်ယောက်တိုး
    တဲ့အတွက်အတိုင်းမသိဝမ်းသာမိကြောင်းပါရှင်။
    သနပ်ခါးမေဆိုတဲ့နာမည်လေးနဲ့လည်းလိုက်ဖက်ပါတယ်။
    ခင်မင်လျှက်....
    မိစံ

    ReplyDelete
  2. ဂလိုပဲ မချောရဲ့ စီဘောက်စ် ကို မြေလှန်ရှာလိုက်တာ။ :P

    ReplyDelete
  3. မြတ်ကြည်..
    ဘလော့ဂ်မှာ ပျော်ရွှင်နိုင်ပါစေ..။

    ပေါက်

    ReplyDelete
  4. ညီမရေ လာလည်တယ်နော်။ အသစ်တင်တိုင်းဖတ်ဖြစ်တယ်။ ကွန်မန့်သာသေချာမရေးနိုင်တာ။ အစ်မကအဲလို အလှအပနဲ့ ပတ်သက်တာလေးတွေလည်း အရမ်းစိတ်ဝင်စားတယ် :-)

    ReplyDelete
  5. ဟုတ် အစ်မ၊ ညီမလည်း အစ်မ post အသစ်တင်တိုင်း ဖတ်ဖြစ်တယ်။ မုန့်ဖုတ်ဖို့က oven မရှိသေးလို့ မလုပ်ဖြစ်သေးဘူး။ တချို့ဟင်းတွေ လုပ်ကြည့်တာ အရမ်းကောင်းတယ် အစ်မ။

    ReplyDelete
  6. သနပ်ခါးမေးဆိုတဲ့ ချစ်စရာနာမည်လေးနဲ့ဆိုတော့ စိတ်ဝင်စားသွားမိတယ်လေ
    ရေးတဲ့ ပိုစ့်ကလည်း အလှအပအကြောင်းနဲ့ သက်ဆိုင်တာလေးတွေဆိုတော့လည်း မဖတ်ချင်ဘဲ ဘယ်နေမတုန်းနော်.
    မချောတို့လည်း အလှကြိုက်ပေတာကိုး
    ရှေ့ဆက်ပြီး စာကောင်းလေးတွေ အများကြီးရေးနိုင်ပါစေညီမလေးရေ..

    ReplyDelete
  7. ကိုယ်ကတော့မလှတော့အလှပိုကြိုက်တယ်မြတ်ကြည်ရေ။ ဒါပေမဲ့ကိုယ့်ဘေးမှာ အလုပ်ကို ရူးမလောက်လုပ်ကြတဲ့ scientists တွေချည့်ဘဲ ။ နှုတ်ခမ်းနီလည်းမဆိုးကြ၊ အင်္ကျီလှလှလည်းမ၀တ်ကြ၊ ဂျင်းပင်နဲ့ အနွေးထည်တွေနဲ့ မျက်နှာပြောင်တွေနဲ့ ချည့်ကြားမှာ ကိုယ်လည်း ရောယောင်ပြီး အဲလို ပုံဖြစ်နေပြီ။ အမြဲအားပေးနေမှာပါ။ မမန့် ဖြစ်လည်း လွတ်တာတော့မရှိပါဘူး။ ရောက်တာနဲ့ စုဖတ်သွားတာဘဲ လွတ်သွားတာရှိရင်။

    ReplyDelete
  8. ပထမဆုံးအကြိမ်ရောက်လာတာညီမလေးရေ... အဟောင်းလေးတွေပြန်ဖတ်သွားတယ်... ဖတ်စရာတွေအများကြီးဘဲ... ကျန်းမာရေးနဲ့အလှအပအတွက်ဗဟုသုတရစရာတွေအများကြီးဘဲ...

    ReplyDelete
  9. အစ်မ rose of sharon၊ နာမည်ကြားဖူးတာကြာပြီ။ တကူးတက လာလည်လို့ကျေးဇူးပါနော်။

    မမ အိုင်အိုရာ ကို ပုံမှန် လာဖတ်ပေးလို့ တခါတလေ ကိုယ့်အရေးအသားမကောင်းတဲ့အခါ အားနာမိတယ်။ လိုတာလေးတွေရှိရင် ထောက်ပြပေးပါဦးနော်။

    မချော၊ အားပေးစကားအတွက် ကျေးဇူးပါနော်။ ညီမ အလှအပရေးရာ စိတ်ဝင်စားစရာလေးတွေကို ကြိုးစားတင်ဆက်ပေးသွားပါမယ်။

    :)

    ReplyDelete
  10. ဖတ်လို့ကောင်းကောင်းနဲ့ဖတ်သွားပါတယ်
    ချမ်းမြေ့ပါစေ
    ဒီထက်ပိုပြီးစာတွေရေးနိုင်ပါစေရှင်။

    ReplyDelete
  11. ဟုတ်ကဲ့။ ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်။ :)

    ReplyDelete
  12. ပျိုမေတွေအတွက်ရေးတဲ့အတွက် သိပ်များများတော့မဖတ်ဖြစ်ဘူး။ ဒီပို့စ်ကိုတော့ဖတ်သွားတယ်။ cboxer အချင်းချင်း ခင်ကြတာ လည်း ချစ်ခင်စရာ ယဉ်ကျေးမှုတစ်ခုပါပဲ။ စိတ်ချမ်းသာပြီး စာများများရေးနိုင်ပါစေ။

    Musiz

    ReplyDelete
  13. လာဖတ်သွားပါတယ်

    qq

    ReplyDelete
  14. ကိုမူးစိပေးတဲ့ဆုနဲ့ပြည့်ရပါစေ။ ကိုမူးစိ အိမ်သူကို အကြံပေးရအောင် ဖတ်လို့ရပါတယ်ရှင်။ (မဲဆွယ်နေသည်: မဲရုံကို မဲရုံကို)

    QQ ကို ထည့်ဖို့ မတွေ့တာကြာတော့ မေ့သွားတယ်။

    ReplyDelete