ဒေါက် မချော်စေဖို့

By 12:22 AM


ခန်းမတခုလုံး တိတ်ဆိတ်နေသည်။ " ဒေါက်.. ဒေါက်.. ဒေါက်.." တလှမ်းချင်းလျှောက်လာသော သူမကို လူအများက သမင်လည်ပြန် ငေးနေကြသည်။ စိတ်ထဲမှာ မိမိကိုယ်ကို ကျေနပ်နေခိုက်...
"ဂျလွတ် "
"ဟဲ့ဟဲ့ .. အို"
 ရုတ်တရက် ဒေါက်ချော်သွားသောသူမ  ချော်မကျအောင် မနည်း ဆယ်လိုက်ရသည်။ ခုနကြည့်နေသော လူများပြုံးစိစိဖြစ်သွားကြသည်။ သည်ထက် ပိုဆိုးသည်က လူအုပ်ထဲမှာ သူမ တိတ်တခိုးစိတ်ဝင်စားမိနေသည့် ကောင်လေး ...

~~~

ဒီလိုဖြစ်ဖူးတာ ကျွန်မ တစ်ယောက်တည်း တော့ မဟုတ်လောက်ဘူး ထင်ပါရဲ့နော်။ ခြေထောက်နောက် ဒေါက်မလိုက်တဲ့အခါ လမ်းလျှောက်ရင်"ဟတ်ကလပ် ဟတ်ကလပ်"နဲ့။ (ကျွန်မကြားတဲ့အသံ)

အရင်လ 22nd October က အာဆီယံနိုင်ငံတွေအတွက် လုပ်ပေးတဲ့ပွဲ သွားခဲ့ပါတယ်။  မြန်မာလို ဝတ်ရတာဆိုတော့ ဒေါက်လေးနဲ့မှကြည့်ကောင်းတာ။ သွားရမယ့်ခရီးကလည်းဝေး၊ စင်ပေါ်ရောက်မှ ဒေါက်ချော်ရင် အရှက်ကွဲရချေသေးရဲ့ တွေးမိတယ်။ မသွားခင်လေး အင်တာနက်ထဲ က  ခြေဖဝါး ဖိနပ်ပေါ်မှာ နေရာတကျဖြစ်စေတဲ့ နည်းကောင်းလေးသွားတွေ့ပါတယ်။

ဖနောင့်ကို Hair Spray နဲ့ ဖြန်း၊ ၂မိနစ်လောက်စောင့် (အရမ်းကြာရင် ခြောက်ပြီးမကပ်တော့ပါ) ပြီးရင် စီးလိုက်ရုံပဲ။

တွေ့ရှိချက်

အဆင်ပြေတယ်ရှင့်။။ စိတ်ချလက်ချသွားလို့ရတော့ စိတ်ချမ်းသာ။ :)

အခုတလောမှာ အားလပ်ချိန်သိပ်မရှိလို့စာအတိုလေးတွေပဲ ရေးနေပါဦးမယ်နော်။ သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ဖြစ်ပါစေရှင်။





You Might Also Like

10 comments

  1. မိစံက..ဒေါက်..ဆို
    ခါ..မှ..စီးဖူးး))
    မြတ်ကြည်က..အရပ်ရှည်ကကြားထဲ
    ဘာလို့ဒေါက်ကြီးစီးတာတုန်းတော်းP

    ReplyDelete
  2. ဖိနပ်ပါးနဲ့သွား. ဟိုရောက်မှ အမြင့်ကိုကောက်စီးလို့ရဝူးလားဟင်.ဒေါက်နဲ့. နေတတ်ဝူး။

    ReplyDelete
  3. ဒီအရပ်နဲ့ ဒေါက်စီးအုံးမယ် အမလေး မျက်ကျိရယ်

    ReplyDelete
  4. မမကွန်၊ မမရဲ့ ပထမဆုံး ကွန်မန့်ရသွားပြီ။ ရေးးးးး
    ကိုယ်နေတာကတစ်မြို့၊ပွဲရှိတာက တစ်မြို့ အထုတ်တွေ တနင့်တပိုးနဲ့ သွားရမှာမသက်သာလို့။

    မဗျစ်နဲ့မိစံရေ...
    အရပ်ကရှည်ပေမယ့် ဒေါက်စီးရင် ပို စမတ်ကျတယ်လို့မြင်တယ်လေ။ အဟစ် :)

    ReplyDelete
  5. အစ်မလည်း အရပ်က ၅ပေ၆
    ဒါပေမဲ့ ဒေါက်ဖိနပ်ကြိုက်တယ်.
    ကြိုက်ပေမဲ့ ၃လက်မထက် ပိုမြင့်တာတွေတော့ကြိုက်ဘူး
    ၂လက်မခွဲ ၃လက်မဆို အတော်ဘဲ.. ဖိနပ်မချော်စေတဲ့ နည်းလမ်းအတွက်ကျေးဇူး..

    ReplyDelete
  6. ဒေါက်တော့အကြိုက်ဝူး...
    ဒါပေမယ့် ကိုယ်ကအရပ်ပုတော့ တခါတလေစီးရတယ် စီးတိုင်းလဲခြေချော်လို့~~~~~း(
    နည်းလေးသိခွင့်ရတဲ့အတွက်ကျေးဇူး

    ReplyDelete
  7. ကျေးဇူးပဲ မြတ်ကြည်
    ကိုယ်က ဒေါက်စီးရတာ ကြိုက်တယ်
    အထက်စီးကကြည့်လို့ရတယ်
    ဒေါက် ဒေါက် ဒေါက် ခွာသံလေးနဲ့
    အလုပ်ရှုပ်ချင်ယောင် ဆောင်ရတာကို
    အကြိုက်ဆုံးပဲ :)

    ReplyDelete
  8. ညီမ ။ ကျနော့်ဘလော့ကို လင့်ချိတ်ပေးတဲ့ အတွက်ကျေးဇူး။ ကျနော့် ဘလော့ ဆက်တင်ကို ဝင်ကြည့်တာတော့ ဘာမှမဖြစ်သလိုပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် လင့်ချိတ်ပေးတာကိုကျေးဇူးတင်ပါတယ်။ အလုပ်ရူပ်နေလို့ ဘလော့ဘက်မလှည့်နိုင်ဘူးဖြစ်ပြီး အကြောင်းပြန်တာနောက်ကျသွားတယ် ။

    ReplyDelete
  9. ဒါကြောင့်ဖြစ်မယ်.. တချို့မိန်းကလေးတွေ ဒေါက်စီးရင် ကြည့်လို့ကို အဆင်မပြေဘူး..ဟိ...။ (ရိုက်ပေါက်တော့ပြောပြီ..)
    လည်လည်လာပါတယ် အမရေ.. ခုမှ ပထမဆုံး လာလည်ခြင်းပါ..။ မမိုးပန်းချီဆီကနေ သိလို့ လာလည်တာပါ။ နောက်လည်း လာမယ်ဗျ။

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  10. ဟုတ်တယ် အစ်မချော အရမ်းမြင့်တဲ့ ဒေါက်ကျတော့ စီးရတာ အဆင်မပြေလှဘူး။

    မ Camomilla ၊ နောက်အားရင်လာလည်ပါဦး။ :)

    အစ်မကျူတီကတော့ ထူးထူးခြားခြားနော်။ :P

    Imaginary clouds .. ညီမ အစ်ကိုရေးထားတာနဲ့ ဆွဲထားတာတွေ သဘောကျတယ်။ ဒါပေမယ့် update က မတတ်ဘူးဖြစ်နေတယ်။ အသစ်တင်သလားတော့ အမြဲဝင်ကြည့်ဖြစ်ပါတယ်။

    ဂျွန်မိုးရေ၊ အားတော့နာသား၊ မိန်းကလေးတွေအကြောင်းပဲရေးဖြစ်တာဆိုတော့ ယောက်ျားလေးတွေ အတွက်ဖတ်စရာ သိပ်မရှိလှဘူး။ ချစ်ချစ်အတွက်သိချင်ရင်တော့ လာရှာနော်။

    ReplyDelete