Pepero day အမှတ်တရ

By 11:21 PM


စာဖတ်သူ သူငယ်ချင်းယောင်းမတို့ရေ၊

ဒီနေ့ ၁၁ရက် ၁၁ လ ဟာ ကိုရီးယားတွေရဲ့ ပယ်ပယ်လိုဒေး (빼빼로 Day) ပါတဲ့။ (ကိုယ်လည်း ပယ်ပယ်လိုနေ့ရှိမှန်း  သိတာမကြာသေးပါဘူး :D)



 ပယ်ပယ်လို ဒေး ဆိုတာ   ကိုရီးယား ချစ်သူစုံတွဲတွေ အတွက်တော့ ဗယ်လင်တိုင်းဒေးလို ထူးခြားနေ့လေး တစ်ရက်ပေါ့။ အဲဒီနေ့မှာ ကောင်မလေးတွေကို ချစ်သူကောင်လေးတွေက ပယ်ပယ်လိုချောင်း ( ချောကလက်အုပ် ဘီစကစ်ချောင်းလေးတွေ ) လက်ဆောင်ပေးတတ်ကြပါတယ်။ သွယ်လျတဲ့ ခန္ဒာကိုယ်ကို ထိန်းသိမ်းနိုင်ပါစေ ဆိုတဲ့အဓိပ္ပါယ်နဲ့ ပေးကြတယ်လို့ ဆိုကြပါတယ်။ ဘာကြီးလဲနော် ???

တချို့ကျ ကံကောင်းအောင် ၁၁ရက် ၁၁ လ ၁၁နာရီ ၁၁ မိနစ် မှာ ၁၁ချောင်းစားရတယ် ပြောကြတာပဲ။ ( (၁၁) မီးလည်း ငြိမ်းစေသတည်းပေါ့) တရုတ်နိုင်ငံမှာကျတော့ တစ်မျိုးရှင့်။ ပယ်ပယ်လိုနေ့မှာ အထီးကျန်နေတဲ့ လူပျိုကြီး အပျိုကြီးတွေကို အထီးကျန်ခြင်းမှ မြန်မြန် ကင်းဝေးအောင် လက်ဆောင် ပေးကြသတဲ့။ အပျိုကြီး မိစံ ... ဒီကနေ ကျွေးလိုက်ပြီနော်။

 အခု ဆိုင်တွေတိုင်းမှာ ပယ်ပယ်လိုတွေကို promotion ခင်းနေကြပါပြီ။ ဖေ့စ်ဘွတ်မှာလည်း ညီမလေးတွေက ပယ်ပယ်လိုတွေကို (ဓာတ်ပုံနဲ့) ကျွေးနေကြတော့ ကျွန်မလည်း ခေတ်မှီ အောင်ဆိုပြီး ပယ်ပယ်လို နှစ်ထုပ်  ပြေးဝယ်လိုက်တယ်။ ပယ်ပယ်လိုနေ့ဆိုတော့၊ ဈေးကြီးမယ်ထင်တာ၊ မကြီးဘူးပဲ။ တစ်ထုပ်မှ ကိုးရာဝမ် တည်း။ ကျွေးမယ့်သူက ဟိုးအဝေးမှာဆိုတော့၊ ကိုယ့်ဘာသာကိုယ် ဝယ်စားမှရမှာလေ။ (ဘဝက အဲလို)

ပယ်ပယ်လို နှစ်ထုပ်

အတွဲလေးတွေက ပယ်ပယ်လိုအထုပ်လေးတွေ လက်မှာကိုင်လို့။ ကျွန်မကတော့ အဆောင်အောက်မှာ ဖြတ်သွားဖြတ်လာ အတွဲတွေကိုထိုင်ငေး၊  တကျွတ်ကျွတ် ထိုင်ဝါးနေလိုက်တာ၊ တစ်ထုပ်မှာ ဘယ်နှစ်ခုပါလည်းတောင် သတိမထားမိလိုက်ဘူး။

စာဖတ်သူရော၊ ဒီနေ့ ပယ်ပယ်လို ဝယ်စားပြီးပြီလား?
၁၁ရက်၊ ၁၁လ၊ ၂၀၁၁ မှာကျရောက်တဲ့ ပယ်ပယ်လိုနေ့မှာ ကံကောင်းခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေရှင်။


Note:
ပယ်ပယ်လိုနေ့ အကြောင်း ကို မမကျူတီ  ပယ်ပယ်လိုပို့စ် မှာ အစုံအလင် ဖတ်ရှုနိုင်ပါတယ်ရှင်။

You Might Also Like

9 comments

  1. မြတ်ကြည်ရေ အားငယ်နဲ့.... ချစ်ချစ်နဲ့အခု ခဏခွဲ
    နေရတာ နောက်ဆို တူတူတဘ၀လုံးနေရတော့မှာ သိပ်မကြာတော့ဘူး ။။။။။။ အခု ပူးပူးဝယ်ကျွေးမယ်
    ဟပ် ချ လောင်း ... ရောက်လာပီလား .. အားရပါးရတာ စားပစ်လိုက်နော်...
    :)

    ReplyDelete
  2.့ ပုံထဲကဘဲစားသွားတော့မယ်နော်။
    အိုင်အိုရာ

    ReplyDelete
  3. ဟော့တော်..မီးကိုမြတ်ကြည်က
    အပျိုကြီးတဲ့..အဟင့်.. ဗြဲ..(အဲဒါ.ငိုတာ)
    (ဖြစ်ပါဝူးလေ..မရှိရှိတာ.ထုတ်ကြွားအုံးမှး)
    အဲလိုသာ..စွံသွားရိုးမှန်ရင်.
    ကျွေးစမ်းဘာကွယ်..
    ထမင်းလွတ်ကိုစားပလိုက်ဦးမှား)
    ဒီမှာတော့.ပယ်ပယ်လို.ဆိုတာဘာမှန်းမသိလို့
    ဘိန်းမုန့်ပဲ.၀ယ်စားလိုက်တယ်းP

    ပျော်စရာနေ့လေးဖြစ်ပါစေကွယ်

    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  4. ညီမလေး လက်သည်းပုံဖော်တဲ့ပိုစ့်အတွက်ကျေးဇူးနော်.. တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှစိတ်မ၀င်စားခဲ့ဖူးဘူး..
    အခုမှပထမဆုံးအကြိမ်လုပ်ကြည့်တာ.. ဒီမှာ
    http://www.facebook.com/photo.php?fbid=308379025840267&set=a.302130089798494.84754.100000045168681&type=1&theater

    ReplyDelete
  5. လက်ဆောင် ၀ယ်ပေးပါ။ :P

    ReplyDelete
  6. နောက်ကျသွားပြီ ညီမလေးရယ်
    စောစောကမှ မသိတာ
    ခုတော့ ၁၂ရက်ဖြစ်သွားပြီ
    စောစောကသိရင် ပယ်ပယ်လိုနဲ့ တူတဲ့ ဝက်အူချောင်းလေး ကြော်စားလိုက်ပါတယ်..
    ဒီမှာမှ ပယ်ပယ်လို ဆိုတာ မရှိဘဲကိုး..
    တူတာလေး ကြော်စားမှာပေါ့နော်.. :P

    ReplyDelete
  7. အပေါ်က မိစံက ထမင်းလွတ်စားမယ်ဆိုလို့  ရယ်လိုက်တာ ရေတောင်သီးသွားတယ်
    ကိုယ့်ဘာကိုယ်ဝယ်စားရလည်း အားမငယ်ပါနဲ့ မျက်ကျိရယ် နောက်တွေ့ တော့သူ့ ဆီက အဲပိုက်ဆံဖိုးပြန်တောင်းလိုက်ပေါ့ သူကျွေးတာဖြစ်ရော ဟိ။

    ReplyDelete
  8. ပယ်ပယ်လိုလေး စားဖူးချင်လိုက်တာဗျာ။
    ဂလိုမှန်းသိ မနေ့က ဒီက ချောကလက်အချောင်းတွေဝယ်ပြီး စိတ်ကူးယဉ်စားပါတယ်...ဟိ

    ခင်လျက်
    ဂျွန်မိုး

    ReplyDelete
  9. မမပူးရေ၊ အားပေးလို့အထူးပဲကျေးဇူး။ အဲဒီနေ့က ချစ်ချစ်က စိတ်ကောက်ချင်ယောင်ဆောင်တော့၊ ဒီကလည်း တော်တော် စိတ်ညစ်နေခဲ့တာ။ အခုတော့ အိုကေသွားပါပြီ။

    အပြင်မှာလည်း ဝယ်ကျွေးပါမယ် မမ။

    နိုပါနဲ့ မိစံရယ်။ အပျိုကြီးတွေဆိုတာ၊ အသက်ကြီးလေ တန်ဖိုးတက်လေပဲ။ :D

    အစ်မကူးရေ၊ ဓာတ်ပုံလေးသွားကြည့်ဖြစ်တယ်။ အရမ်းချစ်ဖို့ကောင်းတယ်။

    ကိုမောင်သန့်၊ ကွကို ဝယ်စား။ ဝယ်ကျွေးရင် ချစ်ချစ်က စိတ်ကောက်နေမယ်။ :P

    အင်းမ်...နော်။ မမချော နည်းနည်းလေးနောက်ကျသွားတယ်။

    မန္တလေးမှာ ရလောက်တယ်။ ဘာမှမဟုတ်ဘူး။ မုန့်လက်ညှိုးချောင်းလေးတွေ ချော့ကလက် စိမ်ထားတာလေ။
    ဟုတ်တယ်။ မဗျစ်ပြောတာမှန်တယ်။ ပိုက်ပိုက်ပြန်တောင်းရမယ်။

    ReplyDelete