Choco Dream: Nail Art

By 9:30 AM

ပုံကိုကြည့်တာ ခက်မယ်ထင်ပြီး နောက်ပြန်မလှည့်ကြပါနဲ့နော်။ အရင်tutorial လေးတွေလို လွယ်လွယ်လေး ပါပဲ။ လှလည်းလှတယ်။ သူငယ်ချင်းတစ်ယောက် facebook မှာတင်ထားတာ သဘောကျလို့ လိုက်လုပ်ထားတာပါ။ 


လိုအပ်တာလေးတွေက - 
လက်သည်းဆိုးဆေး အဖြူရောင် နဲ့ အရောင်ရင့်ရင့် တစ်မျိုးမျိုး 
ထုံးစံအတိုင်း သွားကြားထိုးတံ
 ဒီမှာတစ်ခုတိုးတာက ဆံညှပ်ကလစ် အမည်း (bobby pin) 
(ကျွန်မဆီမှာ မရှိလို့ ဘီးချွန်ရဲ့ ထိပ်နဲ့ပဲ သုံးလိုက်ပါတယ်)


အရင်ဆုံး အညိုရင့်ရောင်ကို ဆိုးပြီး ခြောက်အောင် စောင့်လိုက်ပါတယ်။


အဖြူရောင်ကို ဘီးချွန် ရဲ့ထိပ် နဲ့ အစက်လေးစက်ချပါ။



သွားကြားထိုးတံကိုယူပြီး အစက်လေးစက်ရဲ့ တစ်ဖက်တစ်ချက်မှာ အခုလို အစက်လေးနှစ်စက်စီ လိုက်ချပါတယ်။


ပြီးရင် ခုနသွားကြားထိုးတံနဲ့ပဲ အဖြူစက်လေးစက်ရဲ့ အတွင်းထောင့်မှာ အညိုရောင် အစက်လေး တစ်ခုစီ လိုက်ချပေးပါ။


  ပန်းပွင့်လှလှလေးတွေရပြီ။


ဒီထက်နည်းနည်း ကွန့်ချင်ရင် သွားကြားထိုးတံနဲ့ပဲ အလယ်မှာ အဖြူရောင် ဝတ်ဆံလေး တွေ လိုက်ထည့်နိုင်ပါတယ်။


ဒီလိုလေးပါ။ :) ကြိုက်တယ်ဟုတ်?


  ဒါနဲ့  အစ်မဘေဘီရဲ့ ဒီတစ်ပတ် tutorial လေးတော်တော် သဘောကျမိပါတယ်။ အစိမ်းရောင်ဝယ်ပြီးသွားရင် လုပ်ကြည့်မလားလို့။ ကျွန်မဆီမှာ အရောင် နည်းနည်းလေးပဲရှိတာ၊ ဖြည်းဖြည်း ချင်းတော့ ဝယ်စုနေပါတယ်။ ဒါမှ tutoiral ကောင်းကောင်းလေးတွေ လုပ်ပြလို့ရမှာမဟုတ်လား?

အဆင်မပြေတာများရှိရင်လည်း ပြန်ပြောနိုင်ပါတယ်နော်။

You Might Also Like

10 comments

  1. တော်တော်ကို လှတယ်း)

    ReplyDelete
  2. Beautiful!!!
    I will try this tutorial.
    mwah,mwah
    Gyidaw

    ReplyDelete
  3. လှတယ် လှတယ်။
    ခုတောင်စမ်းချင်လာပြီ။ အားသေးဘူး သန့် က်စ်ဂင်းဗင်း သူငယ်ချင်းနဲ့ နွှဲကြမလို့ ကြက်ဆင်ကင်ရအုန်းမယ်။ ညာဘက်ကိုလုပ်ရင်လက်ကတုံတုံတုံတုံနဲ့ သိပ်ရီရတာဘဲ။ မြတ်ကြည်နဲ့ ဘေဘီ့နားမှာဆို ကိုယ်ကအစမ်းသပ်ခံဘို့ အော်ဖာအမြဲလုပ်မယ်နော်။း)
    အိုင်အိုရာ

    ReplyDelete
  4. အို..လှမှလှ..။ လက်သည်းမဆိုးတတ်ပေမယ့် သူများလက်သည်းမှာ အဲသလိုလှလှပပ ဆေးဆိုးထားတာကို ကြည့်ရတာသဘောကျမှကျး))

    ညလေးမြတ်ကြည် လှသည်ထက်လှနိုင်ပါစေကြောင်းး)

    ReplyDelete
  5. လှတယ်...သဘောကျတယ် လုပ်ကြည့်မယ်....:)

    မြတ်ကြည်ရေ....ဒီဆိုဒ်လေးမှာစာတွေ အမြဲလာဖတ်ဖြစ်ပါတယ်။ ကွန်မန့်မချန်ဖြစ်ခဲ့တာပါ။ အလှအပနဲ့ပတ်သက်လို့စိတ်ဝင်စားတတ်သူမို့ ခဏခဏရောက်ဖြစ်ပါတယ်။ :))

    ခင်မင်စွာနဲ့
    ဂျင်း

    ReplyDelete
  6. ဆိုင်တွေမှာတော့ စုတ်တံလေးတွေနဲ့ လုပ်တာ တွေ့ဘူးတယ်။ အခုလိုကျပြန်တော့ ဆိုင်တောင်သွားစရာမလိုတော့ဘူးနော်။ အိမ်မှာ စိတ်ကြိုက်လုပ်ယုံပဲ..။ မျှဝေတာကျေးဇူးပါညီမရေ..။

    ReplyDelete
  7. မြတ်ကြည်တို့ကတော့ ပိုင်ပ.. လှတယ်.. မသိရင်ခက်တယ်ထင်ရတယ်.. ပြောပြလိုက်တော့လည်း လွယ်လွယ်လေး :D

    ReplyDelete
  8. အစ်မဘေဘီကို မမီသေးဘူး။ ညီမကလက်မငြိမ်တာအစ်မ။ မြင်တဲ့အတိုင်း

    မကြီးနဲ့ မမအိုင်အိုရာ လုပ်ပြီးသွားရင် ပြကြပါ .. :)

    အစ်မ ပန်းချီပေးတဲ့ဆုနဲ့ပြည့်ပါစေ။

    မမအင်ကြင်း၊ လာဖတ်လို့ကျေးဇူးနော။ အစ်မဆိုက်ကလည်း တော်တော်လာကြတယ်။

    အစ်မမြသွေးနီ ညီမဘလော့ကိုဖတ်ရင်းဖတ်ရင်း အလှပြင်ချင်လာအောင် စည်းရုံးရမယ်။ :P

    ဟုတ်တယ် ကန်ဒီ။ ကင်မရာအသစ်လေးအဆင်ပြေလား?

    ReplyDelete
  9. ဖတ်ပြီးသားပို့စ်လေး.လက်သည်းပြင်တာဆိုအကုန်ကြိုက်တယ်။မြတ်ကြည်ခဏခဏတင်ပေးနော်။
    တခါတလေကိုယ့်ဘာသာကိုယ်စမ်းဆိုးကြည့်ပြီးရင်ပြရမှာ ရှက်တာနဲ့..လက်သဲလှအောင်ထားအုန်းမှပါ :D

    ReplyDelete
    Replies
    1. :D I'll make sure that the next post would be nail art :)

      Delete