အပူမသုံးပဲ ဆံပင်ကောက်ကြမလား? (Bantu knots)

By 7:05 PM

ဒီတစ်ခေါက်တော့ အပူမသုံး၊ ဆေးမသုံး၊ ဆံသားလည်း မပျက်စီးတဲ့ ဆံပင်ကောက်နည်းလေး ပေးချင်ပါတယ်။ လွယ်လွယ်လေးမို့ အပျင်းပြေ စမ်းကြည့်လို့ရပါတယ်။ 


တို့ရဲ့ ကမ္ဘာ ပေါ်မှာ ဂြိုဟ်သားတွေ :P
လိုအပ်တာက -

 ခေါင်းလျှော်ပြီး မခြောက်တခြောက် ဆံသား၊ 
သားရေကွင်း ၆ ကွင်း / ၈ ကွင်း 

စကြရအောင်နော် -

ဆံပင်စ အနေတော်ကို အခုလို ယူပြီး လိမ်ပါတယ်။



လိမ်ရင်းနဲ့ ဆံသားက ကျစ်သွားတဲ့အခါ အခုလို အခွေလေးတွေ ဖြစ်လာပါတယ်။



ဆံပင်စ ကုန်တဲ့အထိ လိမ်သွားပြီးရင်၊ အထုံးမပြေစေဖို့ သားရေကွင်း အုပ်ပြီး နှစ်ပတ် ပတ်ပါတယ်။



 ကောက်သား အသေးလိုချင်ရင် ဆံပင်နည်းနည်းကို အပိုင်းများများခွဲပြီး ထုံးပေးရမှာပါ။ အလိပ်ကြီးကြီးဆိုရင်တော့ ဆံပင်များများ အထုံးနည်းနည်းပေါ့။


ဆံပင် အပြီး ခြောက်တဲ့အထိ စောင့်ပြီး ဖြည်ပါ။ 
အချိန်မရှိရင် Hair Dryer နဲ့ မှုတ်လို့ရပါတယ်။
( ဖြည်ရင် ကောက်သားမပြေအောင် သားရေကွင်းကို ဆွဲမဖြုတ်ပဲ၊ ထုံးတုန်းကလို လက်လျှိုပြီး ဖြည်ဖို့လိုပါမယ်။ )

ဖြည်ဖြည်ပြီးချင်းဆိုရင်တော့ သိပ်မလှဘူး။ 
အကောက်တွေကို အစု လိုက်မဖြစ်စေဖို့ haircoat နည်းနည်း ဆွတ်ပြီး ဆံပင်အလယ်လောက်ကစပြီး လက်နဲ့လိုက် ထိုးဖွပါ။ ဘီးနဲ့မဖြီးနဲ့နော်။



Judson Tun နဲ့ တူသလိုလို :P


အကောက်ပြေ သွားတဲ့အခါ ...

အဲ .. မကောင်းတဲ့အချက်တွေကတော့ -
 ကြာကြာမခံတာရယ်၊ ဇက်ကြောတက်တာရယ်ပါ။ စက်နဲ့ကောက်သလောက် မလှပါဘူး။
ဒါပေမယ့် စမ်းကြည့်ရ တန်တယ်ထင်တာပဲ။
ကျွန်မဆံပင်က တထွာတမိုက်မို့လို့လည်းပါမယ်ထင်တယ်။ ဆံပင်ရှည်ရင် ပိုလှမယ်နော်။


ဒီနည်းလေးကို http://www.lovemaegan.com မှ ရပါတယ်။ အဲဒီ မှာ ပျိုမေတွေအတွက် အသုံးဝင်မယ့် fashion style၊  hair tutorials လေးတွေနဲ့ DIY တွေ အများကြီးရှိလို့ ဝင်ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့။


အလှတွေပိုနိုင်ကြပါစေရှင်။

You Might Also Like

17 comments

  1. ပြောင်စပ်စပ်မျက်နှာပေးနဲ့ ဖက်ရှင်ဆရာမရဲ့နည်းမို့ ပိုစိတ်ဝင်စားစရာကောင်းတယ်း)) ချစ်ချာလေး..စမ်းကြည့်ဦးမယ်..မြတ်ကြည်ရေ.....သန်းနဲ့ခယုး)

    ReplyDelete
  2. :P Thanks Ma Moe. I love your comment. hik hik :D

    ReplyDelete
  3. ကျောင်းတုန်းက အဆောင်မှာအပျော်လုပ်ကြတာလေ.. စက္ကူကို လက်ဝါးတစ်ဝက်စာလေးတွေဖြတ်..ဆံပင်ကိုရေနဲနဲဆွတ်ပြီး စက္ကူနဲ့ကျစ်ပြီးလုံးထားတာ... ခဏဘဲ.. ဆံပင်လေး တွေခွေကောက်နေရောဘဲ...
    အခုတော့ ဖော့ချောင်းလေးတွေကို ရေမခြောက်တစ်ခြောက်မှာ သုံးပြီးလိပ်ထားလိုက်တာ... ၂၀ မိနစ်လောက်ဆို သွားပေတော့... ရပီ..ကောက်ခွေခွေလေးတွေ..

    ReplyDelete
  4. http://www.manufacturer.com/upload/product/6573840/DIY+Magic+Sponge+Roller+Bar+Hair+Roller+Curler+Strong_0_detail.jpg

    ReplyDelete
  5. အစ်မကူး ကျေးဇူးနော်။

    ReplyDelete
  6. မြတ်ကြည်ကိုယ်တိုင် tutorial လုပ်လုပ်ပြထားလို့ ပိုသဘောကျကျနေတာသိလား။း)
    လှတယ်။လှတယ်။ ဘေးတစောင်းလေးဖွဖွလေးစီးပြီး ကပိုကယိုလေးလုပ်လိုက်လည်းလှတယ်။
    အိုင်အိုရာ

    ReplyDelete
  7. မြတ်ကြည်ရေ....
    ကျစ်ဆံမြှီးကျစ်တာက ပိုလှတယ် ဆံပင်အဆို မှာ ကျစ်လိုက်ပြီး ခြောက်သွားရင်ဖြေလိုက်ပါ
    ဖြေပြီးရင် ရေလေးနဲနဲထပ်ဆွက်ပေးပြီး
    Mousse နဲ့ နဲနဲဖွပေးလိုက်ရင် အရမ်းဆိုလက်ပြီး
    လှနေေ၇ာပဲ။ ဒါပေမဲ့း( သူလည်း ဆံပင်သား
    ပျက်စီးစေတာပါပဲတဲ့း( ကိုယ်လည်း ဒီနည်း သုံးလာတာ တော်တော်ကြာပြီ ဒါပေမဲ့ ဟိုတလောကမှ ဖတ်ဖြစ်တယ်။ ရေစိုဆံပင်မှာကျစ်ဆံမြီးကျစ်တာကလည်း ဆံပင်သားပျက်စီးစေပါသတဲ့ ဖတ်တဲ့ လင့်ခ်လေးမမှတ်မိတော့ဘူးညလေးရေ

    ReplyDelete
  8. မမအိုင်အိုရာ၊ အားပေးတဲ့သူရှိတော့၊ လုပ်ပြတာ မမြင်ချင်မှအဆုံးဖြစ်ကုန်မယ်။ လက်သည်းဆိုးထားတာလည်း မပြသေးဘူးနော်။

    ဟုတ်တယ်အစ်မ baby ရေစိုတုန်း ဆံပင်ဖြီးတာတောင် ဆံပင် ပိုကျွတ်စေတယ်တဲ့။ ကျစ်ဆံမြီးတော့ကိုယ်တိုင် မလုပ်ဖူးသေးဘူး။ ငယ်ငယ်က သကြန် တခေါင်းလုံးကျစ်ပြီးလို့ ပြန်ဖြည်ရင်တော့ တော်တော် မိုက်သွားတယ်။ ညီမ အစ်မရဲ့ စာမျက်နှာမှာ မန့်ချင်တာမန့်မရဖြစ်နေတယ်။

    ReplyDelete
  9. စိတ်ဝင်စားစရာဘဲ..
    ဘာဘဲဖြစ်ဖြစ် အမြဲတမ်းကောက်ဖို့လည်း မကြိုက်
    အပူပေးတာလည်း မကြိုက်တဲ့သူအတွက်တော့ အလွန်အသုံးဝင်ပါတယ်.
    ဆံပင်ကိုခေါင်းလျှော်ပြီးရင်တောင် dryer မမှုတ်ပါဘူး ဒီတိုင်းခြောက်စေတာပါ.
    မဟုတ်ရင် ဆံပင်တွေ သိပ်ကျွတ်တာဘဲ
    ခုတောင် တော်တော်ကျွတ်တာ

    ReplyDelete
  10. ကလေးမ.. စာမေးပွဲရှိတယ်လည်း ပြောသေးတယ်.. ဒါမျိုးကျလုပ်နိုင်တယ်လား.. ဒီမှာ အမြီးတောင် မကုတ်နိုင်ဘူး.. >.<

    ReplyDelete
  11. မြတ်ကြည်
    မော်ဒယ်.ဘယ်ကငှားတာလဲဟင်း)
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  12. ဟုတ်တယ် အစ်မချော။ ဒီမှာနေရတာ ဆံပင်ပိုလို့ကျွတ်သလိုပဲ။

    ကန်ဒီရေ ဒီဟာက ဒီလိုရှိတယ်။ ဟိုဟာကဟိုလိုရှိတယ်။ အဟိ

    မော်ဒယ်မငှါးနိုင်လို့ ပရိုဂျူဆာ ဇာတ်ညွှန်:နဲ့ မင်းသမီးလည်း ကိုယ်ပဲလုပ်လိုက်တယ်။ :P

    ReplyDelete
  13. အဲ့ဒီနည်းကိုသတိထားမိတယ်ညီမရေ...
    တစ်ခါဆံထုံးဆိုင်မှာ ထုံးဘူးတာ သူတို့က ဆံထုံးဘေးပတ်လည်မှာ ခုနပြောသလို ဆံပင်လေးတွေ စုလိမ်ပြီး ခွေပေးလိုက်တယ်။ ဆံထုံးလည်း ဖြည်ရော.. ခွေထားတဲ့ဆံပင်လေးတွေက တွန့်လိမ်လှိုင်းထကျန်ခဲ့တာ သဘောကျမိတယ်။ ဆံပင်ရှည်ရင် ပိုလှမယ်ထင်တယ်နော်။

    ReplyDelete
  14. ဒို့လဲလှချင်တယ်
    စမ်းကြည့်အုံးမယ်

    ReplyDelete
  15. ဟုတ်တယ် အစ်မမြသွေးနီ။ ဆံပင်ရှည်ရင် ပိုလှမှာ :)
    အစ်မ camomilla စမ်းကြည့်နော်။

    ReplyDelete
  16. မြတ်ကြည်ရေ ပြောဖို့မေ့နေတာ
    ဒီနည်းလေး စမ်းပြီးသွားပြီ မဆိုးပါဘူး အဆင်ပြေတယ်
    ဒါပေမယ့်လေ အမက hair dryer မသုံးဘဲ ဆံပင်ခြောက်တဲ့အထိတနာရီကျော်ကျော်လောက်ထားလိုက်တာ နောက်နေ့လဲကျရော အအေးမိပါလေရေား) ရာသီဥတုကလဲအေးတာပါတာပေါ့
    နောက်လဲထပ်လုပ်အုံးမယ် လှချင်လို့းP

    ReplyDelete
  17. အစ်မရေ၊ စမ်းကြည့်တာအဆင်ပြေတယ်ဆိုလို့ဝမ်းသာတယ်။ ရာသီဥတုက အေးနေပြီဆိုတော့ကျန်းမာရေးလည်း ဂရုစိုက်ပါဦး။ နောက် နည်းသစ်လေးတွေတွေ့ရင်လည်း တင်ပေးပါမယ်။ အအေးမမိတဲ့နည်းပေါ့။
    ;)

    ReplyDelete