ကျွန်မနဲ့ ခရစ်စမတ်စ်များ

By 5:54 PM


ဒီလိုအချိန်၊ တစ်ယောက်တည်း နေရတာ ပထမဆုံးပဲ။ အိမ်ကိုလွမ်းတယ်။ ...

christmas coloring pictures

ပထမဆုံးကြုံဖူးတဲ့ Christmas က ၃နှစ်လောက်ကဖြစ်မယ်ထင်တယ်။ အမေက မြတ်ကြည်ကို ၂နှစ်တည်းက  နားယဉ်အောင်ဆိုပြီး ဆရာမကြီးတစ်ယောက်ကို ခေါ်သင်တာ။ ကြိုးစားချက်က ဆရာမကြီးရောက်တာနဲ့ သူ့ပေါင်ပေါ်မှာ အိပ်တော့တာပဲ။ သူက ဝမ်း တူး သရီး ဖိုး .. ဆိုပြီး .. တန်း .. တောင်မရောက်ဘူး။ အိပ်သွားရော။ ဆရာမကြီးက ခရစ်ယာန်။ ခရစ်စမတ်စ်ရောက်တိုင်း အိမ်လုံးကျွတ်သွားစားကြတာ။ သူတို့ဆီက ဒိုဒိုနဲ့ ငှက်ပျောသီးဆနွန်းမကင်း ကောင်းမှကောင်း။

ပြီးတော့ ခရစ်စမတ်စ် သစ်ပင် အိမ်မှာရှိတယ်။ ခေါက်ပြီးသိမ်းထားရတာ။ အိမ်မှာက အဖွားနဲ့နေတာဆိုတော့ အမေအလုပ်သွားရင် အဖွားနဲ့ပဲကျန်ခဲ့တယ်။ ခရစ်စမတ်စ် မရောက်လည်း  ကြည့်ချင်တယ်၊ ကြည့်ချင်တယ်ဆို အဖွားက သိမ်းထားတဲ့ သေတ္တာကြီးကိုချ၊ ကိုယ်ကအလှဆင်တဲ့ တန်ဆာပလာ၊ ခေါင်းလောင်းတို့၊ candy cane တို့ကိုထုတ်ဆော့၊ ဆော့လို့ဝရင် အဖွားကပြန်သိမ်း၊ အဲလိုဆိုးတာ။

ငယ်ငယ်က ဆွဲခဲ့တဲ့ပုံ အခုထိ အဖွားက သိမ်းထားတုန်းပဲ။ ခရစ်စမတ်စ် tree ရယ်၊ Santa က မိုးပေါ်ကနေ လှည်းကြီးနဲ့ဆင်းလာ။ အောက်မှာက ဝလုံးနှစ်လုံးရယ်၊ တုတ်ချောင်းလက်တိုတိုလေးတွေနဲ့ လူလေးတွေပေါ့။ အဲလူလေးတွေထဲမှာယောက္ခမ ကြီးဆိုပြီးသပ်သပ် ပါတယ်။ :P

ပိစိက ဇီဇာကြောင်တာ တစ်ခုရှိသေးတယ်။ ခရစ်စမတ်စ်နားရောက်ရင် Carol singing တွေလာကြရော။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ့။ အဲဒါလေ၊ Jingle Bells သီချင်းရောက်ရင် ဘယ်လို ရစ်သလဲဆိုတော့၊ သမီး သီချင်းကို ဘာလို့သူများတွေကဆိုနေကြတာလဲ၊ သွားပြီး ရပ်ခိုင်း။ မရဘူး။ ရပ်ခိုင်းပေး ဆိုပြီး ထိုင်အော်နေတော့တာ။ ကန်ထရိုက်လည်းယူထားတာမှ မဟုတ်ပဲနော်၊ ဘယ်လိုသွားပြောလို့ရမလဲ။ ဒီအိမ်ပေါ်သို့ကောင်းချီးမင်္ဂလာရောက်စေသော်.. ဆိုရင်တော့ ရပ်သွားတယ်။ .. hik hik :D

(ကိုယ့်သားသမီး ကိုယ့်လိုပဲ ဆိုးရင်တော့ မတွေးရဲစရာ)

ခရစ်စမတ်စ်ရောက်ရင် အိမ်မှာ မိသားစုတွေစုပြီး အသားကင်စားကြတယ်။ Champagne သောက်ကြတယ်။ ဘာစတိုင်လည်းတော့မသိဘူး။ ရိုးရာဖြစ်နေပြီ။ သူငယ်ချင်းတွေလည်း လာစားကြတာပေါ့။ သူငယ်ချင်းအိမ်မှာလည်း ခရစ်စမတ်စ်လုပ်တယ်။ သူတို့အိမ်မှာလာတဲ့သူတိုင်းကို လက်ဆောင်ဖောက်ပေးတော့၊ နှစ်တိုင်းလိုလိုသွားဖြစ်တယ်။ ပြီးရင် ဖဲရိုက်ကြရော။

 ဒီဇင်ဘာက လတွေထဲမှာ အကောင်းဆုံးပဲ။ ရန်ကုန်ရာသီဥတုက အဲလိုအချိန်ကျမှ နေသာထိုင်သာရှိတာ။ ဒီဇင်ဘာရောက်ရင် ခရီးသွားဖြစ်တယ်။ ငယ်ငယ်တုန်းကတော့ မိသားစုနဲ့၊ ကြီးလာတော့ သူငယ်ချင်းတွေနဲ့။ မှတ်မိသေးတယ်၊ စတော်ဘယ်ရီနဲ့ tequilla shot ချကြတာ။ ထပ်ခိုးပေါ်မှာ ဘီယာရယ် ဂစ်တာရယ်၊ ဂဏန်းခွက်ကြော်ရယ်။

ဒီနှစ်တော့၊ ကိုယ်တစ်ယောက်ထဲပါပဲ၊ တစ်ယောက်တည်းပါပဲ။  မနေ့က ကျောင်းကညီမလေးတွေ ပြန်ကြမှာ လူကြုံရှိတာနဲ့ greeting ကတ်နှစ်ကတ်ဝယ်ပြီး ကော်ဖီဆိုင်လေးမှာ စာထိုင်ရေးရင်းနဲ့ ဝမ်းနည်းလာတယ်။ Hot Choco ခွက် လေးသာ ကိုယ့်ရဲ့အဖော်ပေါ့။ ကိုယ့်ဘေးမှာသူပဲရှိတယ်။



ပိတ်ရက်လည်းမရှိဘူး။ Christmas, Newyear နှစ်ခုလုံးက တနင်္ဂနွေ၊ ဘာနိုင်ငံကြီးလဲ? (ပေါက်ကွဲလာပြီ)

သို့ပေမယ့် သို့ပေမယ့်ပေါ့လေ။ ကိုယ့်အခန်းလေး ဟိုဟာလေးဝယ်၊ ဒီဟာလေးဝယ်နဲ့ အလှဆင်နေတယ်။ Christmas အငွေ့အသက် ရှိ အောင်လို့။


အားလုံး  Happy Holidays ပါရှင်။ ^^





You Might Also Like

14 comments

  1. မြတ်ကြည် အမှတ်တရလေးက ကန်ဒီနဲ့ တော်တော်ဆင်တယ်..
    မြတ်ကြည်က ခရစ်ယာန်လား..
    Merry Christmas နော်... :D

    ReplyDelete
  2. Merry Christmas & Happy New Year ပါ အမရေ...
    အားငယ်နဲ့နော်..နော် လည်းတစ်ယောက်တည်း..:)

    ReplyDelete
  3. ပျော်ရွှင်သော ခရစ္စမတ်လေး ဖြစ်ပါစေ မြတ်ကြည်ရေ
    (ဘီဘီခရင်ဝယ်လိမ်းနေတယ်နော် လှမလှတော့မသိဘူး ဟိဟိ )

    ReplyDelete
  4. Merry Christmas!!!
    Iora

    ReplyDelete
  5. ဟက်ပီး..ခလစ်စမတ်လေးဖြစ်ပါစေရှင်း)

    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  6. You and your mom photo is very beautiful. Thanks for writing it, sis. I enjoy reading and it makes me smile :))

    ReplyDelete
  7. ပျော်ရွှင်ဖွယ်ခရစ်စမတ်ဖြစ်ပါစေ ညီမလေးရေ....

    ReplyDelete
  8. ပျော်ရွှင်စရာ ခရစ္စမတ်လေးဖြစ်ပါစေ မြတ်ကြည်လေး
    အဖွားနဲ့ မြေးနှစ်ယောက်လုံးချော၏း)

    ReplyDelete
  9. အိမ်မက်အတွက်လဲ ခရစ်စမတ်က ခြောက်သွေ့လွန်းနေတယ်..

    ReplyDelete
  10. ကျေးကျေးမဗျစ်၊ same to you :)
    ခရစ်ယာန်မဟုတ်ဘူး candy၊ အမျိုးတွေကတော့ ခရစ်ယာန်တွေ။ Merry Christmas to you too.
    ဘဝတူသွားပြီ၊ ဂျွန်မိုးရေ :')
    အစ်မဒိုးကန် ဘီဘီခရင်နဲ့ ခရစ်စမတ်စ်မှာ အလှတွေပိုနိုင်ပါစေ
    Merry Christmas မမ Iora.
    မိစံရေ ဆုတောင်းအတွက်ကျေးဇူး
    Thanks for appreciation Ama Rose. Btw, the photo was taken with my Grandma :)
    ပျော်ရွှင်ဖွယ်ခရစ်စမတ်စ်ပါ အစ်မ မြသွေးနီ။
    အစ်မဘေဘီရေ၊ မျိုးရိုးလိုက်သွားတာနဲ့တူပါတယ် ဟီဟိ
    အားမငယ်ပါနဲ့ အစ်မ အိပ်မက်၊ ဒီလိုပါပဲ၊ ဘဝဆိုတာ။

    ReplyDelete
  11. Like granny like cutie Myat Kyi:P
    Both of your beautiful.
    HAPPY HOLIDAY.
    Gyidaw

    ReplyDelete
  12. ညမရေ ဒီမှာလဲတစ်ယောက်တည်းဖြတ်သန်းလာတာကြာပြီ။
    အားမငယ်နဲ့နော်။ Merry X'mas!
    Camomilla

    ReplyDelete
  13. Thank you so much Ma Gyi and Ma Camomilla :)

    ReplyDelete