အိုဘယ့် နယူးရီးယား
နှစ်သစ်ကူး အခါသာမယမှာ မင်္ဂလာယူပုံက သူငယ်ချင်းရောင်းရင်းတွေနဲ့အတူ ရေခဲပြင်စကိတ်သွားစီးတာ မေးကွဲသွားတယ်။
ဒါနဲ့တော့ မတော်သေးဘူး။" အနိုင်မခံ၊ အရှုံးမပေး၊ တတ်အောင် သင် မဟဲ့ " ဆိုပြီး ပလာစတာကပ်ပြီး ထပ်စီးတာ ကျွမ်းတွေပစ်၊ ဒိုက်တွေထိုး။ ပါလာတဲ့သူတွေက " မြတ်ကြည်လေးရေ၊ တော်သင့်ပြီ၊ ကြည့်တဲ့သူတွေတောင် တော်တော်နာနေပြီ။" ကိုယ့်ကြည့်ပြီး ဓာတ်တွေကျ။ စီးနေတဲ့သူထဲမှာ တဗိုင်းဗိုင်းလဲ နေတာဆိုလို့ ကိုယ်တစ်ယောက်ပဲရှိတယ်။
ခေါင်းမာချက်က ညစာစားပြီး မှ ကျောင်းဆေးရုံမှာ ဝင်ပြတယ်။ မေးစေ့ကို (၆) ချက် ချုပ်လိုက်ရတယ်။ နှစ်သစ်မှာ ပိုက်ပိုက်တွေ ပါသွားပါလေရောလား ...
( reconstructive surgeon မို့လို့ ဈေးပိုယူတယ်ထင်ပါ့)
( reconstructive surgeon မို့လို့ ဈေးပိုယူတယ်ထင်ပါ့)
ပြီးတော့ ခွင့်လည်းမရဘူး။ (ဘယ်ရမလဲ ကိုယ့်ဟာကို ရွပြီးဖြစ်တာကိုး။) အခုထိ အထိုင်အထ၊ အကွေးအဆန့်မှာ တကျွတ်ကျွတ် အော်နေရတုန်း။
၆ရက်နေ့ ချုပ်ရိုးဖြည်မှ အမာရွတ်ထင်မထင် သိရမှာ။ ထင်လို့ကတော့ တရားစွဲပစ်လိုက်မယ်။ မြန်မာပြည်က လူနာတွေကို အားကျလို့ :P
လွတ်လပ်ရေးနေ့ဒို့မမေ့ မှာတော့၊ ဘာမှမလုပ်ရဲတော့ဘူး။ အိမ်ကိုတော့ နောက်တစ်လလောက်မှ ပြောတော့မယ်။ ပြောလိုက်ရင် စိတ်ပူနေကြမှာ။ :(
အပြောင်းအလဲ...
အခုလက ဌာနအသစ်မှာ။ တနေကုန် မတ်တပ်ပဲ။ ခါးနာတယ် but တက်ကြွနေတာ :D နောက်တစ်ပတ်ကျရင် ဆရာတွေက laproscopic gastrectomy case တွေမှာ assist စ ဝင်လုပ်ခွင့်ပေးလို့ စာတွေပြန်ဖတ်နေပါတယ်။ ကိုယ့်နိုင်ငံတုန်းက အဲဒါတွေနဲ့အလှမ်းဝေးတယ်။ Laproscopy နဲ့ပတ်သက်လို့ sterilization ကလွဲရင် တခါမှ assist မဝင်ဖူးဘူး။ မြန်မာပြည်က ဆရာတွေကိုစော်ကားတာမဟုတ်ပါဘူး။ ပစ္စည်းရှားလို့ အသစ်တွေကို ပေးမလုပ်ခိုင်းတာလို့ပဲ မြင်ပါတယ်။
မတ်လကျရင်တော့ comprehensive exam ဆိုတာရှိတယ်။ အဲဒါအောင်မှ ဘွဲ့ပေးမှာ။ မအောင်ရင် လက်ဗလာနဲ့ပြန်လာရမှာ။ အခုတည်းက လန့်နေတယ်။
ကြိုးစားရန်လိုသေးသည်။
နှစ်သစ်မှာ ကံကောင်းခြင်းတွေရောက်ဖို့ မျှော်လင့်လျက် -
12 comments
၆ ချက် .. @_@
ReplyDeleteတော်တော်နာမှာပဲ .. မြတ်ကြည်ရာ ..
PyiPhyo
ကိုယ်လည်း စီးဖို့သွားသေးတယ် ကွင်းထဲရောက်နေပြီ အများကြီးထပ်စဉ်းစားတယ် စီးအုံးမှာပဲ စီးအုံးမှာပဲ ရောက်တုန်းစီးရတာ သူများတွေစီးတာများကြည့်ရတာ လွယ်လွန်းလို့လေး ဘီတူတားတား နောက်မဆုတ်ဖူး .....နောက်ဆုံး အသိတယောက်က စီးချင်တာတော့ဟုတ်ပြီ နဖူးကွဲ ဒူးပြဲရင် ဆေးကတ်ရှိတာမဟုတ်ဖူးနော် အနည်းဆုံး သိန်း ၂၀ တဲ့ အဲ့ကျမှ ကိုယ်လည်း ပြန်ထွက်လာခဲ့တော့တယ် :D...စိတ်ညစ်တဲ့အထဲမှာ အဲဒါတွေလည်းပါတယ် ....
ReplyDeleteကဲတော့ ကွဲပီပေါ့
ReplyDeleteစာမွဲကတော့ အောင်မှာပါ မျက်ကျိက တော်ပီးသား
အနာကို ဂုစိုက်အုံး။
အောင်မလေး ဆောင်းဟေဂျိုရယ်
ReplyDeleteကဲချက်ကတော့ကွဲတယ်တဲ့
တော်သေးတယ် မေးဘဲကွဲလို့
ဒူးသာကွဲရင်မလွယ်း)
ကဲ ဘာပဲပြောပြော မင်းသမီးလေးကလှပြီးသား
စာသေချာကျက်း) နော
အလှအပတွေလဲထပ်တင် ကိုရင်တုတ်နဲ့လိုက်အောင်း)
ချစ်တဲ့
မဒိုးကန်
အေးတော်..စိတ်မကောင်းထှာ
ReplyDeleteဒါမယ့်.ကွဲတာလေးနဲ့ကမှ
ပိုချောလာသလားလို့ :P
ဒီအရပ်ကို.ဒီလိုပေါ်အောင်
ဘယ်ဒူရိုက်ပေးတာပါလိမ့်း)
စာမေးပွဲတွက်ကတော့.
စိတ်မပူပေးတော့ပါဘူးနော်း)
နှစ်သစ်မှာ.(မတောင်းပဲ)ဆုတွေ
အလိုလိုပြည့်ပါစေရှင်
ချစ်ခင်လျှက်
မိစံ
OMG!
ReplyDeleteကိုယ့်ထက်ဆိုးနေပါလား
မြတ်ကြည်ရေ အမလဲရေခဲပြင်စကိတ်သွားစီးသေးတယ်.
ခဏခဏချော်လဲလို့ တခါစီးပြီးရင် ၃၊၄ ရက်လောက်မလှုပ်နိုင်ဘူး.
ပျော်ရွှင်ဖွယ်ရာနှစ်သစ်မှာ ဘွဲ့လက်မှတ်ယူပြီး အောင်အောင်မြင်မြင်နဲ့ အိမ်ပြန်နိုင်ပါစေနော်။
အင်... ဒီလောက်တောင်ပဲလား
ReplyDeleteဒါမျိုးကျ မလှမှာ မပူဘူးပေါ့.. ဟိဟိ :P
အဲ...။
ReplyDeleteပါးစပ်ဟရင်ကောနာလား။
စားလို့ ကောရပါ့မလား။
စိတ်ပူတာပါ။
သတ္တိရှိတယ်နော်။
ကိုယ်တော့တော့စီးရဲဘူး။
ကြောက်တယ်။
ကိုယ်လည်းသိပ်စီးချင်တာ
ReplyDeleteရုပ်ဆိုးဆိုး အသက်ကြီးကြီး မလှမပနဲ့ တဗိုင်းဗိုင်းလဲနေ တာသူများတွေ ဟားမှာကြောက်လို့ အုပ်စုတောင့်မှ သွားလုပ်မလားစဉ်းစားနေတာ။ သူငယ်ချင်းတွေသွားတုန်းက အိမ်ပြန်လာတာမှားတာဘဲ။
တသက်မှာတခါတော့လုပ်ဘူးတယ်ရှိအောင်လုပ်အုန်းမယ်ကွယ်။ မေးကွဲမှာလည်းကြောက်တယ်။ စာမေးပွဲကအောင်မှာပါ မြတ်ကြည်က စတော်ပဲကြီး။ အဲလေ စတော်ကြီးပဲ။
တီတီအိုင်အိုရာ
အောင်မယ်လေး... မေးစေ့တောင် ၆ ချက်ချုပ်ရတယ်လား..
ReplyDeleteနာမှာပေါ့နော်.. မေးစေ့တော့ အောင်အောင်မြင်မြင်ကွဲသွားပီ.. စာမေးပွဲအောင်အောင်ဖြေနော်.. :P
ခင်မင်လျက်
Junemoe
မြတ်ကြည်မေးစေ့ အမြန်သက်သာပါစေ..အေးတော့ ကိုက်နေမလားဘဲ..
ReplyDeleteနှစ်သစ်မှာ ဘွဲ့ ပိုက်ပြီး ပြန်နိုင်ပါစေဗျား
အားပေးကြလို့ကျေးဇူးပါနော်။ ဒီနေ့ချုပ်ရိုးဖြည်တယ်။ သိပ်မသိသာလို့ စိတ်ချမ်းသာ။ ^^ aပေးတဲ့ဆုနဲ့ပြည့်ပါစေ။ :)
ReplyDelete