ဟိုမရောက်၊ ဒီမရောက် ပို့စ်

By 2:39 AM


အချက်အပြုတ်

 မြတ်ကြည်လုပ်ထားတာလေးတွေပါ။ စားကြပါနော်။ ပြီးတော့ မြတ်ကြည်ပဲစားသည်။ ဟီဟိ :D တစ်ယောက်တည်းပဲရှိသည်ကိုး။  Scottish Egg, ဝက်သား ကြက်ဥအစာသွတ် ချက်နည်းကို ဟင်းချက်နည်းလေးတွေကို ပုံလေးတွေနဲ့ တစ်ဖုံ၊ ဗီဒီယိုနဲ့တစ်သွယ် တင်ပေးတတ်တဲ့ ညီမလေး ဘရဏီ ဆီကယူပါတယ်။ 



 နောက်တစ်ခုက ကြက်ဥပူတင်းမုန့်ပါ။ စတော်ဘယ်ရီမရှိလို့ လိမ်မော်သီးကို တင်လိုက်ပါတယ်။ တူတော့မှာပဲ။ :P
 မုန့်လုပ်နည်းလေးက ဒီမှာ ရှိပါတယ်။



ချွေးထုတ်ခန်း

မြတ်ကြည်လေ နှစ်ရက်ရှိပြီ။ ဘုံပျောက်နေတာ။ ပထမရက်က minor လေးနှစ်ခုပြီးလို့ စောပြီးလို့ ပြန်လာတာ၊ ကြမ်းခင်းတွေ ဖယောင်းတိုက်နေလို့တဲ့၊ ပေးမဝင်ဘူး။ အဲဒါနဲ့ ချွေးထုတ်ခန်းမှာသွားနေရတယ်။ ဆိုးပါ့။

အဲဒီက ရောင်းတဲ့ ရေနွေးကြမ်း

အားဂျောရှိ နဲ့ အဖွဲ့ကျရင်း ကြက်ဥပြုတ် စား

အီဟွာ

 နောက်ရက်ကလည်း OT မရှိဘူးဆိုတော့ ဒီနေ့အေးအေးဆေးဆေးနားမယ်ပေါ့။ ပြန်လည်းလာရော၊ ခုံတွေသန့်ရှင်းရေးတဲ့။ ဒါနဲ့ တခါမှ မရောက်ဖူးတဲ့ အိမ်သာဥယျာဉ်သွားမယ်၊ ဓာတ်ပုံရိုက်ပြီးတင်မယ်လို့စိတ်ကူးတာ၊ စဉ်းစားကြည့်တော့ တဝေါ့ဝေါ့ဖြစ်နေပါဦးမယ်လေ။

အဲဒါ ဆိုးလ်မြို့ အီဟွာ တက္ကသိုလ်က ညီမလေးတစ်ယောက်ဆီ ခြေဦးဆန့်လိုက်တယ်။  အမျိုးသမီးတက္ကသိုလ်ဆိုတော့ ကျောင်းအဝင်လမ်းမှာ ဖက်ရှင်ဆိုင်တွေ အများကြီး တန်းစီရှိတယ်။ ဒီဇိုင်းတွေလှတယ်၊ ဈေးလည်းလှတယ်။ :) အီဟွာသူတွေ ပေါင်တံသွယ်တာ နာမည်ကြီးတယ်လို့တော့  မမကျူတီပြောတာ ကြားဖူးတာပဲ။ 

သူ့ကျောင်းမှာ ဟိုရိုက်ဒီရိုက်ပေါ့။


အင်္ကျီက ကုတ်အောက်မှာပဲ သုံးထပ် :P


ရုပ်ရှင်


ညနေ ရုပ်ရှင်ကြည့်ပြီးမှ အခန်းပြန်လာတာ။ War Horse ဆိုတာ။ တော်တော်ကောင်းတယ်။  Online မှာကြည့်လို့ရပြီနဲ့ တူတယ်။ Steven Speilberg ရိုက်တာဆိုတော့ လက်မလွှတ်ဘဲ ကြည့်သင့်တဲ့ ကားလေးပါ
War Horse ဇာတ်ဝင်ခန်းတစ်ခန်း 

ပြီးပါပြီ :D

 ရေးရင်း၊ ရေးရင်းနဲ့ ဟိုမရောက်ဒီမရောက်ဖြစ်သွားတယ်။ 
အချိန်ယူဖတ်ပေးလို့ ကျေးဇူးပါနော်။


ဒီတစ်ပတ်တော့ ပို့စ် ကောင်းကောင်းလေးတွေ မရှာဖြစ်တာနဲ့ မတင်ဖြစ်သေးပါဘူး။
  စာဖတ်သူများ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။






You Might Also Like

22 comments

  1. မုန့်တွေငမ်းသွားတယ်အမရေ

    ReplyDelete
  2. ဂလု..ဂလု..(စားချင်လိုက်တား)
    အဲသလို..စားစရာတွေတင်ပြီး
    များများနှိပ်စက်ကြပါ။ ;)
    ရိုက်တဲ့သူက.ခုံခုရိုက်တယ်နဲ့တူတယ်
    ကလေးပုံက..တစ်ဝက်စီဘဲပါတယ်။ :P

    ReplyDelete
  3. ကိုယ့်ဟာကိုယ်ဖုန်းနဲ့ လှည့်ရိုက်လိုက်တာ မိစံရေ။ အဲလို။ :)

    ReplyDelete
  4. မုန့်တွေစားကြည့်ချင်တယ်. ဟဟ.အစ်မရေ. အောက်ဆုံးက
    စတီဗင်စပီးဘက်ရိုက်တဲ့ကားလေး ရှာကြည့်ဦးမှပဲ..။

    ReplyDelete
  5. ဒီညီမလေးက မုန့်လှလှလေးတွေလည်း လုပ်တတ်တာကိုး... တော်လိုက်တာ...း)

    ReplyDelete
  6. မင်းသမီး တင်တာနောက်ကျတယ် သစ်ထူးလွင်မှာရှိတယ်
    ဟိဟိ အစကအိပ်ငိုက်နေတာ နောက်မှကောင်းမှန်းသိတယ် မြတ်ကြည်ရယ် ...
    တို့မြန်မာကိုရီးယားမင်းသမီးမြတ်ကြည်ကွ.ကြိတ်ထား ...

    ReplyDelete
  7. မြတ်ကြည်ရေ.. အဲ့ပေါက်ပေါက်တွေ တယောက်တည်း ကုန်လို့လား ကြည့်လည်းလုပ်ဦး ဟိဟိ :D

    ReplyDelete
  8. ကျေးဇူးပြု ၍ သားသားလေးကို မြတ်ကြည်ပုံ ပြပါ...၁၀မှတ်... ဘူလဲကွ မြတ်ကြည်ဆိုတာ..မောင်တလုံးတဲ့..ငှဲငှဲငှဲ

    ReplyDelete
  9. မြတ်ကြည်ကို မဒမ်က ဘာတွေ ကျိတ်ခိုင်းနေတာတုန်း.:D

    ကြက်ဥစားလိုက် ကျောင်းရောက်လိုက် ၀ါးဟောက်လိုက်နဲ့ ဟိုမရောက် ဒီမရောက်မဟုတ်ဘူး.. ဟိုရောက်ဒီရောက် အစစ်ဗျ :D

    ReplyDelete
  10. မွေးနေ့မတိုင်ခင် မုန့်တွေကြိုလုပ်ကျင့်ရင်းအမြည်းတွေကျွေးနေတယ်ပေါ့လေ...း)
    စားချင်စရာလေးတွေ... ကြက်ဥပူတင်းအရမ်းကြိုက်ပါတယ်။

    camomilla

    ReplyDelete
  11. အဲ့ ဒီကားကြည့် ပြီးပြီ ။ အရမ်း အရမ်းကိုကြည့် လို့ ကောင်းတယ်။ :)

    ReplyDelete
  12. မြတ်ရေ မုန့်လုပ်လေစားချင်တယ် ဂလု သူရေသံနော်

    ReplyDelete
  13. မေမြို့မိုး << ရှာကြည့်ကြည့်၊ မြင်းက ဇာတ်တော်တော်နာတယ်။ အစ်မ ကြည့်ရင်း မျက်ရည် ဝဲတဲဝဲတဲနဲ့

    အစ်မသက်ဝေ << မတော်ပါဘူးအစ်မရယ်၊ ဘီဂင်နာလေးပါ။ မလှတာတွေ အကုန် ဗိုက်ထဲထည့်ပြီးမှ ရိုက်တာလေ :D

    အစ်မဒိုး << ဟုတ်လား? မတင်တော့ပါဘူး။ ကြိတ်ထားဆိုလို့ ကြိတ်လိုက်ဦးမယ်။

    ကန်ဒီရေ၊ နှစ်ယောက်စားတာ မကုန်ဘူး၊ များဆို ညစာတောင်မစားနိုင်တော့ဘူး။

    မောင်တစ်လုံး <<သွတ်သွတ်.. ဟန်ဂျီအင်းကိုမရလည်း တခြားသူရှာပေးပါမယ်။ မဂေါက်လိုက်ပါနဲ့ :D

    ကိုရင် << မဒမ်က ဆီကြိတ်ခိုင်းနေတာ (ပဲ ကနေ ဆီထွက်အောင်) :P

    အစ်မကမ်မိုမီလာ << ကြက်ဥပူတင်း ကြိုက်ရင်များများစားသွားနော်။

    ဘရဏီလေး << ဟုတ်တယ်၊ အစ်မလည်း ကြိုက်တယ်။ ရသစုံပဲ။

    အစ်မလမင်း << ညီမ လင့်ခ် လေးတွေ ချိတ်ထားတယ် အစ်မ။ အချိန်အားရင်လုပ်စားကြည့်လို့ရတာပေါ့။ :)

    ReplyDelete
  14. အိဟွာ တက္ကသိုလ်ကြီးကို ကိုရီးယားကားတွေမှာ တွေ့ ဖူးတယ် ထင်တယ်..ရမ်းတုတ်သွား၏ :D

    ReplyDelete
  15. ဘယ်မလဲပေါင်တံသွယ်တာ မရိုက်လာခဲ့ဘူးလား ဟိဟိ

    ReplyDelete
  16. အစ်မရေ . . .
    ခေါင်းစဉ်က ဟိုမရောက် ဒီမရောက် ပို့စ် တဲ့
    ဘယ်ကြောင့် ဒီလိုပေးထားတာလည်း
    အစ်မမြတ်ကြည်ရေ . . .
    အစားတွေ ငမ်းသွားတယ်
    ဇာတ်လမ်းလေးလည်း ကြည့်ရဦးမယ်
    နော်က Movie Crazy ဗျ
    War Horse !
    ပေါက်ပေါက်ဆုပ်လည်း နှိုက်စားသွားတယ် :P

    ReplyDelete
  17. မပြောတတ်ဘူး၊ အစ်မစန်းထွန်းရေ၊ တချို့တက္ကသိုလ်တွေက ခပ်ဆင်ဆင်ရယ်။

    Ma VIst << ပေါင်တံက ရိုက်ခဲ့ရမှာ၊ သူတို့ လုံလုံခြုံခြုံဝတ်နေကြတော့ မရိုက်လာခဲ့ရဘူး။ :D

    ဟိုနည်းနည်း၊ ဒီနည်းနည်း နဲ့ ဘာခေါင်းစဉ်ပေးရမှန်းမသိတော့လို့ ငါ့မောင်ရေ။

    ReplyDelete
  18. မြတ်ကြည်ရေ
    ဝက်သားကြက်ဥအဆာသွပ်လေးက စိတ်ဝင်စားဖို့ကောင်းလိုက်တာ ..
    စားလို့လည်းကောင်းမှာ သေချာတယ်နော်။ ကြည့်တာနဲ့ အရသာရှိတာ သိသာတယ်..
    ကြက်ဥပူတင်းကလည်း ချစ်စရာလေးတွေ..
    စားရမှာ နှမျောစရာ....
    မြတ်ကြည်လေးကချည်း ချစ်စရား)

    ReplyDelete
  19. လက်ရာလေးတွေက စားချင်စဖွယ်ပဲ မြတ်ကြည်...
    မင်းသမီးလေးကလည်း ချစ်စရာ...:):)

    ReplyDelete
  20. မျက်မှန်လေးနဲ့ပုံ ချစ်စရာကောင်းတယ်။

    ReplyDelete
  21. ကြက်ဥပြုတ်စားချင်သွားပြီ မျက်ကျိး))

    ReplyDelete
  22. ဒီပို.စ်ကပုံတွေက ဇတ်လမ်းထည်းက မင်းသမီးလား။ တော်တော်ချောတယ်နော်။ မင်းသမီးချောလို .ဇတ်ကားကိုကြည်.လိုက်အုန်းမယ်-:P

    ReplyDelete