မျက်တောင်ကို ဘယ်လို ဂရုစိုက် မလဲ?

By 2:21 PM



မျက်တောင်ဆိုတာ မျက်လုံးရဲ့ အနီးဆုံး လည်းဟုတ်၊ ပျိုမေတွေရဲ့ မျက်ဝန်းအလှကို ပိုမိုစေတဲ့ အချက်ထဲကလည်း တစ်ခုဖြစ်ပါတယ်။ ရှည်လျား ကော့ညွတ်တဲ့ မျက်တောင်တွေကို မပိုင်ဆိုင်ချင်တဲ့ မိန်းကလေး ဘယ်ရှိမလဲနော်။  မျက်တောင်နဲ့ ပတ်သက်လို့ သိထားသမျှ လက်လှမ်းမီသလောက် လေးတွေ စုစည်း တင်ပြလိုက်ပါတယ်။



မျက်တောင်တွေ ပြန်ပေါက်တတ်သလား?


  • သာမန်ဆို မျက်တောင် တစ်ပင် နှစ်ပင် ကျွတ်တတ်ပေမယ့် မွေးညှင်းအိတ်ကနေ ရက်အနည်းငယ်ကြာတဲ့ အခါ နဂိုအတိုင်းပြန်ပေါက်ပါတယ်။ အသက်ကြီးတဲ့ အခါမှာတော့ မျက်တောင်တွေဟာ ငယ်တုန်းကထက် ပိုပါးလာတတ်ပါတယ်။ တချို့တလေ aloplecia areata ဆိုတဲ့ ရောဂါ နဲ့ thyroid ဟော်မုန်းချို့တဲ့ တဲ့ ရောဂါတွေမှာတော့ မျက်တောင်ရော၊ ဆံပင်ရော ကျွတ်တတ်ပြီး၊ ကျွတ်ပြီးရင်လည်း သာမန် အခြေအနေ ပြန်မရတတ်ပါဘူး။


ဘာတွေက ပိုကျွတ်စေသလဲ?


  • မျက်တောင်ကို mascara နဲ့ဖြစ်ဖြစ် eyelash curler နဲ့ ဖြစ်ဖြစ်၊ အမြဲကော့နေတတ်တဲ့ သူများဟာ သာမန်လူတွေထက် ပိုပြီး မျက်တောင်မွေး အကျွတ်လွယ်ပါတယ်။ mascara ဟာ ဓာတုပစ္စည်းကြောင့် မျက်တောင်ပျက်စီးရုံသာမက မျက်တောင်ရဲ့ အလေးချိန်ကို ပိုစီးစေတာမို့ မျက်ခွံ မွေးညှင်း အိတ် က နေ အလွယ်တကူ ကျွတ်ထွက်စေပါတယ်။


  • ထို့အတူ မျက်တောင်အတုကို သုံးရင်လည်း အသုံးပြုတဲ့ ကော်နဲ့ တပ်ထားတဲ့ မျက်တောင်တုအလေးချိန်က မျက်တောင်ကျွတ်တာကို ဖြစ်ပေါ်စေပါတယ်။


  • မျက်လုံး ခဏခဏပွတ်တာလည်း မျက်တောင်ကို ပိုကျွတ်စေပါတယ်။


  • မျက်စိ ခဏခဏ စွံ (styes) ဖြစ်တတ်တဲ့ နေရာတွေမှာလည်း အမာရွတ်ထင်သွားရင် မျက်တောင်အသစ် ပြန်မပေါက်တတ်ပါဘူး။ 


ဘယ်လို ဂရုစိုက်မလဲ?



  • အမှန်တော့ မျက်တောင်ဆိုတာဟာ ဆံပင်နဲ့ အခြားခန္ဒာကိုယ်က အမွေးအမြင်တွေနဲ့ ဖွဲ့စည်းပုံသဘောသဘာဝချင်းအတူတူမို့ ဆံပင်ကို သန်စွမ်းစေတဲ့ အာဟာရတွေ မှီဝဲရင် မျက်တောင် အတွက်လည်း အကျိုးရှိစေပါတယ်။ အစိုဓာတ်ကို ဖြည့်တင်းပေးတဲ့ Vitamin E၊ ဆံပင်ကို ကျန်းမာသန်စွမ်းစေတဲ့ Vitamin B တွေပါ။



  • Mascara အသုံးပြုပြီးရင် makeup remover ကို သုံးပြီး စင်အောင်ပြန်ဖျက်ပေးပါ။ 


  • ညမအိပ်ခင် မျက်တောင်အရင်း တလျှောက်ကို ဂွမ်းနဲ့တို့သံလွင်ဆီဆွတ်ပေးပြီး မနက်ကျရင် မျက်နှာသစ်ပါ။


  • မျက်လုံးတစ်ဝိုက်ကို လက်နဲ့ နှိတ်ပေးရင် သွေးလည်ပတ်မှုပိုကောင်းစေပြီး မျက်တောင်ကို ပိုမို သန်စွမ်းစေပါတယ်။



  • Lash boosting serum ဆိုတာလည်းရှိပါတယ်။ L'Oreal က ထုတ်တာ အခုတလော နာမည်ကြီးနေပါတယ်။ ရလာဒ်က ကျေနပ်စရာ ကောင်းပါတယ်။ ပုံမှာပြထားတာက အသုံးပြုပြီး၂၄ရက် အတွင်းကွာခြားမှုပါ။


ဓာတ်ပုံကို  Sippinonkrystyle blog မှယူပါတယ်။



မျက်တောင်နဲ့ ပတ်သက်လို့ သိထားတာတော့ ဒီလောက်ပါပဲ။ ညီမလေး သစ်ခက်စိမ်း အတွက်လည်း အဆင်ပြေမယ်လို့ ထင်ပါတယ်နော်။ :)



ယခု ဒီဆောင်းပါးလေးကို Laurean Wise ရေးသားတဲ့ How to make your eyelashes longer without mascara နဲ့ Do eyelashes grow? မှ ကောက်နှုတ်ဖော်ပြ ထားပါတယ်။

တခါတလေ blog posts တင်တာများလာတော့ မထပ်အောင် ဘာတင်ရမှန်းမသိတာရယ်၊ တင်လိုက်လို့ စိတ်မဝင်စားတာ ဖြစ်မှာရယ် စိုးရိမ်ပါတယ်။ သိချင်၊ ရေးစေချင်တဲ့ ပို့စ်ရှိရင် ပြောပေးကြပါလို့။

အလှတွေ ပိုနိုင်ကြပါစေရှင်။


Hugs and Kisses <3 <3

You Might Also Like

13 comments

  1. ဒါတော့ဟုတ်တယ် မျက်တောင်မွှေးလဲခနခနကျွတ်ရင်မကောင်းတော့ဘူး
    အဲဒါလေးပြောင်းသုံးကြည့်ဦးမှဘဲ

    ကျေးဇူးပါ မြတ်ကြည်လေးရေး))

    ချစ်တဲ့

    အမဂျာရစ်

    ReplyDelete
  2. မျက်တောင် အကြောင်းလေးစိတ်ဝင်စားတယ်
    ညီမရေ ဆံပင် အကြောင်းလေးလည်းလုပ်ပါအုံး
    အခုဆံပင် အရှည်ထားနေလို့ ဟီး
    ဆံပင်အားဆေးနဲ့ မျက်လုံးအတွက်တော့စားပါတယ်.

    ReplyDelete
  3. မျက်တောင် ထိမ်းသိမ်းဖို့ လိုတယ်ဆိုတာ ဒီပို့စ်လေး ဖတ်ပြီးမှ ဗဟုသုတရတော့တယ်..။ အစ်မတို့ကတော့ ဒီတိုင်း သမရိုးကျ ထားထားတာပါပဲညီမရေ..။

    အလုပ်တွေ နည်းနည်းပါးတုန်း စာကြွေးတွေ လာရှင်းသွားတယ်နော်...။

    ReplyDelete
  4. ကြိုက်တာရေး အကုန်သိချင်တယ် :D

    ReplyDelete
  5. ဒီမှာမန့်ခဲ့တယ်။း)
    အရပ်ရှည်တဲ့လေ့ကျင့်ခန်း၊စားစရာရှိရင် တင်ပေးပါ။ :P

    ReplyDelete
  6. ရူပါတွေ လွန်နေလို့ နည်းနည်းလျှော့ချင်တယ်. အစ်မ. တင်ပေးပါဦး..
    ပုံ
    မေမြို့မိုး.

    ReplyDelete
  7. သမီးရေ..
    သိပ်တိုလွန်းပြီး ကျဲကျဲတဲတဲနဲ့ အစ်မမျက်တောင်အတွက် ဘယ်လိုလုပ်ရမတုန်း..
    အခု မြတ်ကြည်လေးပြောသလိုလုပ်ြကည့်မယ်..
    သမီးဘာပဲတင်တင် အစ်မကတော့အမြဲဂရုစိုက် စိတ်ပါဝင်စားပါတယ်..ကိုယ်မသိတာလေးတွေ မရောက်ဖူးတဲ့နေရာလေးတွေကိုလည်း ကြည့်ရမြင်ရတော့ကြိုက်ပါတယ်..
    မြတ်ကြည်လေး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ..
    :D

    ReplyDelete
  8. မြတ်ကြည်ရေ - အမတော့ ဗက်ဆလင် Vaseline သုံးတာ အစဉ်ပြေတယ် လို့ ဆိုရမှာဘဲ ဆေးမကြီး ရှာရလွယ် ရှေးကျတဲ့ အလှကုန် အမျိုးအစားမို့ စိတ်ချရတယ် ပြောရမလာ မသိပါ ညမအိပ်ခင်မှာ နားကျပ်တဲ့ ကော်တွန် cotton လေးနဲ့ မျက်တောင် အစပ်လေးတွေ အပေါ်ရော အောက်ပါ သုတ်လိုက်တာဘဲ သိသာတာတော့ တပါတ်အတွင်း လို့တောင် ဆိုနိုင်တယ် ဒါပေမယ့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ် နဲ့ တော့ဆိုင်လိမ့်မယ်ထင်တယ် ဥပမာ အသက် နဲ့ ကျန်းမာရေးက ကွာခြားမှုကို ဖြစ်စေတယ်လို ထင်တာဘဲ

    ReplyDelete
  9. Lash boosting serum သွားဝယ်တော့မယ် ...

    ကျေးကျေးနော်

    အိမ်မက်စေရာ

    ReplyDelete
  10. မျက်တောင်ရှည်ရှည်လေးဖြစ်မှ Mascara ဆိုးရင် ပိုလှတယ်..ရှယ်တာ ကျေးဇူး...

    ReplyDelete
  11. မြတ်ကြည်ပြောတဲ့ Lash boosting serum ကို ကန်ဒီ့ညီမသုံးတာ တွေ့ဖူးတယ်။ ကန်ဒီက ရိုးရိုး မျက်တောင်ကို nourish ဖြစ်စေတဲ့ဟာပဲ ထင်တယ်။ သူက အဲ့လိုထူးခြားမှု ရှိစေတယ်လား။

    Eyelash curler နဲ့တော့ ကော့လေ့မရှိဘူး။ ရိုးရိုး mascara တော့ သုံးတယ် :)

    ReplyDelete
  12. ပွင့်ဖြူ မျက်တောင်တွေ ကအ၇င်က အ၇ှည်ကြီးပဲ ကော့လဲကော့တယ် ခုတော့ နေ့တိုင်းနီးပါးငိုနေ၇လို့လား မသိဘူး မျက်တောင်တော်တော်ပါးသွားခဲ့တယ် :S

    ReplyDelete
  13. မျက်တောင်ထိပ်လေးတွေကို ၀.၁စင်တီမီတာလောက် ကတ်ကြေးသေးသေးလေးနဲ့  ညှပ်ပေးရင် မျက်တောင်တွေပိုပြီးရှည်ထွက်လာတယ်..လုပ်ပြီးတာ ၂ခါရှိပြီ..တော်တော်လေးရှည်လာတော့ မျက်မှန်ကိုသွားတိုက်နေလို့  ထပ်မညှပ်တော့ဘူး...

    ReplyDelete