အမွေး ပြဿနာ :P
ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ ကွာတာ၊ ယောက်ျားလေးတွေက ဘယ်လောက်ပဲ အမွေးထူထူ တောပဲဖြစ်ဖြစ် ဂရုစိုက်စရာမလိုပေမယ့် မိန်းကလေးတွေ အမွေးထူရင်တော့ စိတ်ညစ်စရာ ဖြစ်သွားရော။ အထူးသဖြင့် အခုလို အတိုအပြတ် ဝတ်တဲ့ ခေတ်မှာပေါ့။ သူငယ်ချင်းတစ်ယောက်ဆို ခြေသလုံးမွေးရှည်လို့တဲ့။ စကတ်တို လုံးဝ မဝတ်ဘူး။
မလိုအပ်တဲ့ အမွေးတွေ ဖယ်ရှားဖို့အတွက် သိထားတာလေးတွေ မျှဝေလိုက်ပါတယ်။
Shaving
ရိတ်မယ်။ ကျွန်မရဲ့ အခန်းဖော်ဆို ရေချိုးခန်းမှာ ဘရိတ်ဓား (ချုတ်) ထားထားပါတယ်။ ရိတ်တာရဲ့ မကောင်းတဲ့အချက်က ပိုပြီး သန်တယ်။ ၁ ပတ် တစ်ခါ လောက်ကို ရိတ်ပေးနေရပြီး၊ ပြန်ထွက်လာရင် အရမ်းသိသာပါတယ်။

Waxing
ဖယောင်းသုံးပြီး ခွါတာပါ။ အနာခံနိုင်တဲ့ သူများ အတွက်ပေါ့။ ကောင်းတဲ့ အချက်က တော်ရုံနဲ့ ပြန်မထွက်ပါဘူး။ တစ်ခါလုပ်ထားလိုက်ရင် ၁လ ၂လလောက် အေးအေးဆေးဆေး နေလို့ရပါတယ်။
Hair Removal Cream
မြတ်ကြည်သုံးပါတယ်။ လိမ်းထားပြီး ၅ မိနစ်လောက်ထား ပြီးရင် spatula လေး နဲ့ ခြစ်၊ ရေဆေးချ။ မကောင်းတဲ့ အချက်က chemical တွေ သုံးထားတာမို့ ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။ for sensitive skin လို့ရေးထားတာ ရှာသုံးကြည့်စေချင်ပါတယ်။ အရင်ကသုံးတာက Veet တံဆိပ်ပါ။ ဒီရောက်တော့ ရှာမတွေ့တာနဲ့ thefaceshop ပြောင်းသုံးပါတယ်။
Laser Treatment
ခန္ဒာကိုယ်ရဲ့ ဘယ်နေရာမဆို လုပ်လို့ရပါတယ်။ မကောင်းတဲ့ အချက်က ၁ ခေါက်တည်းနဲ့မပြီးပါဘူး။ ပြန်ထွက်တာကို လုံးဝပြီးပြတ် ဖြစ်ချင်ရင် အနည်းဆုံး ၄ ခေါက်လောက်သွားရပါမယ်။ လုပ်ပြီးရင် နီတာမြန်းတာရှိပေမယ့် ၂၄နာရီ ကြာရင် ပျောက်သွားတတ်ပါတယ်။ ရန်ကုန်မှ ရနေပြီလို့ ကြားပါတယ်။
Bleaching / အရောင်ဆိုး
လက်မွေးတို့ ခြေသလုံးမွေးတို့ဆိုတာက အမြဲရှည်ထွက်နေတဲ့ အရာမဟုတ်တော့ တချို့တလေ အရောင် ချွတ်၊ ဒါမှမဟုတ် အနုဆိုး လိုက်ပါတယ်။ မသိသာတော့ဘူးပေါ့။
Stocking
အသားကပ်ခြေအိတ် ဝတ်လိုက်ရင် အမွေးရှိတယ်၊ အမာရွတ်ရှိတယ် ထားဦး အသားရောင်နဲ့ ရောသွားတော့ ... မသိသာတော့ပါဘူး။ ကရိကထလည်း မများပါဘူး။ ဒီကကောင်မလေးတွေ အတိုဝတ်ရင် ဒီအတိုင်းထက် အသားရောင် stocking/ pantyhose နဲ့ တွဲဝတ်ကြပါတယ်။
ဒါလေးတွေက မြတ်ကြည် သိထားသလောက်ပါ။ စာဖတ်သူတွေ သိထားတဲ့ အခြားနည်းတွေရှိရင် ပြောပြစေချင်ပါတယ်။ ပိုပြည့်စုံ သွားတာပေါ့။ :)
မြတ်ကြည် ကိုယ့်ဘာသာကိုယ်ရှုပ်ရှတ်ခတ် နေတာနဲ့ ဘလော့မရေးဖြစ်တာ တော်တော်လေးကြာသွားပါတယ်။ ပို့စ် အသစ်မရှိပေမယ့်လည်း အမြဲလာအားပေးကြလို့ ကျေးဇူးပါနော်။ ပုံမှန်ပြန်တင်ဖြစ်အောင် ကြိုးစားနေပါတယ်။
သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက် ဖြစ်ပါစေရှင်။
20 comments
တခြားနည်းတွေတော့ မသုံးဘူးဘူး ။Veet နဲ့ တော့
ReplyDeleteအခုသုံးနေတာ မဆိုးဘူး သုံးလို့ ကောင်းတယ်။
လေဆာနဲ့ လည်းမဆိုးဘူးနော်။ဈေးတော့ကြီးမယ်ထင်တယ်။
Waxing လုပ်တာ က ပထမ စစချင်းလုပ်တဲ့ အခေါက်ပဲ နာတာပါ။ နောက်အခေါက်တွေဆို မနာတော့ဘူး။
ReplyDeleteကိုယ်နှင့်မဆိုင်သော ပို့စ်ဆိုပေမယ့် ဗဟုသုတအနေနဲ့
ReplyDeleteဖတ်မှတ်သွားပါတယ်
သဘာဝအတိုင်းပဲကောင်းပါတယ်ညီမရေ..
ReplyDeletewaxing တော့လုပ်ဖူးတယ်.. ကိုယ့်ဟာကိုယ်လုပ်တာလေ.. ကိုယ်က အတိုသိပ်မ၀တ်တော့ ခုဆို ဘာမှကို မလုပ်ဘူး ဒီတိုင်းထားတယ် .. ဟိ
ReplyDeleteဒါပေမယ့် မြတ်ကြည်သုံးနေတဲ့ Chemical နဲ့ဟာ စမ်းသုံးကြည့်ချင်တယ်။ ကြောက်လည်း ကြောက်တယ်။ ကြောက်တယ်ဆိုတာ အမွှေးကြမ်းကြမ်းကြီးတွေ ထွက်လာမှာကြောက်တာကို ပြောတာ..
အဲ့လိုဖြစ်လား ပြောပြပါလားဟင်
နောက်တနည်း ရှိသေးတယ်လေ. မြတ်ကြည်မေ့ခဲ့တာ ဖြစ်မယ်။ Epilater လေ.. အမွှေးကို နှုတ်သွားတာ။ အဲ့ဒါလည်း waxing လိုပဲ ကြမ်းကြမ်းကြီးတွေ မထွက်ဘူး။ ကန်ဒီက စက်ကြီးကို ကြောက်လို့ မသုံးတာ ဟီးးးး
ReplyDeleteVeet က အမွေးကြမ်းကြီးတွေမထွက်ပါဘူး ဒါပေမယ့် ခြေသလုံးမွေးကို သုံးကြည့်တော့ သိပ်မပြောင်သလိုပဲ။ ချိုင်းမွေးတော့ရတယ် ဒါပေမယ့် ရိတ်သလိုပဲ ခဏလေးနဲ့ပြန်ထွက်တာ။ Epilater က မိုက်တယ် တစ်ခါနှုတ်ပြီးရင် ၃ ပတ် ၄ ပတ်ပြန်မထွက်ဘူး။ သူ့ကို သုံးရင် baby powder လေး အရင်လိမ်းပြီးမှ နှုတ်ရင် လုံးဝမနာတော့ဘူး။ အတွေ့အကြုံလေးတွေ ဝေမျှသွားတာပါ ဟိ :)။
ReplyDeleteIPL ကတော့မဆိုးဘူးမြတ်ကြည်ရေ။
ReplyDeleteဘာသုံးရင်ကောင်းမလဲအင် :D
ReplyDeleteဒီမှာတော့ယောက်ျားလေးတွေလည်းသုံးကြတာကြော်ငြာတွေမှာတွေ့ ဘူးတယ်။ ဒီတစ်ခါတွေ့ မှထပ်လာမန့် လိုက်မယ်။း)
ReplyDeleteအိုင်အိုရာ
မမမြတ်ကြည် တစ်ခုမေ့နေ တာသားပြောပြမယ်.
ReplyDeleteမီးချစ်လေးနဲ့  ရှို့ ပေးလိုက်..ခိခိ..တိန်..လိုက်ရိုက်လို့ ပြေးပြီ...
ကြားဖူး၊ ဖတ်ဖူးတာ Cream တွေ က Chemical တွေ အများကြီး ပါတဲ့ အတွက် မိန်းကလေး အတွက် မသင့်တော်ပါဘူး တဲ့ ..
ReplyDeleteအဲ့ဒါကြောင့် cream တော့ အားမပေးဘူး ..း))
သဘာဝ အတိုင်းလေးပဲ ကောင်းပါတယ် . :D:D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ညီမလေးရေ
ReplyDeleteအစ်မရဲ့မေးထဲကိုရောက်ဘူး..အခု facebook ကနေ တွေ့လို့လာရေးထားတာ..
မေးကိုထပ်ပြီး sumit လုပ်တော့လည်း အစ်မရဲ့မေးက ရှိနေပြီးသားတဲ့..
ဘယ်လိုလုပ်ရမလဲ မြတ်ကြည်လေးရေ..
အရင်လိုအစ်မမေးထဲကိုပြန်ရောက်အောင်လုပ်ပေးနော်
:(
မှတ်သားသွားတယ် မြတ်ကြည်ရေ...
ReplyDeleteVeet သုံးကြည့်အုံးမှ တခါမှမသုံးဖူးဘူး
ReplyDeleteWaxing ကိုတော့ကြောက်တယ် အရမ်းနာလို့း)
နောက်ထပ်.. ကြော်ငြာတွေထဲမှာ "smooth away hair removal pad" ဆိုတာ တစ်ခု တွေ့မိတယ်.. သူ့ရဲ့ youtube link အရတော့ သုံးရတာ လွယ်မယ့်ပုံဘဲ.. မသုံးကြည့်ရသေးဘူး..
ReplyDeleteဟဟ ယောက်ကျားဖြစ်ရတာနိပ်သဟ
ReplyDeleteအလုပ်မရှုပ်တော့ဝူး ဟဟ
အိမ်မက်လဲ veet သုံးဖူးတယ်..
ReplyDeleteအိမ်မက်မရောက်ဖြစ်လဲ မြတ်ကြည်လေးက အမြဲလာလည်လို့ ကျေးဇူးပါနော်..
ချစ်တဲ့
အမ အိမ်မက်
နောက်တစ်နည်းက ကျောက်ချဉ်ကိုကြိတ် ရေသန့်ဗူးအသေးထဲမှာ ရေနဲ့ေ၇ာထား
ReplyDeleteသနပ်ခါးလိမ်းပြီးတိုင်း သွားပွတ်တံလေးကို ဗူးထဲနှစ်ပြီး ဂျိုင်းကိုယူလိမ်းတာလဲ အဆင်ပြေပါတယ်။
ချိုင်းမွှေးရော ချိုင်းချွေးနံ့ကိုရော လျော့စေတယ်။
( ဗူးနဲ့ထည့်ပြီး သွားပွတ်တံနဲ့သုံးတာက ကျောက်ပျဉ်မှာ မသွေးရအောင်ပါ။ မျက်နာကိုမတော်လို့ လိမ်းမိရင်ကျောက်ချဉ်က အသားကြမ်းတတ်ပါတယ်တဲ့) ။
မြ လက်တွေ့သုံးနေတာကို ပြောတာပါ အစ်မ။
သုတေသန..ငါ့တေသန....
ReplyDeleteသက်ငယ်စကား ၊သက်ကြီးကြားဆိုသလို ဖတ်မှတ်သွားတယ်..မြတ်ကြည် :P
pifpif