Chinese flora လက်သည်း tutorial

By 4:25 AM




ဒီတစ်ခေါက်တော့ စိတ်ကူးပေါက်လို့ ဆိုးကြည့်ထားတဲ့ လက်သည်းပုံစံလေးကို မျှဝေလိုက်ပါတယ်။ ပုံစံက တရုတ် ယပ်တောင်ထဲက ပန်းနဲ့ (ကိုယ့်အမြင်မှာ) ဆင်လို့။ လွယ်လွယ်လေးပါပဲ။ ထုံးစံအတိုင်း သွားကြားထိုးတံ တစ်ချောင်းရှိရင် အဆင်ပြေပါတယ်။ :)

....... Method .......


မြတ်ကြည်ကတော့ အောက်ခံကို ရွှေရောင်သုံးထားပါတယ်။


ပြီးရင် သွားကြားထိုးတံကို သုံးပြီး ပန်းပွင့်အတွက် အဖြူရောင် အစက် ၅ စက် ကို အပေါ်နားမှာ တစ်ခု၊ အောက်နားမှာတစ်ခု လိုက် ထည့်ပါတယ်။


 ရွှေရောင်နဲ့ လိုက်တဲ့ အနီရောင်ကို ဝတ်ဆံနေရာမှာ သုံးလိုက်ရင် ရသွားပါပြီ။ :)


ကိုယ်နှစ်သက်သဘောကျတဲ့ အရောင်တွေနဲ့လည်း အစားထိုးချယ်လို့ရပါတယ်။


သွားကြားထိုးတံနဲ့ အစက်ချနည်း

ဒီနည်းလေးကို စာဖတ်သူများ အခက်အခဲမရှိအောင် ထပ်တင်ပေးလိုက်ပါတယ်။ :)

အရင်ဆုံး စာရွက် တစ်ရွက်ပေါ်ကို ကိုယ်အစက်ချချင်တဲ့ အရောင်ကို တင်ပါ။ ပြီးရင် သွားကြားထိုးတံကို ၅ စက္ကန့်လောက် နှစ်ပါတယ်။ ပြီးရင် လေသလပ်ခံပါ၊ ၅ စက္ကန့် ပြန်နှစ်ပါ၊ လေသလပ်ခံပါ။ ပြန်နှစ်ပြီးရင် အစက်ချလို့ရပါပြီနော်။
လွယ်လွယ်ကူကူ dotting tool ဆိုတာလည်း သုံးလို့ရပါတယ်။ 


လုပ်ကြည့်ပြီးရင် အဆင်ပြေမပြေ ပြန်ပြောပေးပါနော်။
 အလှအပ အတွက် ပို့စ်ကောင်းကောင်းလေးတွေ တင်ဖို့ရှာနေပါတယ်လို့..

အလှတွေ ပိုနိုင်ကြပါစေရှင် :)

You Might Also Like

10 comments

  1. လှတယ်..ကွကိုဆို အဲလိုလုပ်ကြည့်ဖို့ စဉ်းစားတတ်မှာမဟုတ်ဘူး.. အခုတော့ စမ်းလုပ်ကြည့်ရမယ် ကျေးဇူး မြတ်ကြည် <3 <3 <3

    ReplyDelete
  2. လှ၏.. လက်သည်းပုံမဖော်ဖြစ်တာတောင် ကြာဘီ. ပျင်းကြောထူနေတာနဲ့ ဟိဟိ

    ReplyDelete
  3. ရိုးရိုးလေးနဲ့လှတယ် မှတ်ထားလိုက်မယ်
    ညီမရေ အားတဲ့နေ့ စမ်းလုပ်ကြည့်မယ်ဟီး
    ဘာပုံပေါ်မလည်းမသိဘူး ..

    ReplyDelete
  4. လှတယ် ရွှေရောင်လေးက မိုက်တယ်..
    အိမ်မက်တော့ အပွင့်ဖော်ရင် လက်မငြိမ်ဖြစ်တက်လို့ စိတ်ညစ်ရတယ်.. တစ်ခုသေး တစ်ခုကြီး ချော်သွားတာမျိုးက ရှိသေးတယ် အဟိ..
    အိမ်မက်စေရာ

    ReplyDelete
  5. ၇ှင်း၇ှင်းလေးနဲ.ချစ်စ၇ာလေးပါ။လက်ကလေးလှတော.ပို
    လှပါတယ်။သူများလိုလှမလားလို.စမ်းကြည်.ပါအုံးမယ်...

    ReplyDelete
  6. အဲ့လို သွားကြားထိုးတံနဲ့အစက်ချတာ ဘယ်လိုမှအဆင်မပြေဘူးကွဲ့
    တော်ချက်ကအဲ့လောက်တောင်နော်း)
    လုပ်ပါအုံး ဆရာမရဲ့း)
    ဒါပေမယ့် ထပ်စမ်းကြည့်အုံးမယ်
    အဆင်မပြေရင် မြတ်ကြည်အိမ်နားဘဲလာပြောင်းနေတော့မယ်းP

    ReplyDelete
  7. ဟိုတစ်ခါကလဲစမ်းကြည့်သေးတယ် ဟဟ
    အစ်မတော် camomille လိုပဲ ဟီးးး အဆင်
    မပြေလို့ မကြွားလိုက်ရဝူး

    ReplyDelete
  8. အရမ်းချစ်ဖို့ကောင်းတယ်း)
    ကျေးကျေးနော် ချစ်ညလေး
    စမ်းကြည့်ပြီးရင်အဆင်ပြေမပြေပြန်ပြောမယ်

    ReplyDelete
  9. ပျင်းနေတာနဲ့ လက်သဲမဆိုးဖြစ်ဘူး။
    ရွှေရောင်လေးနဲ့ မြတ်ကြည်အသားရောင်လေးလိုက်တယ်။
    အိုင်အိုရာ

    ReplyDelete
  10. လွယ်လည်းလွယ် လှလည်းလှတယ်...

    ReplyDelete