တိမ်ပြာပြာနေ့တစ်နေ့ နဲ့ Ethiopian Spaghetti

By 8:20 AM



Picnic Day


ဟိုတစ်ပတ်က တိမ်ပြာပြာ၊ နေသာသာရှိတုန်း ကျောင်းက ကလေးတွေနဲ့ Picnic ထွက်ကြပါတယ်။ Picnic ဆိုလို့ ဝေးဝေးလံလံ မဟုတ်ပါဘူး။ ကျွန်မ နေတဲ့ အဆောင်နဲ့ ဘေးကပ်လျက်က ကွင်းမှာ။ :D



ကလေးတွေရဲ့ သူငယ်ချင်းက Ethiopia က။ သူ့ဆီက ချက်နည်း သင်ပြီး ပြန်လက်စွမ်းပြကြတာ။ ဒီက စားသုံးသူ။ :)))


စားကောင်းတာနဲ့ ကလေးတွေကို မေးကြည့်ပြီး ပြန်ပြီးဝေမျှလိုက်ပါတယ်။ 

ချက်နည်း

ခရမ်းချဉ်သီး spaghetti ဆော့စ် ကို နွှေးပြီး တစ် ပန်းကန် သပ်သပ်ထည့်။ ဝက်သားကို ကြက်သွန်နီနဲ့ ချက်၊ ပြီးရင် မုန်လာဥ၊ အာလူး၊ ငရုတ်ပွ၊ ပန်းဂေါ်ဘီစိမ်း တို့နဲ့ပြန်ရော၊ အဲဒါက တစ်ခွက်။ ခေါက်ဆွဲက spaghetti ခေါက်ဆွဲကို မကပ်အောင်ဆီထည့်ပြီး ပြုတ်။ စားခါနီးမှ အကုန်လုံးကို ပုံပေးပြီး စားကြပါတယ်။ အအီကြိုက်ရင်တော့ chedder cheese ကို ခြစ်ထည့်ပါတယ်။

Nature Republic : Style Lean Nail Stickers


 အခု Nature Republic က လက်သည်း stickers လေးတွေ လှတယ်။ ဒီဇိုင်း မျိုးစုံရှိတယ်။ တစ်ခု အစမ်းဝယ်ပြီး လုပ်ကြည့်ထားတာ။ တစ်ခု နှစ်ထောင်ဆိုပေမယ့် လှတော့ ဝယ်ရတာ တန်ပါတယ်။

Style Lean Nail Sticker

ကပ်တဲ့ အခါ နည်းနည်း ရှည်ထွက်တာရှိတယ်။ ကပ်ပြီးမှ လက်သည်းညှပ် ကပ်ကြေးနဲ့ ပြန်ညှိပါတယ်။ အဲဒါပိုအဆင်ပြေတယ်။ :)

မညှပ်ခင်

ညှပ်ပြီး

Instagram application


ဖုန်း အသစ်လေး ရတာနဲ့ ဒီ application လေး install လုပ်ထားတာ။ ပုံလေးတွေ ရိုက်ပြီးရင် ဒါလေးနဲ့ ပဲ အရောင် edit လုပ်ဖြစ်နေတယ်။ သူငယ်ချင်းတွေကြား ပြန်ရှယ် လို့လည်း ရတယ်။ အသေးစိတ် လိုက်ပြင်စရာ မလိုပဲ သူ့ထဲက ကိုက်မယ့် style တစ်ခုကို ရွေးရုံပါ။ Vintage ကို နှစ်သက်တဲ့ သူတွေ သဘောကျမှာ ကျိန်းသေပါပဲ။ www.instagram.com မှာ ဖုန်း အတွက် down လို့ရပါတယ်။

Before
After


ပြောချင်တာတွေများတာနဲ့ အသုပ်စုံ ဆန်သွားမလားမသိ။ ရေးတဲ့ထဲက တစ်ခုခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြတ်ကြည် ရှေ့လျှောက်အတွက် tutorial လေးတွေ လုပ်ဖို့ ရှိပါတယ်။ အရပ်ရှည်တဲ့ နည်းလည်း ရှာပြီးရင် ရေးပေးပါမယ်နော်။

 စာဖတ်သူများ သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 

You Might Also Like

16 comments

  1. အီသီယိုးပီးယားဆိုလို့လိုက်ရှာနေတာ African လည်းတစ်ယောက်မှ မတွေ့ဘူးနော်.အစ်မ.

    ReplyDelete
  2. လာရောက်စပ်စုသွားပါကြောင်း..

    ReplyDelete
  3. အကုန်လုံးချစ်ချာလေးတွေ...း)
    စပါကတီကိုဝက်သားနဲ့ တခါမှမစားဖူးဘူး
    လက်သည်းတောင်ဘာမှမလုပ်တာကြာပြီ
    ဘီဖိုးရော အပ်ဖ်ထှာရော လတ်တလောကောအကုန်လှတယ်း)

    ReplyDelete
  4. စပါဂတီက စားချင်းစရာလေး
    အရောင်လေးလည်း လှတယ်
    မြတ်ကြည်လက်သည်းလေးလည်း လှတယ်တော့
    အဲဒီစတစ်ကာလေး လိုချင်သားနော် :P

    ReplyDelete
  5. အကုန် အချောလေးတွေ..ကျောင်းမှာလည်း အင်သီယိုးပီးယန်းတွေက အုပ်တောင့်တယ်..ပျော်စရာကြီး...

    ReplyDelete
  6. ချစ်စရာလေးတွေတော့
    အားကျတယ် ညလေးရေ
    အမ စိတ်ထဲမှာ ညလေး တို့ဒီလောက် အဖွဲ့ကောင်းလိမ့်မယ်လို့ မထင်ထားဖူး တကယ်
    ချစ်တဲ့ Qt

    ReplyDelete
  7. မန့် ထားတာ ဘယ်ပျောက်သွားလဲ မသိဖူး
    ညလေးတို့က ချစ်စရာလေးတွေ ပါလား
    သူငယ်ချင်းတွေလဲ အများကြီးပဲ ... အဲ့လောက် အဖွဲ့ကောင်းလိမ့်မယ်လို့တောင် ထင်မထားဖူး
    အား ကျ ထှာ..........
    လက်သည်းစတိုင်လေးလဲ မိုက်တယ် :)

    ReplyDelete
  8. အားသွားပြီပေါ့.. လျှောက်လည်ပြီး စာလည်း တင်နေပြီဆိုတော့ :D

    ReplyDelete
  9. ကွန်မကောင်းဘူး အစ်မရယ် ...
    အောက်ဆုံးက Before And After ပုံလေးနှစ်ပုံပဲ
    ကြည့်ခဲ့ရတယ်

    ReplyDelete
  10. သူငယ်ချင်းလေးတွေ အများကြီးပဲ... ပျော်စရာ... လက်သည်းမှာ ကပ်ရတာလေး စိတ်ဝင်စားသွားတယ်... ဒီမှာ ရှာကြည့်အုံးမယ်...

    ReplyDelete
  11. သမီးရေ..
    စပါကတီစားတာလည်း အားကျတယ်..
    သူငယ်ချင်းတွေနဲ့ တိမ်ပြာပြာနေ့မှာ အပန်းဖြေတာလည်း အားကျတယ်..
    အကုန်လုံးပါပဲ..
    မြတ်ကြည်လေး ဒီ့ထက်ပိုပြီးပျော်ရွင်ပါစေ..

    ReplyDelete
  12. What a nice day!
    Iora

    ReplyDelete
  13. မိုးစက်ပွင့်May 28, 2012 at 2:38 AM

    group ပုံလေးမြင်ရင် ကိုရီးယားမင်းသမီးလေးတွေ ထိုင်ငိုသွားဦဒမယ်နော်... ကဲ-စပါဂတီကျွေးတော့ :-)

    ReplyDelete
  14. အသုတ်စုံလေးက ကောင်းလိုက်တာ..
    စားလို့တောင်မ၀ချင်ဘူး...
    လက်သည်းလေးလုပ်တာ သဘောကျတယ်...
    သူငယ်ချင်းမလေးတွေလည်း ချောမှချော...
    မြတ်ကြည်ကလည်း ချောမှချော...

    ReplyDelete
  15. မြတ်ကြည်ရေ..
    စပါဂတီလာစားသွားတယ်..
    ဒါနဲ့..
    လုပ်နည်းသိပ်မခက်တဲ့ ထသွားထလာ ဆံပင်ပုံဆံလေးတွေ ရှိရင် ပြန်မျှပါဦးနော်..

    ခင်တဲ့
    အိမ်မက်

    ReplyDelete
  16. အားကြီးလှတယ်း))

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete