တစ်နှစ် သမီးလေး သနပ်ခါးမေ

By 7:10 PM



ဟုတ်ပါတယ်။ မြတ်ကြည်ရဲ့ သနပ်ခါးမေ ဘလော့လေး တစ်နှစ်ပြည့်သွားခဲ့ပါပြီ။ စာဖတ်သူတွေရှိနေပေးလို့ မြတ်ကြည်ရဲ့ ဘလော့လေး ရပ်တည်နိုင်နေတာပါ။ ဘလော့လေးရှိတာဟာ မြတ်ကြည်ရဲ့ အသက်ရှည်ဆေး တစ်ခွက်ပါပဲ။ သေသွားရင် ဘလော့မှာ ဥစ္စာစောင့်များဖြစ်မလားပဲ။ 





ပို့စ်တက်တိုင်း အမြဲ အားပေးခဲ့တဲ့ စာဖတ်သူတွေရယ်၊ ဝင်ဝင်လာကြည့်ပေးတဲ့ ဘလော့ပေါ်က မောင်နှမတွေရယ်၊ မရောက်ဖြစ်တာကြာပေမယ့် အမြဲတမ်း ခင်ခင်မင်မင်ရှိတဲ့ မမကွန်ဆီက အစ်ကို အစ်မတွေ ရှိလို့ မြတ်ကြည်ရဲ့ ဘလော့လေး စည်ကားနေတာပါ။

 ဘလော့လေး ရှိနေလို့ စာတွေ အများကြီး ဖတ်ဖြစ်တယ်။ ခံစားချက်လေးတွေ၊ ဘဝ အတွေ့ အကြုံတွေ၊ စိတ် အာဟာရ ဖြစ်စေတဲ့ စာတွေ၊ ခရီးသွားဆောင်းပါး၊ ချက်နည်းပြုတ်နည်း၊ ပညာ၊ ဗဟုသုတ အများကြီးပဲ။




တကယ်ခင်ဖို့ကောင်းပြီး ချစ်ဖို့ကောင်းတဲ့ စာဖတ်သူ ညီမလေးတွေ၊ သူငယ်ချင်းတွေ၊ အစ်မတွေနဲ့ တွေ့ခွင့် ဆုံခွင့်ရတယ်။ စကားတွေ အများကြီးပြောဖြစ်တယ်။ အပြင်မှာ မမြင်ဖူးပေမယ့် တကယ့် ညီ အစ်မ တွေလိုပဲ၊ gtalk မှာ နောက်လိုက်ပြောင်လိုက်နဲ့။ အကြံဉာဏ်တွေလည်း ပေးကြတယ်။ 

  • ဘလော့လေးကို တရှိုက်မတ်မတ် လာရောက်အားပေးဖတ်ရှုတဲ့  စာဖတ်သူတွေ၊ 
  • ဘလော့လေး မွေးကင်းစ အချိန်ကတည်းက ဖေးမ ကူညီလင့်ချိတ်ပေးခဲ့တဲ့ ဘလော့ဂါ မောင်နှမတွေ၊
  • သနပ်ခါးမေ ဘလော့လေးကို ပိုလူသိလာအောင် အခွင့်အလမ်းပေးတဲ့ ရွှေဗျူးတီးမှ အစ်မများ
  • ရဲရဲကြီး sponsor ပေးခဲ့တဲ့ အစ်မ မေနှင်းအေး (Avon Cosmetics) ကို ကျေးဇူးတင်ပါတယ်။



တစ်နှစ်ပြည့် အနေနဲ့ က လက်ဆောင် cosmetic package ပေးဖို့စီစဉ်ထားပါတယ်။
( Brand တစ်ခုစီမှာ အရောင်းရဆုံးဖြစ်နေတဲ့ best seller product ၃ မျိုး ကို ပေးသွားမှာပါ) ဒီတစ်ခေါက်လည်း အိမ်တိုင်ရာရောက်ပါပဲ။ Facebook fans ထဲက ရွေးပေးသွားမှာဆိုတော့ သနပ်ခါးမေ ကို အားပေးနေကျဆို Like လုပ်ဖို့ မမေ့နဲ့နော်။ :)

Deadline က လကုန်မှာပါ။ လကုန်ရင် လက်ဆောင်ဆုရမယ့်သူကို ကြေငြာပါမယ်။

ဒါက စာဖတ်သူတွေ အတွက် သီချင်းလေးပါ။ မြန်မာ စာတန်းထိုးကို ဖတ်ကြည့်ပါနော်။ အဓိပ္ပာယ် အရမ်းရှိတယ်။ :D သွားမပေါ်အောင်ပြုံးနိုင်ပါစေ။ :P





စာဖတ်သူ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 
အလှတွေ ပိုနိုင်ကြပါစေ။

မြတ်ကြည်

You Might Also Like

28 comments

  1. မွေးနေ့မှာပျော်ရွှင်ပါစေ..သနပ်ခါးမေ..။
    သိပ်မရောက်ဖြစ်ပေမဲ့ သံယောဇဉ်ရှိပါသည်..။

    စကားမစပ် အခုတင်ထားတဲ့သီချင်းကို
    ကြိုက်လွန်းလို့ မနက်ကတောင် သူငယ်ချင်းတွေကိုရှယ်မိသေးတယ်..။

    ချီးလူးတာ နင်ပျော်တယ်ဆို...



    ပေါက်

    ReplyDelete
  2. ကျေးကျေး မမပေါက်။ မမပေါက်က မြတ်ကြည်ဘလော့ရဲ့ ပထမဆုံး ကော်မန့်ပေးခဲ့တာ။ အခုလည်း ပထမဆုံးပဲ။ :)

    ReplyDelete
  3. မြတ်ကြည် ရဲ့ သနပ်ခါးမေ လေး အဓွန့်ရှည် အောင်မြင်ပါစေ ။ ဒီဘလော့လေး လာ လာဖတ်ရင် ကိုယ့်ကိုယ် လှ ချင်စိတ်ပိုလာတယ် ...:P

    ReplyDelete
  4. တနှစ်ပြည်.မွေးနေ.မှနောင်နှစ်ပေါင်းများစွာတိုင်အောင်
    ပျော်၇ွှင်အောင်မြင်ခြင်းများစွာဖြင်.သနပ်ခါးမေဘလော.လေးအားလှပစွာဆက်လက်ဖန်းတီးနိင်ပါစေ......

    ReplyDelete
  5. Happy Birthday သနပ်ခါးမေ... ;)

    ReplyDelete
  6. အလှအပမြတ်နိုးတဲ့ ညီမလေးမြတ်ကြည်ရဲ့ ဘလော့ဂ်(၁)နှစ်ပြည့်မှသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စာတွေအများကြီး ပျော်ရွှင်စွာ ရေးနိုင်ပါစေလို့...။

    ချစ်သော -
    မြသွေးနီ

    ReplyDelete
  7. အစ်မတောင်မှ တစ်နှစ်ပြည့်သွားပြီနော်.. ကျွန်တော်တောင် ရှစ်လ သားလေးပဲချိသေးတယ်..။

    ReplyDelete
  8. ချစ်တဲ့ မြတ်ကြည်ရေ

    မွေးနေ့မှသည် နှစ်တစ်ရာတိုင်ပျော်ရွင်ပါစေ
    မြတ်ကြည်ရေးမသမျှကို လိုက်ဖတ်နေတဲ့ မြတ်ကြည်ရဲ့
    blog ပိရိတ်သတ်ပါ
    မြတ်ကြည်နဲ့တူတာတစ်ခုက
    အလှအပတွေကိုလည်းစိတ်ဝင်စားတယ်လေ
    မြတ်ကြည်ပြောတဲ့ဆိုင်မှာ သတို့သမီးဝတ်စုံသွားအပ်မလို့ သြဂုတ်လ ကြရင် မြန်မာပြည်ကိုများပြန်ဖြစ်မယ်ဆိုရင် နိုဝင်ဘာလမှာ တို့မင်္ဂလာပွဲကို မြတ်ကြည်ကို ဖိတ်ချင်ပါတယ် နောက်ထပ်လက်တွဲဖော်ပဲတွေ့တွေ့ အရင်လက်တွဲဖော်ပဲ ဖြစ်ဖြစ် စုံတွဲဖိတ်ချင်ပါတယ် ညီမလေးရယ် ပျော်ရွင်ပါစေလို့ဆုတောင်းပေးပါတယ်
    YM

    ReplyDelete
  9. တစ်နှစ်တောင် ပြည့်သွားပြီပဲ
    ဂုဏ်ယူပါတယ် အစ်မရေ ...
    ကျွန်တော်ကတော့ ဘလော့စဖွင့်တဲ့နေ့ကို
    မမှတ်ထားမိလို့ . . .
    ဘယ်နေ့ တစ်နှစ်ပြည့်မယ် မသိဘူး
    ပထမဆုံး မန့်ရတဲ့နေ့ကို
    Blog Day သတ်မှတ်ရင် ကောင်းမလားလို့

    ReplyDelete
  10. သနပ်ခါးမေလေးတောင် ၁နှစ်ပြည့်သွားပြီ...
    ..သနပ်ခါးမေနဲ့အတူ
    ချစ်သူငယ်ချင်း မြတ်ကြည်လဲ ဘလော့မှာ ပိုစ့်အသစ်
    သစ်တွေ များကြီးရေးနိုင်ပါစေနော်....
    အမြဲတမ်း ခင်မင်အားပေးလျက်......
    ( ပျော်ရွင်ပါစေ....သနပ်ခါးမေ)

    ပူးပူး :)

    ReplyDelete
  11. ညီမရေ ဒီထက်မကအောင်မြင်ပါစေ
    ပိုစ့်များများရေးနိုင်ပါစေကွယ်.....

    ReplyDelete
  12. တိမ်
    အမြဲတမ်းးးအောင်မြင်မှု့တွေရပါစေ

    ဒီ့ထက်မက

    ReplyDelete
  13. အလှအပနဲ့ပတ်သက်လာရင် အားကိုးရတဲ့ :P မမမြတ်ကြည်ရဲ့ တစ်နှစ်ပြည့်မွေးနေ့လေးမှတည် နောင်နှစ်ပေါင်းများစွာအထိ ကျန်းမာပျော်ရွှင်စွာဖြင့် စာတွေရေးနိုင်ပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်နော် :)

    ချစ်တဲ့ ညီမလေး
    eindrayshingirl@gmail.com

    ReplyDelete
  14. အို..ဘာလိုလိုနဲ့
    တစ်နှစ်ပြည့်သွားပြီဘဲနော်
    ဘလော့ပေါ်ကအမှတ်ရစရာလေးတွေနဲ့
    အမြဲတမ်းအမှတ်ရနေမှာပါသနပ်ခါးမယ်လေးရေ့း)
    တစ်နှစ်ပြည့်မှသည်နှစ်ပေါင်းများစွာတိုင်ပါစေနော်..
    ကမ်းနားလမ်းကိုအားနာ.. :P

    ချစ်ခြင်းအားဖြင့်
    မိစံ

    ReplyDelete
  15. တနှစ်တောင် ပြည့်သွားပြီလား.. ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်တယ် သူငယ်ချင်း :D

    ReplyDelete
  16. ဘလော့တွေကို စဖတ်ဖြစ်တာ မြတ်ကြည်ရဲ့ဘလော့ဂ်ကနေ အစပြုခဲ့တယ်ဆိုတာ အမှတ်တရပို့စ်တစ်ပုဒ်လောက်တောင် ရေးဖို့စိတ်ကူးခဲ့သေးတယ် မအားတာနဲ့ မရေးဖြစ်သေးတာ. ဒီထက်မက အောင်မြင်ပါစေ :-**

    ReplyDelete
  17. နှစ်ပေါင်းများစွာ... ဘလော့လေးနဲ့အတူ လျှောက်လှမ်းနိုင်ပါစေခင်ဗျာ... လှပစွာနဲ့ ဖန်တီးထားတဲ့ ဘလော့ဂ်လေးကို အမြဲတမ်း အားပေးနေမှာပါ။ အဲ..ဥစ္စာစောင့်တော့ မဖြစ်လိုက်နဲ့နော်... ကျွန်တော့် ဘလော့ဂ်ထဲ ထည့်ရေးပစ်လိုက်မှာ ဟွင်း ဟွင်း ဟွင်း... :P

    ReplyDelete
  18. မြတ်ကြည်ရဲ့ တစ်နှစ်ပြည့်လေးကို ဂုဏ်ပြုရင်း ဘလော့လေးကို မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တဲ့ အရည်အချင်းရှိတဲ့ ညီမလေးကိုလဲ congraculation ပါလို့..ဒီထပ်မက စာတွေ ရေးနိုင်ပါစေ..
    သီချင်းလေးရှာတက်လိုက်တာမြတ်ကြည်ရေ..
    ညစ်နေတာတောင် ပျောက်သွားတယ်..

    အိမ်မက်စေရာ

    ReplyDelete
  19. Happy Birthday ThanaKha May ...


    sinsin

    ReplyDelete
  20. လူမစည်ခင်ကတည်းကအမြဲအားပေးခဲ့ပါတယ်။
    လူတွေစည်တော့လည်းမြတ်ကြည်လေးအတွက်ပီတိဖြစ်ရပါတယ်။ သနပ်ခါးမေအဓွန့် ရှည်ပါစေလို့ ......
    အိုင်အိုရာ

    ReplyDelete
  21. တစ်နှစ်သမီးလေး မြတ်ကြည်တစ်ယောက် ရှေ့ဆက်လို့ ပျော်ရွှင်မှု့တွေခညောင်းပြီး အသက်ရှည်သမျှ ဒီဘလော့ဂါဘ၀နဲ့ ထာဝရရပ်တည်နိုင်ပါစေသော်

    ချစ်ခင်လျှက်
    အမမဒိုးကန်

    ReplyDelete
  22. ဆုတောင်း အားပေးမှုတွေ အတွက် ကျေးဇူးပါနော်။ ဒီထက်ပိုပြီး ကြိုးစားသွားပါမယ်။ :)

    ReplyDelete
  23. သနပ်ခါးမေလေးရေ..
    အစ်မခရီးသွားနေလို့ အခုမှ တစ်နှစ်ပြည့်မွေးနေ့အတွက်ဆုတောင်းပေးရတာကို ခွင့်လွှတ်ပါ..
    မြတ်ကြည်လေးရဲ့ တစ်နှစ်ပြည့်ခရီးလေးကနေ နှစ်ပေါင်းများစွာ ဒီထက့်ပိုလျှောက်လှမ်းနိုင်ပါစေ..
    စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အရာအားလုံးပြည့်စုံပျော်ရွှင်ပါစေ..

    ReplyDelete
  24. သနပ်ခါးမေရှင်


    http://www.thanakharmay.com/ မှာ ရေးနေတဲ့ အကြောင်းအရာတွေနဲ့ ပါတ်သက်လို့ VOA မြန်မာပိုင်ရဲ့ ဘလော့ဂါတွေပြောသမျှမှာ အစီအစဉ်လုပ် တင်ပြချင်ပါတယ်၊ အဓိကတော့ မိန်းကလေးတွေ စိတ်ဝင်စားမဲ့အကြောင်းတွေ၊ ဗဟုသုဖြစ်စရာတွေကို ရေးနေတဲ့အကြောင်းတွေကို ပြောပြစေချင်တာပါ၊ ကြိုတင်အသံသွင်းမဲ့ အစီအစဉ်အတွက် ပြောပြနိုင်မယ်ဆိုရင် ဆက်သွယ်ချင်ပါတယ်၊ ဆက်သွယ်နိုင်မဲ့ ဖုန်းနံပါတ်နဲ့ သင့်တော်တဲ့ အချိန်ကို သိပါရစေ၊ အမြန်ဆုံး အကြောင်းပြန်မယ်လို့ မျှော်လင့်ပါတယ်ရှင်၊

    ကျေးဇူးတင်ပါတယ်၊

    စုမြတ်မွန်
    Blogger တွေပြောသမျှ အစီအစဉ်မှုး
    VOA မြန်မာပိုင်း

    ReplyDelete
  25. I am really surprised and freaked out. Thank you so much and I do really appreciate for your contact. Yes, absolutely. My number is +8210 92365119. here is my mail address myatkyi1988@gmail.com. Then we can set the time.

    ReplyDelete