သွားတိုက်ဆေး နဲ့ ဘာလုပ်လို့ရပါသလဲ?
By 5:48 AM
သွားတိုက်ဆေးဖြူက သွားဖြုစင်အောင် သွားတိုက်ရုံ အသုံးပြူနိုင်တာမဟုတ်ပါဘူး။ တခြား အသုံးပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါသေးတယ်။ www.care2.com က 15 Brilliant Uses of Toothpaste ဆောင်းပါးလေးကို ဖတ်ပြီးသဘောကျတာနဲ့ စာဖတ်သူ အိမ်ရှင်မများ အတွက် ဝေမျှလိုက်ပါတယ်။
Bugs Bite, Sores, Blisters
ပိုးကောင်တွေ ကိုက်ရင်ဖြစ်ပေါ်တဲ့  ယားတာ၊ အဖုအပိန့် ထွက်တာ ကို လျှော့ချ သက်သာစေပါတယ်။ ဖိနပ်ပေါက်လို့ အရည်ကြည်ဖုတည်ရင် တစ်ညလောက် လိမ်းထားလိုက်ရင် မနက်ကျရင် ခြောက်သွားရော။ (ကိုယ်တွေ့)
Sooth a stinging burn
ဟင်းချက်လို့ ဆီပူလောင်တာတို့ အပူကပ်တာတို့ ဖြစ်တဲ့အခါ၊ ဖြစ်ဖြစ်ချင်းမှာ သွားတိုက်ဆေးပွတ်လိုက်ရင် နာကျင်မှုကို သက်သာစေပါတယ်။ ဖူးလောင်းထ၊ အရည်ကြည်တည်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
Decrease the size of facial blemish
သွားစရာ၊ လာစရာရှိခါမှ ဝက်ခြံကပေါက်၊ ရောင်နေရင် တို့ပြီးညအိပ်ကြည့်ပါ။ မနက်ကျမျက်နှာသစ်လိုက်ရင်၊ ရောင်တာမရှိတော့ပဲ ဝက်ခြံ ညှိုးသွားတာကို မြင်ရပါမယ်။ (ဒါလည်း လုပ်ဖူးတယ်)
Shiny Nails
သွားတိုက်ဆေးဟာ သွားအပေါ်ယံကြွေလွှာကို ဖြူစင်တောက်ပစေသလို လက်သည်းမှာလည်း ထို အာနိသင်တွေရှိပါသေးတယ်။ သန့်ရှင်း၊ ကျန်းမာ တောက်ပြောင်တဲ့ လက်သည်းဖြူဖြူလေးတွေရရှိဖို့ သွားတိုက်ဆေး၊ သွားပွတ်တံကို သုံးပြီး တိုက်ပေးနိုင်ပါတယ်။
Hair Gel
Gel သွားတိုက်ဆေးမှာ၊ hair gel တွေကိုပြုလုပ်ထားတဲ့ ရေမှာပျော်ဝင်နိုင်တဲ့ polymer တွေ ပါရှိပါတယ်။ အကယ်၍ အိမ်မှာ hair gel ပြတ်လပ်နေရင် သွားတိုက်ဆေး ကို အစားထိုးသုံးလို့ရပါတယ်။
Stink Fixer
အသား၊ ငါး၊ ကြက်သွန် ဖြူနီကို ကိုင်ပြီးသွားတဲ့ အခါ လက်ကို အနံ့စွဲနေရင် သွားတိုက်ဆေး နည်းနည်းကို လက်မှာပွတ်ပြီး ဆေးပြီး လက်ကျန်အနံ့တွေကို ရှင်းလင်းပေးနိုင်ပါတယ်။ 
Remove stains
အဝတ်အစားတွေနဲ့ ကော်ဇောတွေမှာ ထင်တဲ့ အစွန်းတွေကို ချွတ်ပေးပါတယ်။ အစွန်းထင်တဲ့နေရာမှာ သွားတိုက်ဆေးအအုံပြီး brush သုံးပြီး ပွတ်ပေးပါ။ ဒါပေမယ့် whitening toothpaste သုံးရင် မူရင်း အရောင်ကျွတ်တတ်တာ သတိထားရပါမယ်။
Scuff Magic
စီးတာကြာလို့ ညစ်ထပ်ထပ်ဖြစ်နေတဲ့ walking shoes တွေကို အစွန်းချွတ်တဲ့ နည်း အတိုင်းအသုံးပြုနိုင်ပါတယ်။
Crayon on the wall
အိမ်နံရံမှာ ကလေးတွေဆော့ထားလို့ crayon တွေနဲ့ ပေနေရင် အဝတ်ကို ရေစွတ်၊ စင်အောင် ညှစ်၊ သွားတိုက်ဆေး အနည်းငယ် ပွတ်ပြီး ဖျက်နိုင်ပါတယ်။
Sparkly Baubles
ငွေနဲ့လုပ်ထားတဲ့ လက်ဝတ်လက်စားတွေ ဆေးမယ်ဆို သွားတိုက်ဆေးပွတ်ပြီး တစ်ညသိပ်ထားပြီး မနက်ကျရင် အဝတ်နဲ့ ပွတ်ပါ။ စိန်ကို အရောင်ထွက်အောင် သွားတိုက်ဆေး၊ သွားပွတ်တံ၊ ရေနည်းနည်းနဲ့ ဆေးပေးလို့ရပါတယ်။ ပုလဲဆေးဖို့တာ့ အသုံးပြုလို့မရပါဘူး။ 
Skip a beat?
CD ချပ်တွေမှာ အစင်းကြောင်းထင်နေလို့ နားထောင်ရထစ်နေရင် သွားတိုက်ဆေးပါးပါးကို သုတ်ပြီး ဆေးချနိုင်ပါတယ်။ အစင်းကြောင်း နက်တာတွေတော့ မရဘူးပေါ့။
Clean your piano
စန္ဒယားတွေမှာ လူလက်ကထွက်တဲ့ အဆီကပ်ပါများရင် ကြာရင် လက်ကွက်နေရာက ဝါသွားတတ်ပါတယ်။ သွားတိုက်ဆေးနည်းနည်းစီလိုက်တို့၊ အဝတ်စိုနဲ့ တစ်ခါ သုတ်၊ ပြီးရင် အဝတ်ခြောက်နဲ့ တစ်ခါသုတ်ရင် ရှင်းသွားပြီ။
Deodorize Baby Bottles
နို့ဘူးတွေ မှာ နို့ချဉ်နံ့ရတတ်ပါတယ်။ အနံ့ကိုဖျောက်ဖို့ သွားတိုက်ဆေးကို အသုံးပြုနိုင်ပါတယ်။ စင်အောင်ဆေးဖို့တော့ လိုမယ်နော်။
Iron Crust
မီးပူအသုံးပြုတာကြာလို့ရှိရင် မီးပူပြားပေါ်မှာ ညိုညို သံချေးတတ်သလို ဖြစ်တတ်ပါတယ်။ သွားတိုက်ဆေးမှာပါတဲ့ silica က ချေးတက်နေတဲ့ အလွှာကို ဖယ်ပေးပါလိမ့်မယ်။
Defogging
ရေကူးမယ်၊ ရေငုတ်မယ်ဆို တပ်တဲ့မျက်မှန်မှာ ရေခိုးမရိုက်အောင် သွားတိုက်ဆေးနည်းနည်းပွတ် စင်အောင်ဆေးချရင်၊ ရေထဲရောက်ရောက်၊ ပြန်တက်တက် ရေငွေ့မရိုက်ပဲ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။
ဒီဆောင်းပါးလေးကို စာဖတ်သူတွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ တချို့နည်း တွေ မစမ်းရသေးတော့၊ တကယ် အသုံးဝင်မဝင်မသိပါဘူး။
 ဆံပင်နဲ့ ပတ်သက်လို့ tutorial က ဟိုတလောက ဆံပင်ညှပ်တာ ပုံပျက်ပန်းပျက်ဖြစ်နေတာမို့ တင်ဖို့ အခက်အခဲရှိနေလို့ပါ။ :D ကြိုးစားပြီး တင်ပေးပါမယ်နော်။ 
ကျန်းမာရွှင်လန်းကြပါစေရှင်။
You Might Also Like
20 comments
  1. ကတောက်... သွားတိုက်ဆေး ဒီလောက်အသုံးဝင်မှန်း မသိလိုက်တာ နာသဗျာ။ ကျေးဇူးနော့်... မနက်ဖြန် သွားတိုက်ဆေးကို ခေါင်းလိမ်းဆီလုပ်ပြီး လိမ်းကြည့်ဦးမယ်... ပွက်ဆိတ်ကိုက်လို့ကတော့ စိတ်ချိုးမှာ ဟီး ဟီး ဟီး :P
    ReplyDelete
  2. သွားတိုက်ဆေး အသုံးဝင်ပုံလေး မှတ်သားသွားတယ်
    လာထား . . . တစ်မျက်နှာလုံး
    ပုံပြီး လိမ်းပစ်ဦးမယ်
    ( မစိုးရိမ်ပါနဲ့ ... စတာ ... ဟဲဟဲ )
    ReplyDelete
  3. ဖတ်သွားတယ် မြတ်ကြည်ရေ
    ReplyDelete
  4. ဆီပူလောင်တာကိုလိမ်းတာတော့ ကိုယ်တွေ့ပဲမြတ်ကြည်ရေ။ တော်တော်သက်သာတယ်။ မီးလောင်ဖုလဲမဖြစ်ဘူး
    ReplyDelete
  5. အားလုံးစမ်းသပ်ချင်စရာချည့်ဘဲ။ စန္ဒယားမှာသုံးလို့ ရသလိုလက်တော့ပ်လက်ကွက်တွေမှာသုံးလို့ ရမလားမသိ။ သူ့ လက်တော့ပ်ကိုအရင်စမ်းကြည့်လိုက်မှနဲ့ တူတယ်။း)
    အိုင်အိုရာ
    ReplyDelete
  6. ဗဟုသုတအများကြီးရတယ်...မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်....
    ReplyDelete
  7. သွားတိုက်ဆေးကောင်းကြောင်းကိုတော့အမေပြောလို.သိနေတာကြာပြီ။
    တော်တော်များများလဲလုပ်ဖူးတယ်။သွားတိုက်ဆေးဆိုတာအိမ်တိုင်းမှာလဲအလွယ်တကူရနိုင်တာဆိုတော့ အဆင်ပြေတယ်နော်။ဒီပို.စ်လေးအတွက်ကျေးဇူးပါရှင်
    Areal Thu
    ReplyDelete
  8. နည်းလမ်းလေးတွေ ကောင်းပါ့... အမေပြောဖူးတဲ့နည်းကတော့ သွားတိုက်ဆေးနဲ့အုန်းဆီရောပြီး ကလေးဗိုက်ပေါ်လိမ်းရင် လေနာတာ ပျောက်တယ်တဲ့ ၊ စမ်းတော့မကြည့်ဖူးဘူး :-)
    ReplyDelete
  9. မြတ်ကြည်ရေ...
    တော်တော်များများသိတယ်..
    မသိတာတွေလဲ ပါတယ်..
    မီးပူပြားဆေးတာ ခုမှသိတယ်... အတော်ပဲ..
    အိမ်ရောက်ရင် အဲ့တာလုပ်ကြည့်ရမယ်..။
    ReplyDelete
  10. Okeeeee
    I'll try the iron plate.I noted your tips and tks for sharing as usual.
    Gyidaw
    ReplyDelete
  11. မှတ်သားစရာလေးတွေပါပဲ
    အသေအချာအလွတ်ကျက်သွားတယ်
    ReplyDelete
  12. တော်တော်လေးကောင်းပါတယ်။ သွားတိုက်ဆေးလို့ မခေါ်တော့ပဲ အစုံတိုက်ဆေးလို့တောင် ခေါ်ရမလိုဖြစ်နေပြီ။
    ReplyDelete
  13. အလွမ်းလည်း သိသင့်တာလေးတွေ
    လာရောက်စုဆောင်း မှတ်သားသွားတယ်။
    ကျေးဇူးပါ။
    ခင်မင်တဲ့
    မကြီးလွမ်း
    ReplyDelete
  14. Thank you Sis...
    Useful facts about tooth paste... :))
    ReplyDelete
  15. ကွန်ပျူတာ ပရိုဆက်ဆာကပ်တဲ့ကော်မရှိရင် သွားတိုက်ဆေးနဲ့ လုပ်လို့ရတယ်အစ်မ.။
    ReplyDelete
  16. သွားတိုက်ဆေးရဲ့ နောက်ထပ်အသုံးဝင် ပုံလေးကတော့ နှာခေါင်းထိပ်မှာ ဖြစ်တက်တဲ့
    Black Head လေးတွေကိုလည်း ဖယ်ရှားလို့ရပါတယ် သွားတိုက်ဆေးနဲ့ အိမ်သုံးဆားကို
    မွှေပြီး နှာခေါင်းပေါ်မှာ ပွတ်လိမ်းပေးပါ ပြီးရင် ငါးမိနစ်ခဏထားပြီး နှိပ်နယ်ပေးပါ ပြီးရင်တော့ရေဆေးပြီး သန့်စင်လိုက်ပါ ပြီးရင် Snow Towel လေးနဲ့ သန့်စင်ပေးပြီး
    Toner လေးလိမ်းထားလိုက်ရင် ရပါပြီ
    ReplyDelete
  17. ဖိုင်ဘာဘော်ဒီတွေအရောင်မှိန်နေရင်လည်း..သွားတိုက်ဆေးနဲ့အုန်းဆီရောပြီးတိုက်..နေပူလှန်းလိုက်ရင် မူလအတိုင်းအရောက်ပြန်ထွက်လာတယ်ဗျ..ဥပမာ..တီဗီဘောင်တို့၊ ကက်ဆက်ဘော်ဒီတို့လိုမျိုးပေါ့။ (အဟောင်းကိုအဲနည်းနဲ့မန်းမှုတ် လက်ပူတိုက်ပီး...တပတ်ရစ်ဂွတ်ဆက်ကန်းဟန်းဆိုပြီး..ဂွင်ဖန်ခဲ့ဖူးတယ်.) ဟိဟိ
    ReplyDelete
  18. တော်လိုက်တဲ့ငါ့မောင် တွတ်တွတ်
    ReplyDelete
  19. ညီမလေးက တော်လိုက်တာနော်.. မသိသေးတာတွေ သိခွင့်ရတဲ့အတွက် ကျေးဇူး အထူးပါ။ I really appreciate your effort. :)
    ReplyDelete