Magenta Waves ( Nail Tutorial)

By 1:00 PM


ဘလော့ကို မလှည့်တာ တော်တော်ကြာသွားလို့ စာဖတ်သူတွေ မေ့တောင်မေ့နေလောက်ပါပြီနော်။ Update လေး တွေရှိတယ်။ စာဖတ်သူတွေကို ပြောရင်ကောင်းမလား မပြောရင်ကောင်းမလား?? 

လက်သည်း post မတင်တာ ကြာပြီမို့ စိတ်ကူးရတုန်း စမ်းထားတာလေး တင်လိုက်ပါတယ်။ 
လုပ်ကြည့်မယ်ဆို အရောင်မတူတဲ့ လက်သည်းနီ ၂မျိုး ပဲ လိုပါတယ်။  



Magenta Waves ဆိုတာ ထုံးစံအတိုင်း ကိုယ့်ဟာကို နာမည်ပေးထားတာ။ :D

နည်းလမ်း

အောက်ခံ လက်သည်းနီကို မရမ်းရောင် အပြည့် ဆိုး။ ခြောက်ပြီဆို၊ အနက် ကို လက်သည်း ၃ပုံ ၂ပုံ ကျော်ကျော် လောက်ထိ  ဝိုက်ပြီးဆိုး ပါတယ်။ ပြီးရင် အနက် ရောင်ရဲ့ ၃ပုံ ၂ပုံ ကို မရမ်းရောင် ထပ်၊ အနက်ထပ်၊ မရမ်းရောင်ထပ် အဲလို ထပ်ထပ်ပြီး ဆိုးသွားတာပါ။    


ဆန့်ကျင်ဘက် အရောင်လေးတွေ တွဲသုံးရင် ပိုလိုက်ပါတယ်။  ဥပမာ။ ။ အဖြူနဲ့ အနက်လိုမျိုးပေါ့။ 

မှုန်တုန်ဝါးလေးတွေကို instagram application နဲ့ ပြင်ထားပါတယ်။ :)

စာဖတ်သူ အားလုံး သာယာပျော်ရွှင်ဖွယ် နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေရှင်။




You Might Also Like

2 comments

  1. ဒီကောင်မလေး ဘာလို့ ဘလော့မလည်ဖြစ်လဲ သိနေတယ်နော်...

    ဘလော့မလည်ဘဲ အပြင်မှာ လျှောက်လည်နေတာ မသိရင်ခက်မယ်..

    ထင်တော့ထင်သား မတူပါဘူးလို့ ဟိဟိ :D :D

    ReplyDelete
  2. Thanks for sharing.
    Iora

    ReplyDelete