Dutch Braid ကျစ်ဆံမြီး ပြောင်းပြန်

By 9:47 AM

အရင်ဖုန်းလေးနဲ့ ရိုက်ထားတဲ့ ပုံတွေ ပြန်ထုတ်ကြည့်ရင်း Dutch Braid ကျစ်ပြီး ရိုက်ထားတာလေး ပြန်တွေ့တာနဲ့ လုပ်နည်းလေး တင်ပြလိုက်ပါတယ်။



ကျစ်ဆံမြီးပြောင်းပြန်လို့ ပြောတာက ပုံမှန် ကျစ်ဆံမြီးလို မျှားချွန်လေးတွေ အောက်စိုက်မနေပဲ ပြောင်းပြန်တက်နေလို့ပါ။ ကျစ်နည်းကလည်း ပြောင်းပြန်ပါပဲ။ ရှုပ်သွားသလားမသိ?

 ရိုးရိုးကျစ်ဆံမြီးမှာ ဘယ်ဘက်ကဆံပင်ကို အလည်ပို့၊ ညာဘက်ကဆံပင်ကို အလည်ပို့။ ပို့တဲ့ အခါမှာ အပေါ်ကကျော်ကျော်ပို့ကြပါတယ်။ Dutch Braid မှာတော့ ညာဘက်ကဆံပင်ကို အောက်ကလျှိုပြီး အလယ်ကိုပို့၊ ညာဘက်ကဆံပင်ကိုလည်း အောက်ကလျှိုပြီးအလယ်ကိုပို့၊ ညာဘက်ဆံပင်ကိုပေါင်း အလည်ပို့၊ ဘယ်ဘက်ဆံပင်ကိုပေါင်း အလယ်ကိုပို့။ပို့တိုင်းမှာ အောက်ကလျှိုပြီး ပို့သွားတာပါ။ ငါးမြီးကျစ်ဆံမြီး (French Braid) အပေါ်ကပို့တာနဲ့ ပြောင်းပြန်ပေါ့။



ဆံပင်ကို အခုလို အပိုင်း ၃ ပိုင်း ခွဲပါ။


ဘယ်ဘက်ဘေးဆုံး အပိုင်း (၁) ကို အလယ် အပိုင်း (၂) အောက် ရှိုပြီး အလယ် သို့ပို့ပါ။ 
 အပိုင်း (၁) က အလယ်သို့ရောက်လာပါလိမ့်မယ်။

 ညာဘက် အပိုင်း(၃)ကို လည်း အလားတူ အလယ်ပိုင်း (၁) အောက်ကို လျှိုပြီး အလယ်ကို ပို့ပါ။



ပြီးရင် အနည်းကပ်လျက်ရှိတဲ့ ဆံပင်တွေကို ဘေးမှာရှိတဲ့ အပိုင်းတွေနဲ့ပေါင်းပြီး ခုန အတိုင်း ကျစ်သွားရုံပါပဲ။


ပုံတွေကို squidoo က ယူပါတယ်။ 

ရှင်းရှင်းလင်းလင်း လေး ကြည့်ချင်ရင်တော့ ဒါလေးကို ကြည့်ပေါ့နော်။



ဒီဆံပင်ပုံစံလေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။
အဆင်မပြေတာရှိလည်း ပြောနိုင်ပါတယ်ရှင်။ အလှတွေပိုနိုင်ကြပါစေ။

You Might Also Like

3 comments

  1. နည်းလေးမှတ်သွားပါတယ် ညီမလေး..

    ReplyDelete
  2. မြတ်ကြည်ရေ...ဒီလိုလေး ကျစ်တတ်ချင်တာ ကြာလှပီ...မှတ်သွားတယ်....ကျေးဇူးပဲ။ :)

    ReplyDelete
  3. လှတယ်..စမ်းကြည့်ဦးမယ်..ဆံပင်ရှည်လာတော့မှ..

    ReplyDelete