Korean cosmetics တွေကို သက်သက်သာသာ ဝယ်ယူနိုင်ဖို့

By 6:18 PM


english.gmarket.co.kr (Gmarket)

ဂျီမားကတ် (Gmarket) ဆို တော်တော်များများ သိနေလောက်ပြီ ထင်ပါတယ်နော်။ ကိုရီးယားလူမျိုးတွေရဲ့ အဝယ်အများဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံး ဈေးဝယ် site ပါ။ မြတ်ကြည်လည်း အဲဒီကပဲ ဝယ်ပါတယ်။ ဈေးတန်တယ်။ ရောက်တာ မြန်ပါတယ်။ တခြား နိုင်ငံ တော်တော်များများ က နေလည်း gmarket မှာ အကောင့်ဖွင့်ပြီး ဝယ်လို့ရတာမို့၊ တော်တော်လေး အဆင်ပြေပါတယ်။

Tony Moly Lip gloss ::: Gmarket ကဝယ်တာ။ :)

ဒီတစ်ခေါက် ရန်ကုန် ရောက်တော့၊ ကိုရီးယားက လာဖွင့်တဲ့ နာမည်ကြီး တံဆိပ်ဆိုင်တွေ ရှိနေပါပြီ။ Junction မော်တင် တို့လို အသစ်ဖွင့်တဲ့ shopping center တွေမှာ ရနိုင်နေပါပြီ။ ဈေးတော့ နည်းနည်း ကွာတယ်။ တင်သွင်းခတို့ ဘာတို့ကြောင့် ဖြစ်မယ်ထင်တယ်။

www.facebook.com/dollyster (Moon Ster)

 ဒါလေးက မြန်မာနိုင်ငံက မြတ်ကြည် သူငယ်ချင်းရဲ့ page ပါ။ ကိုရီးယား အလှကုန် တော်တော်များများကို အိမ်တိုင်ရာရောက် မှာနိုင်ပါတယ်။  သူက တခါတလေ အကူအညီလှမ်းတောင်းလို့ လူကြုံရှိတဲ့ အခါ၊ ဝယ်ဝယ်ပြီး ပို့ပေးဖြစ်တယ်။ အမြတ်တော့ နည်းနည်း တင်ထားမယ်ထင်တယ်။ ဟီးဟီး :D
ဒါပေမယ့် ဆိုင်တွေထက်စာရင် အများကြီးသက်သာပါတယ်။

 ဒါဆို ကိုရီးယားအလှကုန်တို့၊ bbcream တို့ စမ်းသုံးချင်တဲ့ စာဖတ်ပရိတ်သတ် တွေ ဝယ်ရ အဆင်ပြေလိမ့်မယ်ထင်ပါတယ်နော်။

သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက် ဖြစ်ပါစေရှင်။

You Might Also Like

7 comments

  1. တိုနီမိုလီကိုတော်တော်ကြိုက်တယ် သူကအင်တာနေရှင်နယ် မန်ဘာကတ်လဲရှိတော့အဆင်ပြေတယ်မြတ်ကြည်လေးရေ
    ဂျီမားကတ်တော့မ၀င်ကြည့်ဖူးသေးဘူး
    လုပ်ကြည့်ဦးမှဘဲ

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  2. နာတို့ယဲ လိုချင်ဒယ် ဒီမှာရဝူး :(

    ReplyDelete
  3. မဒိုးကို မြှောက်ပေးပြန်ပြီ နာ့အစ်မကတော့. ။ နောက်တစ်ခါလာရင်လှမ်းတောက်လိုက်ဦးနော်.။ အစ်မ.။

    ReplyDelete
  4. သားတို့ သုံးတဲ့ဟာလေးတွေ..ဘယ်မှာဝယ်ရလဲဟင်..( B B ဘီယာ မှာလို့ ရမလားဟင်)

    ReplyDelete
  5. အမရေအမသူငယ်ချင်းရဲ့online shopကမဆိုးဘူး။တန်လည်းတန်တယ်။အမညွန်ပေးတဲ့အတွက်ကျေးဇူးပါ။

    ReplyDelete
  6. အဆင်ပြေတယ်ဆိုလို့ ဝမ်းသာပါတယ် ညီမလေး။

    ReplyDelete