Waterfall braid

By 11:13 AM


ဒါလေးကို ကျစ်ကျစ်ကြည့်နေတာကြာပါပြီ။ မရ၊ မရနဲ့ လက်လျှော့ခါနီးမှ ဖြစ်မြောက်သွားတော့တယ်။ :D ခက်တာတော့ခက်တယ်။ ဒါပေမယ့် တော်တော်လေးလှပါတယ်။ စိတ်ဝင်စားတယ်ဆို --


အရင်ဆုံးထိပ်က ဆံပင်ကို ပိုင်းပြီး သုံးပိုင်းခွဲပါတယ်။ ပုံမှန်ကျစ်ဆံမြီး လို ခွဲကြောင်းဘက်ကဆံပင်ကို အလယ်ပို့ ဘေးဆုံးကဆံပင်ကို အလယ်ကိုပို့။


အဲလိုကျစ်လို့ အရှေ့ဆုံးကို ကျလာတဲ့ ဆံပင်ကို ပြန်မကောက်ပဲ ချထားလိုက်ပါ။ အဲဒီဘေးနောက်မှရှိတဲ့ ဆံပင်စကို အပိုင်းသစ်အနေနဲ့ အစားထိုး ထည့်ကျစ်ပါ။ ဦးရေထိပ်မှာရှိတဲ့ဆံပင်ကို ပေါင်းပေါင်းပြီး ကျစ်သွားပေးပါ။

ဖော်မြူလာကတော့--

 ကျစ်ဆံမြီးကျစ် > အရှေ့ဆုံးအစကိုချန် > နောက်ဆံပင် အသစ်ကို ယူ > အပေါ်ဆံပင်ကို အပေါ်အစနဲ့ပေါင်း > ကျစ် > အရှေ့အစကို ချန် > နောက် အသစ်ကို ယူ > အပေါ်ဆံပင်ကို အပေါ်အစနဲ့ပေါင်း >>> အကုန်ပြီးရင် ကလစ်လေးနဲ့တွယ်လိုက်ပါ။


Step- by-Step ပုံလေးတွေကို E-entertainment magazine မှ ကူးယူဖော်ပြပါတယ်။ ဗီဒီယိုကတော့ မြတ်ကြည် လုပ်ထားတာလေးပေါ့နော်။



Belated Blog Day

ဒါနဲ့မြတ်ကြည်သဘောကျလို့ ဝင်ဝင်ဖတ်ဖြစ်နေတဲ့ ဘလော့အသစ်လေးတွေရှိပါတယ်။ ဘလော့ဒေး (Blog Day) တုန်းက ရန်ကုန်ပြန်နေတာနဲ့ မရေးဖြစ်လိုက်တာ။ အခုမှ တရေးနိုး :P
ဘလော့ဂါ အသစ် ၃ ယောက်နဲ့မိတ်ဆက်ပေးပါမယ်နော်။

၁။ အိမ်ရှင်မ http://thameenge.blogspot.com/

အိမ်ထောင်မှုကိစ္စနဲ့ပတ်သက်တာ၊ အလှအပရေးရာနဲ့ ပတ်သက်လို့ အပြည့်အဝ အားကိုးနိုင်တဲ့ ဆိုက် လေးပါ။ မြတ်ကြည်ဆို အဲဒီထဲရောက်ရင် ပြန်မထွက်ချင်တော့ပဲ ရှာရှာဖတ်နေတော့တာပါပဲ။ လိုတိုရှင်းနဲ့ ဗဟုသုတတွေ အများကြီးရှိပါတယ်။

၂။ ဘေဘီအိန်ဂျယ်လ် http://luckywhiteangle.blogspot.com/

စာမြိန်စေတဲ့ ချက်နည်းပြုတ်နည်းတွေကို ရေးသားထားပါတယ်။ သွားရည်ကျစရာ ဆိုက် တစ်ခုတိုးတာပေါ့။

၃။ My Little World http://officiallyyoursforever.blogspot.com/

ဒါကတော့ ချစ်စရာကောင်းတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ဝယ်ဝယ်စုတတ်တဲ့ ချစ်စရာကောင်းတဲ့ ညီမလေး တစ်ယောက်ရဲ့ diary ဘလော့ပါ။ နေ့စဉ်အကြောင်းအရာလေးတွေ ရေးတတ်သလို၊ တခါတရံ ပစ္စည်းကောင်းလေးတွေကို လည်း ညွှန်းပေးတတ်ပါတယ်။

တစ်နှစ် တစ်နှစ်ဆိုတာ ခဏလေးပါပဲနော်။ မနှစ်က ကိုယ့်ဘလော့သစ်လေးကို ဘလော့ပေါ်က အစ်မတွေ မိတ်ဆက်ပေးလို့ ဝမ်းသာခဲ့ရတာလေးတွေ ပြန်အောက်မေ့မိတယ်။ :')


စာမေးပွဲနောက်လမှာရှိလို့ post အတင်ကျဲနေမှာပါ။
 သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ဖြစ်ပါစေရှင်။


You Might Also Like

7 comments

  1. အခုလို မိတ်ဆက်ပေးတာကျေးဇူပါညီမလေးမြတ်ကြည်..

    ReplyDelete
  2. I would like to thanks a ton for the work you've put in writing this web site. I am hoping the same high-grade webpage post from you in the upcoming also. The fact is your original writing abilities has inspired me to get my own site now. Actually the blogging is spreading its wings fast. Your write up is the best example of it.

    ReplyDelete
  3. ဆံပင်ကျစ်တာလေးစိတ်ဝင်စားလို့လာကြည့်သွားတယ်ညီမလေးရေ.

    ReplyDelete
  4. ဆံပင်ဒီဇိုင်းလေးက လှတယ် မြတ်ကြည်ရေ..မြတ်ကြည်ညွှန်တဲ့ ဆိုဒ်လေးတွေ သွားလည်ဦးမယ်..

    ReplyDelete
  5. ယွန်းလေးOctober 13, 2012 at 10:30 AM

    အမ ဝင်ကြည့်ဖြစ်တာတော့ကြာနေပြီခုမှရေးဖြစ်တယ် အမ ကိုအားပေးနေတယ်

    ReplyDelete