အလှအပ clinic သို့တစ်ခေါက်

By 3:34 AM


အရင်အပတ်လောက်က သူငယ်ချင်းနဲ့ ကြေးအိုးစားနေတုန်း ဂွတ်တလိပ်ဘက်မှာ အလှအပ ဆေးခန်း တစ်ခုကို သတိထားမိတဲ့ အကြောင်းစကားစပ်မိသွားတော့ သိပ်မကြာပါဘူး။ သွားစပ်စုကြတာ။ :D

အထူးအဆန်းလေးတွေ ရှိလို့ မေးလာခဲ့ပါတယ်။ ဘာမှတော့မလုပ်ဖြစ်ပါဘူး။ ထူးထူးခြားခြားတွေက အသားဖြုအောင်ဆေးထိုးလို့ရပါသတဲ့။ အကြောဆေး (IV) Vitamin C နဲ့   Glutathione တွဲထိုးတာလို့ ပြောတာပဲ။ နောက်တစ်ခုက mesotherapy fat injection ပါ။ ထုံးစံတိုင်းမဟုတ်ပဲ အဆီကျချင်တဲ့နေရာကို injection ထိုးပြီး အဆီချတာ။ တစ်ခါထိုး ၂ ampoule ။ Tone တက်အောင် စက်နဲ့တွဲလုပ်ရင် ပိုကောင်းတယ်ပြောတယ်။  ဒါပေမယ့် tone အတွက်က ကိုယ့်ဘာသာ belly ရိုက်လည်းရတာပဲလေနော်။

နောက်တစ်ခုကတော့ laser hair removal တွေပေါ့။ နေရာပေါ်မူတည်ပြီး ဈေးတွေတော့ ကွာသွားတာပေါ့နော်။ သူက လုပ်မယ်ဆို ၆ ကြိမ်ဆိုပြန်မထွက်တော့ပါဘူးတဲ့။ ဒါပေမယ့် လူမျိုး၊ အမွှေးအရမ်းထူတဲ့သူတွေကိုတော့ အာမမခံပါဘူးတဲ့။ ခွဲခြားတာလား ပြောပါ :P

တခြား esthethics ဆိုင်တွေရဲ့ ထုံးစံအတိုင်း နှာခေါင်း filler ထိုးတာတို့၊  botox ထိုးတာတို့   မျက်နှာ peeling တို့ရှိပါတယ်။ သူတို့ပြောတဲ့ အများကြီးထဲကမှ စိတ်ဝင်စားတာလေးတွေကို ဈေးနှုန်းမေးခဲ့ပါတယ်။
တစ်ခုချင်းဆီကို 5 TIMES - 1 TIME FREE , 10 TIMES - 3 TIMES FREE.

တစ်ခါလုပ် ဈေးတွေကတော့ --

Rejuvenation therapy  - 145,000
Meso fat injection       -   90,000
Hair removal (armpit) -   80.000 

၁၀ ကြိမ် sessions ယူမယ်ဆို 30% DISCOUNT ချပေးမယ်ပြောတာပဲ..

ဆိုင်နေရာကတော့ ဦးချစ်မောင်လမ်း Aroma ဓာတ်ပုံတိုက်တို့၊  AGD ဘဏ်တို့နားမှာပါ။
ဆိုင်အပြင်အဆင်ကတော့ ယိုးဒယားဘက်ကနဲ့ ဆင်ပါတယ်။ မလုပ်ဖူးတော့ကောင်းမကောင်းတော့ ပြောလို့မရဘူးပေါ့နော်။
လိုက်ရှာလိုက်တာ facebook page -- https://www.facebook.com/MyPrincessClinic ဒါကကိုယ့်စရိတ်နဲ့ကိုယ်ရေးတာပါ။ ကြော်ငြာခရတယ်ထင်မှာစိုးလို့။ :D

 မြတ်ကြည် ကိုရီးယားမှာတုန်းက သွားခဲ့တဲ့ အလှအပ ဆေးခန်း အကြောင်းဖတ်မယ်ဆိုရင် ဒီအောက်က လင့်လေးကို နှိတ်ပြီး ဖတ်ရှုနိုင်ပါတယ်နော်။

 http://thanakharmay.blogspot.com/2012/11/cosmetic-clinic.html

သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။





You Might Also Like

6 comments

  1. အသားဖြူအောင်ထိုးမဲ့ဆေးကတော့ကြောက်စရာကြီးမြတ်ကြည်လေးရယ်။
    အို်င်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ် အစ်မ။ glutathione က melanin pigment ကို မ ဖြစ်အောင်တားပေးတာဆိုတော့ အချိန်အဆမှားသွားရင် ကြောက်စရာ

      Delete
  2. အသားဖြူ ဆေးက တစ်သက်လုံးဖြူတာလား
    ခဏပဲဖြူတာလား

    ReplyDelete
    Replies
    1. တစ်​ခါထိုးရင်​ ​ဆေး အာနိသင်​က ၂ လ က ​နေ ၄ လ ခံပါတယ်​။

      Delete
  3. အသားဖြူ​ဆေးထိုးရင်​ ဘာside effect
    ဖြစ်​နိုင်​လဲ ဟင်

    ReplyDelete
    Replies
    1. အစာမကြေ ၇င်ပြည့်၇င်ကယ် ဖြစ်တာတို့ ၆လ အတွင်း ခဏခဏ ထိုးရင် အာရုံကြော အားနည်းတာတို့ ၇တတ်တယ်

      Delete