ချစ်​သူဖို့ လက်​​ဆောင်​ (gift tips for him)

By 5:38 PM


လက်​​ဆောင်​ဆို ​ယောကျာ်း​လေး​တွေကပဲ​ပေးရမယ်​လို့ မသတ်​မှတ်​ထားပါဘူး။ ထုတ်​​ဖော်​မ​ပြော​ပေမယ့်​ သူတို့လည်း ချစ်​သူ​က အသိမှတ်​ပြုတာ သတိတရ ရှိတာမျိုး လိုချင်​ကြတာပါပဲ။ ​ ပျို​မေတို့လည်း ချစ်​သူကို တစ်​ခုခု​ပေးမယ်​စိတ်​ကူးထားရင်​ (valentine's day နီးပြီမဟုတ်​လား) ဒီ gift tips ​လေး​တွေကို ဖတ်​ကြည့်​နိင်​ပါတယ်​​နော်​။

ကိုယ်​နဲ့မကွာရှိ​နေမယ့်​ ပစ္စည်း ​လေး​တွေ​ပေးပါ။ ဥပမာ နာရီလိုမျိုး (​​ယောက်ျား​လေး​​တွေ crazy ဖြစ်တဲ့ ပစ္စည်း ၃ မျိုးရှိပါတယ်​။ ကားရယ်​၊ နာရီရယ်​ မိန်းမရယ်​ပါ :D) ဘယ်​အချိန်​ရှိပြီလဲ ကြည့်​တိုင်း ကိုယ့်​ကို ​ သတိရ​နေ​အောင်​​ပေါ့။ ​နောက်​ ရုံးသွား​လေ့ရှိတဲ့သူဆို  neck tile clip။ ​ရေ​မွေးဆိုလည်း သူနဲ့အတူ ရနံ့​လေးကရှိ​နေမှာပဲ​လေ။

သူ့အကြိုက်​ သိပါ။ သူက မန်​ယူ အမာခံပရိတ်​သတ်​လား? ​ဘောလုံးအသင်း နဲ့ဆိုင်​တဲ့ အကျီ ​လေး​တွေ အမှတ်​တရ ပစ္စည်း​လေး​တွေ ၀ယ်​​ပေးလို့ရပါတယ်​။ သူကြိုက်​တာ ဘာအ​ရောင်​ ဘာတံဆိပ်​ brand မှတ်​ထားတာ​လေး​တွေကို အသုံးချလိုက်​ပါ။

ပျို​မေ​တွေ​ ကြိုက်တဲ့ အရာတိုင်းကို သူတို့ ကြိုက်​ချင်​မှကြိုက်ပါလိမ့်​မယ်​။ ​ပြောရ၇င်​ အရုပ်​တို့ ပန်းစည်းတို့။ မကြိုက်​​​ပေမယ့်​ ​သူတို့​ကောင်​မ​လေး​တွေ​ပေးတာဆို​တော့ ​ကြိုက်​တယ်​ ကြိုက်​တယ်ပါ့။ ​​ ဒါ​ပေမယ့်​ယုံ။ မကြိုက်​ကြဘူး။ ပီစီပါစာ​လေး​တွေလည်း အဲလိုပဲ။ လက်​​တွေ့ဆန်​တယ်​​ခေါ်မလား။ အသုံးမတည့်​ရင်​ ​ချောင်​ထိုးခံရလိမ့်​မယ်​။ :P

အမှတ်​တရ ​လေး​တွေကို တန်​ဖိုး ထားတတ်​တယ်​။ ကိုယ်​က သူ့တစ်​​ယောက်​တည်းအတွက်​ ရည်​ရွယ်​ပြီးလုပ်​​ပေးတာကို သ​ဘောကျကြတယ်​။ မာဖလာထိုး​ပေးတာတို့၊ ကွတ်​ကီးဖုတ်​​ပေးတာတို့။ သူ့အကြိုက်​ဆုံးနှစ်​​ယောက်​တွဲ ဓာတ်​ပုံရှိရင်​ ပုံ​လေးထုတ်​​ဘောင်​​လေးသွင်းပြီး​ပေးလို့ရတယ်​။ အခု​ခေတ်​က ထုတ်​ချင်​တာထုတ်​ ခွက်​​တွေ ပန်းကန်​​တွေစုံလို့ပဲ။

သူ့ကိုနား​ထောင်​​စေချင်​တဲ့ သီချင်း​လေး​တွေရှိရင်​လည်း stick နဲ့ထည့်​​ပေးလို့ရပါ့။ ဒါမှမဟုတ် ရေဒီယိုမှာ သီချင်းတောင်း ကဏ္ဌလေးတွေ ရှိတယ်။ သူ့အတွက်ဆိုပြီး တောင်းပေးပြီး သူ့ကိုမပြောထားပဲ လွှင့်မယ့် အချိန် သူနဲ့အတူတူ နားထောင်ပေါ့။ :)

ဈေးကြီးဖို့မလိုပါဘူး။ ​ဈေးကြီးတိုင်းလည်း​ကောင်းချင်​မှ​ကောင်းတာ။ သက်​သက်​သာသာနဲ့လည်း ​ကောင်းတာ​လေး​တွေအများကြီးရှိပါတယ်​၊ လက်​​ဆောင်​ဆို ​ဈေးကြီးမှယူချင်​တဲ့ ​ယောကျာ်း​တွေ ဆိုရင်​​တော့ ​ပေးမ​နေပါနဲ့​တော့။

ခေါင်းထဲထွက်​သမျှ စဉ်းစားထားတာ​တော့ ဒီ​လောက်​ပါပဲ။ chocolate ​​လေးကျန်​ခဲ့လို့ :) လူတိုင်းလိုလို ကြိုက်​တယ်​​လေ​နော်။ ပျို​မေတို့​ရော ချစ်​သူကို​ပေးဖို့ စဉ်းစား​နေပြီလား?

သာယာ​ပျော်​ရွှင်​ဖွယ်​ ​နေ့​လေးတစ်​ရက်​ဖြစ်​ပါ​စေရှင်​။

You Might Also Like

0 comments