ငမိုးရိပ် မိချောင်းကန် (သာကေတ)
ရန်ကုန် မှာ လည်စရာက ရှားရှားပါးပါးထဲက လူတွေ သိပ်မသွားဖြစ်တဲ့ ငမိုးရိပ် မိချောင်းကန် ပါ။
သွားနေကျနေရာမဟုတ်တော့ နေရာသိသွားတဲ့အခါ စာဖတ်သူတွေလည်း ဧည့်သည်တွေ
ဘာတွေလာရင် လိုက်ပြလို့ရတာပေါ့နော်။
မိချောင်းကန်ကို ရောက်ပြီဆိုရင် အုံ့ဆိုင်းဆိုင်း သစ်ပင်ကြီးတွေနဲ့ စိမ်းလဲ့လဲ့ ကန်ထဲမှာ နေပူစာလှုံနေတဲ့ မိချောင်း၊ ရေချိုးဆင်းနေတဲ့ မိချောင်းတွေကို အစီအရီတွေ့ရမှာပါ။
ကန်ရဲ့ အပေါ်မှာ သစ်သားလျှောက်လှမ်းလေးတွေ ထိုးပေးထားပါတယ်။ မိချောင်းတွေက လူလာပြီဆို သူတို့တွေ အစာစားရ တော့မယ် ဆိုတာ သိနေပြီ။ လူသွားတဲ့ အတိုင်း တံတားဘေးကနေ မျှောလိုက်လာကြတယ်။ တံတားပေါ်လမ်းလျှောက်ရင်း သစ်သားကြမ်းကျွံခဲ့ရင် ဆိုပြီး မဟုတ်ကဟုတ်က တွေးဖြစ်ခဲ့ သေးတယ်။ :)
သူငယ်ချင်းမိသားစု
အလယ်နားလောက်မှာ ဗန်းလေးတွေ တောင်းလေးတွေချထားပြီး မိချောင်းစာ ရောင်း တဲ့ မိချောင်းကန် ဝန်ထမ်း အဒေါ်ကြီးတစ်ယောက် ထိုင်နေတယ်။ အစာက ပင်လယ်ငါး အကြီးကြီးတွေ။
တစ်ဗန်းမှ တစ်ထောင်တည်းရယ်။ ကျွေးပါလိမ့်။
အမှန် ဓာတ်ပုံ ရိုက်တဲ့ အချိန် ကိုယ်က ကျွေးပြီးနေပြီ။သို့ပေမယ့် ဆက်ရပ်နေတာ။
ကံကောင်းလို့ တစ်ကောင် ဓာတ်ပုံထဲပါလာတယ် :D
ကံကောင်းလို့ တစ်ကောင် ဓာတ်ပုံထဲပါလာတယ် :D
အဲဒီမှာ ဦးလေးကြီးတစ်ယောက်က ကန်ထဲလွှတ်ဖို့ အဆင်မပြေတဲ့ မိချောင်းငယ်လေးတွေ ၊
ဒုက္ခိတ မိချောင်းတွေ အတွက်ထားတဲ့ ရုံကို လိုက်ပြပေးတယ်။ မိချောင်း သဘာဝ ဘယ်လိုရှိတယ် ကန်ထဲဆင်းပြီး ပြတာ။ မိချောင်းတွေက အရိုင်းတွေ ၊ ပြန်လည်းကိုက်တယ်။ အမြီးနဲ့လည်းရိုက်တယ်။
အဲဒါကို တစ်ကန်ပြီပြီး တစ်ကန် လိုက်ပြတာ၊ မုန့် ဖိုး ၅၀၀၀ တည်းနဲ့။ သူ့အတွက် လုပ်နေကျပေမယ့် ကိုက်များ ကိုက်လိုက်ရင် ဆိုပြီး သူ့အစား ရင်လည်းတုန် စိတ်မကောင်း လည်းဖြစ်ရတယ်။
မိချောင်းနဲ့ နှုတ်ခမ်းချင်းတေ့ပြနေတာ
လူမသိ သူမသိ လေးပေမယ့် ဒီနေရာတွေပဲ လိုက်ပို့နေကျဖြစ်လို့ အပြောင်းအလဲလေးဖြစ်အောင် မိချောင်းကန်ကို ဒီတစ်ခေါက် သွားကြည့်လိုက်ပါနော်။ ဝန်ထမ်းတွေကိုလည်း ကူညီ၊ မိချောင်းတွေကိုလည်း ကူညီရာရောက်ပါတယ်။ မိချောင်းတွေက budget ကြောင့် တစ်ပတ်မှ ၁ ခါပဲ အစာစားရပါတယ်။ (လူလာမှ ပိုစားကြရတာ။)
သာကေတ capital ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ လမ်းထဲကို ၅ မိနစ်လောက် ဝင်သွားရင် ရောက်ပါပြီ။ ဟိုနေ့က ဖဘမှာ တင်တဲ့ ဖိနပ်လေးက မိချောင်းကန်က အပြန် အဲဒီမှာ ဝယ်လာတာ။ ရွှေပုဇွန်မှာ မနက်စာစား၊ မိချောင်းကန်ဝင်.. နေ့တဝက်စာ လိုက်ပို့စရာ ခေါင်းမခြောက်တော့ဘူးပေါ့..
သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်
Please give a visit to
for more updates
4 comments
Thank for sharing information. Have a nice time !
ReplyDeleteThanks. :)
Deleteကျေးဇူးမြတ်ကြည်လေးရေ။
ReplyDeleteသေသေချာချာကြော်ငြာကောင်းကောင်းနဲ့ ဆို
tourist attraction တစ်ခုအနေနဲ့ ပြလို့ ရတာပေါ့။
ဧည့်သည်အတွက် သန့် စင်ခန်း၊ စားသောက်ဆိုင် နဲ့  လုံခြုံစိတ်ချရတဲ့ လျှောက်လမ်းလေးတွေပါကောင်းကောင်းမွန်မွန်လုပ်ထားပေးပြီးတော့ပေါ့။
ကိုယ်လည်းမြတ်ကြည်လေးလိုဘဲ ကျွံများကျသွားရင်လို့ တွေးမိမှာဘဲ။း)
အိုင်အိုရာ
ဟုတ်တယ် မမ။ နေရာလေးက သာယာပေမယ့် ဒီထက်ပို သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးရင် ပိုကောင်းသွားမှာ။
Delete