ကိုယ်သာချစ်၍ သူပြန်မချစ်သောအခါ

By 4:58 AM



မြတ်ကြည် အချစ်အကြောင်းတွေ သိပ်မပြောဖြစ်တာ ကြာပြီ။ ဒီတစ်ခါ ပြောချင်တာလေးက မိန်းကလေးနဲ့ တစ်ဖက်သတ် အချစ်အကြောင်းပါ။ မိန်းကလေးတိုင်းမှာ တဖက်သတ်အချစ် ဆိုတာ ရှိခဲ့ကြတာပါပဲ။ လူသိတာနဲ့ လူသိမခံတာပဲ ရှိတာ။ 


ဘာဖြစ်လို့ မိန်းကလေး တစ်ဖက်သတ်အချစ်က ယောက်ျားလေးတွေနဲ့ ယှဉ်လိုက်ရင် အကျအရှုံးများတာလဲ?

 ဖြစ်နိုင်ချေ

1. ကိုယ်ချစ်တာကိုယ်ပဲသိ၊ သူကတော့ ဂရုမစိုက် ကိုယ့်ရှိတယ်လို့တောင်မထင်။
2. ကိုယ်ချစ်တာသူ့သွားပြော၊ သူသိသွား ရှောင်နေ။

 ဓလေ့ ထုံးလမ်း အစဉ်အလာက အဓိက ကျမယ်ထင်တယ်။ မိန်းကလေးက စ စိတ်ဝင်စားတာကို သဘာဝမကျဘူးလို့ ယူဆထားကြပါတယ်။ မမှားဘူးနော်။ ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေက မုဆိုးလိုပဲ လိုက်ရတာ သဘောကျတဲ့ လူတွေပါ။ သူ့လက်ထဲကို သူ မကြိုးစားပဲ ရလာတဲ့ ပစ္စည်းကို တန်ဖိုးမထားတတ်ကြပါဘူး။ လိုက်ရ ခက်လေလေ၊ ပိုတန်ဖိုးထားလေလေ ပါပဲ။ သူက ကိုယ့်ကို အစကတည်းက ချစ်နေရင်တော့ တမျိုးပေါ့။


အလုပ်က သူငယ်ချင်း တစ်ယောက်က ပြောတယ်။
Men like to conquer, so they will try to conquer the women they love.

Key Point
 ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ တဲ့။ ကိုယ်က သွားမချည်းကပ်ပါနဲ့။ ကိုယ့်ဆီ ချည်းကပ်လာအောင် ဖန်တီးပါ။


သိသာသိစေ မမြင်စေနဲ့

ကိုယ်ချစ်တဲ့သူကို ချစ်တယ်ဆိုတာကို ပြလို့ရပါတယ်။ သူ့ဆီ ဖုန်းတဂွမ်ဂွမ် ဆက်မှ သူ့အနားလိုက်ကပ်မှရယ် မဟုတ်ပါဘူး။ သူ ချစ်တယ်ဆို ကိုယ်ပြတဲ့ အရိပ်က ဘာကောင်ဆိုတာ တန်းသိပြီး ကိုယ့်ဆီ ချည်းကပ်လာလိမ့်မယ်။ သူ ပြန်မချစ်ဘူးဆိုတယ်ထားဦး ကိုယ့်ဘက်က သိက္ခာမကျပါဘူး။
ဥပမာ - တခြား သူငယ်ချင်း ယောက်ျားလေးတွေထက် သူ့ကို ပို အားကိုးပြတာ ပိုအရေးပေးတာ။

အကောင်ပြပြီး အရိပ်မမြင်ဘူးဆိုတဲ့ တုံးအတဲ့ ယောက်ျား ကမ္ဘာမှာ မရှိဘူး။ သူ မချစ်လို့ မသိဟန်ဆောင်တာပဲ ရှိပါတယ်။ တချို့ကျတော့ အထာကိုင်တယ်ဆိုတာမျိုးလည်းရှိတယ်။ အဲဒီလိုလူမျိုးက ဝေါင်ဝေါင်ရှေး အထဲပါတယ်။


ချစ်လာအောင် လုပ်လို့ရလား?

 ဖြေရ နည်းနည်းတော့ ခက်တယ်။ :D ကိုယ့် အစွမ်းအစ ပေါ် မူတည်တာပေါ့နော်။  ယောက်ျားလေးတွေ အတွက်တော့ လုပ်ရတာ ပိုလွယ်လိမ့်မယ်။ မိန်းကလေးတွေဆိုတာက "No"ဆိုရင် "May be"၊ " May be " ဆိုရင် "Yes " လို့တောင် ဆိုကြသေးတာကိုး။ ယောက်ျားလေးတွေကတော့ သူတို့ "No " ဆိုရင် တကယ့် သူ့စိတ်ထဲကလည်း "No"  ဖြစ်တာများတယ်။

Key Point
သူ သတိထားမိအောင် နေပါ။


လူတိုင်းဟာ လှတဲ့သူဆို မျက်လုံးက ပိုကြည့်မိသလိုပဲ၊ သူ့မှာလည်း ဒီမျက်လုံး ၂ လုံးပဲရှိတာပါ။ ယောက်ျားလေးတွေ အများစုအတွက် ချစ်ကြိုက်ခြင်းအစ မျက်လုံးကပဲ များတယ်။ ငြင်းချင် ငြင်းကြလိမ့်မယ်။ ဒါပေမယ့် မြတ်ကြည်ကိုယုံ။ :)

သာမန်နဲ့ ကွဲထွက်အောင်နေပါ။ Sexy ကြီးတွေ ဘာတွေ ဝတ်ဖို့မဟုတ်ဘူးနော်။ ကိုယ့် စတိုင်လ်နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အရမ်းပြင်လွန်း ဂရုစိုက်လွန်းတဲ့ မိန်းကလေးတွေကိုဆိုလည်း မကြိုက်တတ်ပြန်ဘူး။

သူ့ အကြိုက် က ဘာလဲ? လူတွေ သဘောသဘာဝ က ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲ။ အဲဒါကြောင့် ကိုယ်နဲ့ စိတ်သဘောထားချင်း တိုက်တဲ့သူကို ပိုပြီး လက်တွဲဖော်အဖြစ်ရွေးချယ်တတ်ကြတယ်။ သူ ကြိုက်တဲ့ အစားစာကို သူ့ရှေ့မှာ စားပြတာမျိုးပေါ့။

ယောက်ျားလေး အပေါင်းအသင်းတွေနဲ့ ပတ်သက်လို့က မတူညီတဲ့ ရှုထောင့် ၂ မျိုးရှိနိုင်ပါတယ်။ တချို့က အပြိုင်အဆိုင် အများကြီးတွေ့လာတဲ့ အခါ အူတိုပြီး ရယူဖို့ ကြိုးစားလာကြတတ်သလို၊ တချို့က ယောက်ျားလေးတွေနဲ့ အရောဝင်တဲ့ မိန်းကလေးကို မနှစ်သက်တာမျိုးလည်း ရှိနိုင်ပါတယ်။ စိတ်ချလက်ချ ချစ်ချင်တဲ့ သူမျိုးတွေပေါ့။ ဒါ့ကြောင့် မိမိ လူရဲ့  စိတ်ကို သိဖို့လိုတယ်လို့။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ Confidence ရှိတဲ့ လူတွေဟာ အရာရာ အောင်မြင်နိုင်ပါတယ်။

Note:  လုပ်ယူရတဲ့အချစ်က အလိုလိုဖြစ်လာတဲ့ အချစ်လောက်တော့ perfect မဖြစ်နိုင်ပါဘူး။


ရှောင်ရှား

Serious  ကြီး မထားပါနဲ့။ မလုပ်ပြပါနဲ့။ အမြဲမှတ်ထားရမှာက ယောက်ျားလေးတွေဟာ လိုက်ရတာ ကြိုက်တဲ့သူမျိုး။  သူ အားမထုတ်ခင်ကတည်းက ကိုယ်က serious ကြီးဖြစ်လေလေ၊ သူ့ဘက်က ပေါ့လေလေ။ ဒီစော်ကြီး ငါ ဘယ်အချိန်လိုက်လိုက်ရပါတယ်ဆိုတဲ့ အတွေးမျိုး ဝင်သွားတတ်ပါတယ်။

သနားပြီးချစ်လာအောင် မလုပ်ပါနဲ့။ အချစ်ဆိုတာ အလိုလို ဖြစ်ပေါ်လာတတ်တဲ့ အရာဖြစ်လို့ ကိုယ်က အတင်းလိုက်လို့ သူပြန်ချစ်တယ်ထားဦး၊ အဲဒီ အချစ်ဟာ သနားချစ်တို့ အားနာချစ်တို့ပဲ ဖြစ်ပါလိမ့်မယ်။ သူ့အတွက် ကိုယ်ဟာ သနားစရာမကောင်းတော့ရင်၊ သူတကယ်ချစ်တဲ့သူနဲ့ တွေ့တဲ့အခါ ကိုယ့်ကိုထားသွားပါလိမ့်မယ်။

တိုင်ပင်ပါ။ ဖောက်သည်မချပါနဲ့။ ဆိုလိုတာက ကိုယ့် စိတ်ချရတဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့ တိုင်ပင်လို့ရပါတယ်။ ဒါပေမယ့် အပြင်တော့ ပြန်မပေါက်ကြားစေနဲ့ပေါ့။ ဟိုးလေးတကျော်ကျော်ဖြစ်တဲ့အခါ သူပြန်ချစ်ရင် ကိစ္စမရှိဘူး။ မချစ်တဲ့အခါမှ ပတ်ဝန်းကျင်မှာ ဒီတစ်ယောက်က သူ့ကို သဘောကျ နေတာဆိုပြီး သတင်းပျံ့၊ ကိုယ့်ကို သဘောကျတဲ့ လိုက်မယ့်သူတောင် တပ်ခေါက်သွားလိမ့်မယ်။


သူပြန်မချစ်တဲ့အခါ

 ကျေးဇူးတင်လိုက်ပါ။ မချစ်တာကို ဟန်မဆောင်ပဲ ကိုယ့်ကို အမှန်တိုင်း ဆက်ဆံတဲ့အတွက်။ တချို့ ယောက်ျားလေးတွေက မချစ်ပေမယ့် အလကားရတယ်ဆိုတဲ့ ပုံစံမျိုး သူတို့ အကျိုးအတွက် အသုံးချရင် ခံရမှာက ကိုယ်ပဲလေ။ အထက်ကအတိုင်းနေတယ်ဆို သူကိုယ့်ကို မချစ်တဲ့အတွက် ဘာသိက္ခာမှ မကျပါဘူး။

တချိန်ချိန်မှာ ကိုယ့်ကို တကယ်ချစ်တဲ့သူလည်း တွေ့လာနိုင်တာပါပဲ။ အမှန်တိုင်းပြောရရင် ကိုယ်ချစ်ထက် သူချစ်က ပိုပြီး စိတ်အေးရတယ်။ အရာရာမှာ လိုက်မပူရတော့ဘူး။ ကိုယ့်အတွက်ဆို ဘာမဆို ဖြည့်ဆည်းပေးမယ့်သူက ပိုမကောင်းဘူးလား။


 မြတ်ကြည်နဲ့ တစ်ဘက်သတ် အချစ်

တဖက်သတ်အချစ်ဆိုတာ ငယ်ငယ်ကပဲရှိလိမ့်မယ်ထင်တယ်။ ကြီးလာတော့ သူချစ်ပဲ ရှာတော့တယ်။ :D


ဒါလေးက မြတ်ကြည်ရဲ့ အတွေ့အကြုံရယ် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာလေးတွေကို ခြုံငုံသုံးသပ်ပြီး ရေးထားတာပါ။ စာဖတ်သူနဲ့ သဘောထား ကွဲလွဲတာမျိုးလည်း ရှိနိုင်ပါတယ်နော်။

သာယာပျော်ရွှင်ဖွယ် နေ့လေးတစ်ရက် ဖြစ်ပါစေရှင်။http://www.facebook.com/thanakharmay










You Might Also Like

2 comments

  1. အော်..
    အချစ်..
    အချစ်


    ပေါက်

    ReplyDelete
  2. Ma Ma Pauk, long time no see. :)

    ReplyDelete