အရောင်များနှင့် ကစားခြင်း (fashion tips)

By 6:02 PM





ကျွန်မတို့ အဝတ်ဗီရိုထဲမယ် အရောင်တွေ အများကြီးရှိကြပါတယ်။ ဒါပေမယ့်လည်း တကယ့်တကယ် အရောင်လေးတွေ ဝတ်မယ့်ဝတ်တော့ ဝမ်းဆက် ရင်ဆက်... မဟုတ်လို့ကတော့ တွဲမိလိုက်တာက အနက်ရယ်၊ အဖြူရယ်၊ ဂျင်းရယ် ဒါတွေနဲ့ လည်နေတာ.. (ဟုတ်တယ်ဟုတ်?)

အဲဒီ နေ့ရက်တွေ နောက်မှာ အသာထားခဲ့ပြီး မြတ်ကြည်နဲ့အတူ အရောင် လေးတွေနဲ့ အသွင်မတူတဲ့ fashion စတိုင်လ် လေးတွေ ဖန်တီးရအောင်နော်။
 

1. Analogous

 ဘေးကပ်လျက် ရှိနေတဲ့ အရောင်လေးတွေ နဲ့ တွဲတာလေးပါ။ အောက်က ပုံလေးမှာဆို ကပ်လျက်ရှိတဲ့ ခရမ်း ပန်းရောင်နဲ့ အနီ လေးပေါ့။ သူ့အရောင်တွဲလေးတွေက  Subtle ဖြစ်ပြီး အမြင် ယဉ်ပါတယ်။ 


ဒီမှာလည်း အရှေ့ကလိုပါပဲ။ အပြာကို color wheel မှာ အပြာရဲ့  ဘေးကပ်လျက်မှာရှိတဲ့ အစိမ်းရောင်လေးနဲ့ တွဲပေးထားပါတယ်။



2. Complementary

လူကြားထဲမယ် vivid ဖြစ်ပြီး ပေါ်လွင်ဖို့ အရောင်တစ်ခုကို သူ့ရဲ့ မျက်နှာချင်းဆိုင်က အရောင်နဲ့ တွဲကြပါတယ်။

ဒီပုံလေးမှာဆို အနီရောင် လက်ရှည်လေးကို အစိမ်းရောင် fringe စကတ်လေးနဲ့ တွဲပြီး ဝတ်ပေးထားပါတယ်။


Complementary အရောင်တွေကို wheel အတိုင်းပဲ တွဲရင် မျက်စိ ကျိန်းစရာနော်။ :P
အတွဲအဆက်လေးတွေကို သိပ်မတောက်ထွက်စေချင်ရင် အရောင် နှစ်ရောင်ရှိတဲ့ အထဲမယ် တစ်ရောင်ကို ဖျော့၊ ဒါမှမဟုတ် လိုက်ရင့်ပြီး wearable look ကို ဖန်တီးနိုင်ပါတယ်။ ငါသိပ်များ တောက်နေသလား မစိုးရိမ်ရတော့ဘူးပေါ့။

အောက်မှာ တွဲဝတ်ထားတဲ့ မရမ်းရောင် စကတ်လေးကို နဂိုအရောင်အတိုင်း ဦးစားပေးပြီး အင်္ကျီအဝါလေးကို ဖျော့ထားပေးပါတယ်။



3. Color Block

လူငယ် ဆယ်ကျော်သက်တွေကြား ရေပန်းစားနေတဲ့ color trend လေးမှာ သုံးနားညီ တြိဂံလေးဆွဲပြီး ရလာတဲ့ အရောင် ၃ ရောင်ကို တွဲပါတယ်။

 


လူငယ်ပီပီ ပေါ့ပေါ့ပါးပါး၊ hangout တွေလိုမျိုးအတွက်ပဲ အဆင်ပြေလောက်မယ်။  မြတ်ကြည်ပဲ အသက်ကြီးသွားလို့လားမသိဘူး။ အဲလို ဝတ်တဲ့ အငယ်လေးတွေကို မြင်ရင် စပါးမွေး နည်းနည်းစူး သလိုပဲ။ :D

 


4. Monochromatic

အပြင်သွားရင် အဝတ်ရွေးဖို့ အချိန်မပေးနိုင်တဲ့ ပျိုမေတွေအတွက် ဒီ အတွဲအဆက်လေးက အဆင်ပြေဆုံးပဲ။ တစ်ရောင်တည်းဆိုတော့ ရှာရလွယ်ပြီး အနုအရင့်လေးတွေ လိုက်တွဲလိုက်တဲ့အခါ လုံးဝ ပျင်းစရာ မကောင်းတော့ဘူး။


 

 ပြောင်နဲ့ တွဲလို့ရသလို pattern အဆင်လေးတွေနဲ့လည်း တွဲဝတ်လို့ရတယ်။ အစိမ်းရောင်ကို တွဲထားတဲ့ ပုံလေး လှတယ်။ :)

 

 ဒီအောက်က ပုံမှာ ဒီဇိုင်နာက တူညီတဲ့ အရောင် tone တစ်ခုတည်းကို မတူတဲ့ fabric အသား နဲ့ တွဲဆက် ဝတ်ဆင်ပြီး အမြင်တမျိုး ဖန်တီးပေးထားပါတယ်။ Sophisticated! :)

 

ဒီလောက်ဆို ပျိုမေတို့လက်ထဲမယ် အရောင်တွေကို ဖက်ရှင် အမြင်နဲ့ စိတ်ကြိုက် ကစားလို့ရပြီပေါ့နော်။ ဒီဆောင်းပါးလေးကို သဘောကျတယ်၊ လိုက်ဝတ်ကြည့်လို့ အဆင်ပြေတယ်ဆိုရင် အောက်က ပုံးလေးမှာ LIKE လေး နှိတ်သွားပေးပါနော်။ မြတ်ကြည် ရေးရကျိုးနပ်တာပေါ့လို့။ :D

သာယာပျော်ရွှင်ဖွယ် နေ့လေးတစ်ရက် ဖြစ်ပါစေရှင်။
www.facebook.com/thanakharmay

You Might Also Like

0 comments