Celtic Knot ထုံးနည်း

By 3:09 AM


ဆံပင် တော်တော်များများက ဆံပင်လေးရှည်မှ လုပ်လို့ရတာများတယ်။ ဒါလေးကိုတော့ ဆံပင် တဝက်စည်း တဝက်ချတတ်တဲ့ ပျိုမေတွေ နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။ ကလစ်လည်း မလိုဘူး သားရေကွင်းလည်း မလိုဘူး။ :) နဂို ပုံစံနဲ့ ကွဲထွက် နေတာမို့ မြင်လူတိုင်းက ဘယ်လိုလုပ်သလဲဆိုတာ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။


 ပုံကြည့်ပြီး ခက်မှာပဲဆိုပြီး လန့်မသွားကြပါနဲ့နော်။ လုပ်ရ လုံးဝ မခက်ပါဘူး။


1.   ဘယ်က ဆံပင်စကို ယူပြီး ပုံက လို အခွေလေး တစ်ခု ဖန်တီးလိုက်ပါ။
2.  ညာက ဆံပင်စ ကို အခွေအောက်က ယူလာပါ။ အခုချိန်က စပြီး ညာဘက် ဆံ
ပင်စ နဲ့ပဲ လှုပ်ရှားတော့မယ်နော်။
3. ညာ ဆံပင်စကို a လို့ တဝက် တပျက်ပေါ်နေတဲ့ နေရာပေါ်က ဖြတ်ပြီး b ရဲ့ အောက်ကနေ လျှိုသွားပါ။ ရပါသေးတယ်နော်။ ပြီးဖို့ တစ်ဆင့်ပဲ လိုပါတော့တယ်။ အားတင်း ^__^
4. ပြီးရင် c အပေါ်ကဖြတ်၊ d အောက်ကို လျှို၊ e အပေါ်ကဖြတ် ပြီး တင်းတင်းလေး ဆွဲလိုက်ပါနော်။ 

Congratulations! Celtic Knot လေး အောင်မြင်စွာ ရရှိသွားပါပြီ။ :D

 




ပုံလေးကြည့်ပြီး အရင်လုပ်ကြည့်ပါနော်။ မြတ်ကြည်လည်း ပုံကြည့်ပြီးပဲ လုပ်ရင်း နောက်မှ အလွတ်ရသွားတာ :) ကိုယ်ကိုယ်တိုင်ထက် သူများကို လုပ်ပေးတာ ပိုအဆင်ပြေတယ်။


လုပ်ကြည့်လို့ အဆင်မပြေတာများရှိရင်လည်း ပြောနိုင်ပါတယ်နော်။
အလှတွေ ပိုနိုင်ကြပါစေရှင်။ <3
http://www.facebook.com/thanakharmay


You Might Also Like

4 comments

  1. ဆံပင်အရှည်နည်းနည်းရလာလို့ စမ်းကြည့်တယ်။
    မကျွမ်းတော့ညောင်းလိုက်တာမြတ်ကြည်လေးရယ်။
    မလျှော့သေးဘူး အားတော့မှထပ်စမ်းအုန်းမယ်။
    အမှန်တော့မခက်ဘူးနော်။ ကိုယ်ကဆံပင်ကိုင်နေမကျလို့ ။
    သဘောကျတယ်။
    မမအိုင်အိုရာ

    ReplyDelete
  2. မမသဒ္ဓါက ကြည့်တယ်. မလုပ်တတ်ဘူးကွယ်..
    သေချာလေး လုပ်ကြည့်အုံးမယ်..
    ဆံထုံးလေးတွေဆို သဘောကျတယ်..

    ချစ်ခင်သတိရလျက်
    မမသဒ္ဓါလှိုင်း

    ReplyDelete
  3. ဟုတ်တယ် မမ။ ပထမ အခေါက်တုန်းက အချိန်ယူလိုက်ရတယ်။ :)
    အစ်မသဒ္ဓါ မတွေ့တာကြာပြီနော်။ :D

    ReplyDelete
  4. ထုံးထဲ့ ပုံစံလေးက ချစ်စရာလေး။ လွယ်လည်း လွယ်မယ့်ပုံပဲ။
    ဒါပေမယ့် ကိုယ်တိုင် မလုပ်တတ်ဘူး xD

    ReplyDelete