ဝက်ခြံနဲ့ အစားအသောက်

By 5:28 PM


မိန်းကလေးတွေ တော်တော်များများက ဝက်ခြံပေါက်လာရင် မျက်နှာပေါ်လိမ်းဖို့ပဲ အာရုံထားတတ်ကြတာမဟုတ်လား? ဝက်ခြံထွက်ခြင်း မထွက်ခြင်းက အစားအသောက်ပေါ်မှာလည်း မူတည်ပါတယ်။ လူက အစာစားသလို၊ မျက်နှာမှာရှိတဲ့ ဆဲလ်လေးတွေကလည်း လူစားတဲ့ အစာ ထဲမှာပါတဲ့ အာဟာရကို မှီဝဲကြရပါတယ်။ လိမ်းတာထက်စာရင် သွေးကနေစုပ်ယူတဲ့ အာဟာရက ပိုတောင် သက်ရောက်မှု များပါတယ်။

လိမ်းဆေး လိမ်းတုန်းပဲ ခဏသက်သာ ရပ်လိုက်တာနဲ့ ဝက်ခြံ ပြန်ပြန်ထွက်နေတယ်ဆိုရင် အစားအသောက်လေးနဲ့ ထိန်းပေးကြည့်ပါနော်။ ရေရှည်အတွက်ပေါ့။

ရှောင်ရန်

 နို့နဲ့ နို့ထွက် ပစ္စည်း

DHT ဟော်မုန်းဟာ မျက်နှာ အဆီ ထွက်စေတဲ့ တရားခံပါပဲ။ အဆီတွေ အပေါက်သေးသေးလေးထဲကနေ ပြုံထွက်တဲ့ အခါ ပိတ်တဲ့ နေရာက ပိတ်၊ ခဲတဲ့ ဟာက ခဲ ဖြစ်သွားတော့ ဝက်ခြံလေးတွေ ဖြစ်လာတာပေါ့။ နို့နဲ့ နို့ထွက် ပစ္စည်းတွေ က အဲဒီ ဟော်မုန်းကို ပိုထွက်စေပါတယ်။ သူတို့ကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ အထူးသဖြင့် ဝက်ခြံ ပိုထွက်တတ်တဲ့ ရာသီသွေးပေါ်ခါနီး အချိန်တွေမှာပေါ့။

ပြည့်ဝဆီ

တိရစ္ဆာန် တွေက နေရတဲ့ အဆီတွေရယ်၊ စားအုံးဆီရယ်။ ရေခဲသေတ္တာ ထဲ ထည့်လိုက်ရင် ခဲသွားတတ်တဲ့ အဆီတွေလေ။ သူတို့က ကျန်းမာရေးအတွက်တင် မဟုတ်ဘူး၊ မျက်နှာ အတွက်လည်း မကောင်းပါဘူး။ နဂိုထဲကမှ အဆီများများထွက်လို့ ခဲချင်ချင်က သူတို့နဲ့လည်းပေါင်းရော တန်းကို ပိတ်သွားရော။ ဆီကြော်လေးတွေ တတ်နိုင်သမျှ  ရှောင်ကြည့်ပါနော်။

ဆား

သူက ဝက်ခြံထွက်စေတဲ့ တရားခံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆားတို့ရဲ့ သဘာဝက ရေကို ဆွဲတဲ့ အာနိသင်ရှိပါတယ်။ အငံစားတာများတဲ့ အခါ ရေကိုဆွဲသလို ဖြစ်ပြီး ဝက်ခြံက ပို ရောင်ကိုင်းလာတာပါ။

Others -

တချို့ studies တွေမှာ အသင့်စား အစားအစာတွေနဲ့ ပေါင်မုန့်ကို စားတဲ့ သူတွေက မစားတဲ့ လူတွေထက် ဝက်ခြံ ပိုပေါက်တယ်လို့ဆိုကြပါတယ်။

ဆောင်ရန်

အသီးအရွက်

အသီးအရွက်ထဲမှာမှ အဝါရောင် အနီရောင်ရှိတဲ့ Vitamin A ကြွယ်ဝတဲ့ အသီးအနှံတွေဟာ ဝက်ခြံထွက်တာကို ကာကွယ်တဲ့ နေရာရော၊ ကုသတဲ့ နေရာရောမှာ အစွမ်းထက်ပါတယ်။ အရေပြား အထူးကုဆရာဝန်များ ကိုယ်တိုင် ဝက်ခြံကုသတဲ့ အခါ A ကို လိမ်းဆေး အနေနဲ့ တမျိုး စားဆေး အနေနဲ့ တဖုံပေးကြပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် ခရမ်းချင်သီးဖြစ်ဖြစ်၊ မုန်လာဥဖြစ်ဖြစ် နေ့တိုင်းပါအောင်စားကြည့်ပါနော်။ ဝက်ခြံထွက်တာ သိသိသာသာ လျှော့သွားပါလိမ့်မယ်။

သံပုရာသီး

သူကတော့ Vitamin C ကြွယ်ဝ စွာပါဝင်တာကြောင့် ဝက်ခြံဖြစ်ပြီးတဲ့ အခါ နဂိုအသားအရေကို အမြန်ဆုံးပြန်ရောက်ဖို့ ကူညီပေးပါလိမ့်မယ်။ C ဟာ healing process မှာပါဝင်တဲ့  ကော်လဂျင် ထုတ်လုပ်တဲ့ နေရာမှာ ကူညီပေးပါတယ်။ သူ့ကို တွဲစားထားရင် ဝက်ခြံပျောက်သွားတဲ့ အခါ အမာရွတ် တော်တော်နဲ့ ပျောက်ပါ့မလားဆိုပြီး စိတ်မပူရတော့ပါဘူး။  သံပူရာသီးတင် မဟုတ်ပါဘူး။ လိမ္မော်သီး၊ ရှောက်သီး အစရှိတဲ့ အရည်ရွှမ်းသီးတွေမှာလည်း အလားတူအာနိသင်ရှိပါတယ်။

Green tea

Green Tea ကို ခွက်တစ်ဝက်စာ သောက်တာက လတ်ဆတ်တဲ့ အသီး 1 ကီလို စားတာနဲ့ antioxidant အာနိသင်ခြင်းအတူတူပါပဲတဲ့။ နောက်တစ်ခု က အစောက ပြောခဲ့တဲ့ ဟော်မုန်း ထွက်တာကိုလည်း လျှော့ချပေးပါတယ်။ ရောင်တာကိုလည်း ကျစေပါသတဲ့။

Others - Ayuveda ( အာယူဗေဒ ) ကျမ်းထဲမှာတော့ နနွင်းတို့ ရှားဆောင်းလက်ပတ် တို့ကို အပိုဆောင်း တွေ့ရမှာပါ။

မြတ်ကြည်ရဲ့ အတွေ့အကြုံ

ငယ်ငယ်တုန်းက တော်တော် ရုပ်ပျက်ဆင်းပျက် နိုင်အောင် ပေါက်ခဲ့ဖူးတယ်။ ကိုယ်ချင်းစာတယ်။ နောက်တော့ ဆေးလည်း လိမ်း၊ အစားအသောက် ပုံစံလည်းပြောင်းရင်းနဲ့ မထွက်တော့တာ တော်တော်ကြာပြီ။ အရင်ကဆို အသီးအရွက် လုံးဝ မကြိုက်ဘူး။ လှချင်တော့လည်း ကြိတ်မှိတ်စားရင်းနဲ့ နောက်တော့လည်း ကြိုက်သွားတာပါပဲ။ အသားအရေလည်းလှလာတယ်။ နွားနို့ ကိုတော့ အရမ်းကြိုက်လို့ မရှောင်နိုင်ဘူး။ လာခါနီးရက်နားဆိုရင်တော့ ရှောင်ဖြစ်တယ်။ အဲလိုပဲ အလုပ်ဖြစ်နေတာ။းD

ရှောင်လို့ ဆောင်လို့ အဆင်ပြေတယ်ဆို မြတ်ကြည်ကို လက်တို့လိုက်နော်။
အလှတွေ ပိုနိုင်ကြပါစေရှင်။ :)

www.facebook.com/thanakharmay











You Might Also Like

6 comments

  1. ၀က်ခြံပေါက်လာရင် ဆောင်ရန် ရှောင်ရန် ဗဟုသုတတွေရဖို့ ဖတ်သွားပါတယ်ရှင့်

    ReplyDelete
  2. မြတ်ကြည်ညီမရေ...ကူးလာဖတ်သွားတယ်.. အစားသောက်၊ အနေအထိုင်ပြုပြင်ရင် ပျိုမေတွေဝက်ခြံရန်ကကင်းဝေးမှာသေချာပါတယ်။
    အချို့သောသူတွေကတော့ မျိုးရိုးလိုက်တယ်ပြောရမလား... ဘယ်လိုနေနေ မရဘူး..
    အသိ professor တစ်ယောက်ဆို သူ့သားဝက်ခြံပေါက်တာ အခြေနေတော်တော်ဆိုးတယ်..
    တိုက်ဆိုင်သလား... တစ်ကယ်ဆေးဖက်ဝင်လား တော့မဆိုတတ်ဘူး.. မြန်မာပြည်က ကာဘောလစ် ဆပ်ပြာ နဲ့နေ့တိုင်းမျက်နှာသစ်တာ ရှင်းသွားပါရော..း) သူ့လိုဘဲ အခြားကျောင်းသားလေးတွေလဲမှာသုံးကြတယ်.. အဆင်ပြေကြတယ်.

    ReplyDelete
    Replies
    1. မြတ်ကြည်လည်း ကာဘော်လစ် ဆပ်ပြာ က ဝက်ခြံပျောက်တဲ့အကြောင်း ကြားဖူးတယ်။ အမြှုပ်ထွက်များပြီး မျက်နှာခြောက်စေလို့ဖြစ်မယ်ထင်တယ်။

      Delete