Look taller without ဒေါက်

By 6:19 AM






ဒေါက်စီးလိုက်ရင် အရပ်လည်းမြင့် ခြေတံလည်း သွယ်သွယ်လှလှလေးဖြစ်သွားပေမယ့် ဘယ်သွားသွား ဒေါက်အမြဲတမ်း ဝတ်ဖို့ကလည်းမလွယ်ဘူးလေနော်။ ဒီတော့ အရပ်မြင့်တယ် ထင်ရအောင် တခြား ဘာတွေလုပ်နိုင်သလဲကြည့်ရအောင်။

Fitting လေးတွေ ခန္ဒာကိုယ်နဲ့ ကွက်တိ ချုပ်ထားတဲ့ ဒီဇိုင်းလေးတွေ ရွေးဝတ်ပါ။ လွင့်လွင့် ပွပွ အင်္ကျီ၊တွေ Maxi လို စကတ်အရှည်တွေ၊ ခါးနေရာမှာ ရှုံ့ထားတဲ့ ဂါဝန်ပွပွတွေက အစကတည်းက မမြင့်တဲ့လူကို ပုံပုံလေး ဖြစ်သွားစေပါတယ်။

ဒေါက်မြင့်မဟုတ်ပဲ flat တို့ ကြိုးသိုင်းတို့ ဝတ်မယ်ဆိုရင် အရောင်နုနု ဒါမှမဟုတ် အသားရောင်နဲ့ နီးစပ်တဲ့ အရောင်လေးတွေ စီးပါ။ စီးတဲ့ အရောင်နဲ့ ခြေထောက်အသားရောင်နဲ့ တသားတည်းကျသွားတဲ့ အခါ ခြေထောက် အပိုင်းကို ပိုရှည်သယောင် ဖန်တီးပေးပါတယ်။ Boot ဖိနပ်တွေ ဝတ်မယ်ဆို ခြေကျင်းဝတ်နားလောက်လေးတွေ ရွေးချယ်ပါ။ Boots အရှည် မဝတ်ရဘူးရယ်တော့မဟုတ်ပါဘူး။ ဝတ်မယ်ဆို အပေါ်က စကတ်ကို လိုက်တိုပေးနိုင်သလားပေါ့နော်။

စကတ် / ဘောင်းဘီ တိုတိုဝတ်ရင် ခြေထောက်သား ပိုပေါ်တဲ့ အတွက် ပိုသွယ်တဲ့ ပုံဖြစ်စေတာမှန်ပေမယ့် အသက်ကလေး ရလာတဲ့ အခါ စကတ်တိုတိုနဲ့ အဆင်ပြေမလာတော့ပါဘူး။ အဲဒီအခါကျ ရင် ဒူးအကျော်လေးလောက်ရှိမယ့် A-line / pencil စကတ်လေးတွေ ဒါမှမဟုတ် အပြင်က အပါး အထဲက နည်းနည်း ပိုထူတဲ့စကတ်မျိုး ဝတ်လိုက်ရင် ကိုယ့်ခြေထောက်လေးတွေကို အိနြေ္ဒရရနဲ့ ကြွားပြီးသားဖြစ်သွားမှာပါ။


အပေါ်အင်္ကျီကို အထဲထည့်လို့ ၊ အင်္ကျီခါးတိုလေးတွေနဲ့တွဲဝတ်တဲ့အခါ ခါးနေရာက အပေါ်ရောက်သွားပြီး ခြေတံက အလိုလို ရှည်သွားသလိုဖြစ်သွားပါတယ်။

 ဘောင်းဘီ အတွက်ဆို အတိုဝတ်ဖို့အဆင်မပြေရင် ခြေကျင်းဝတ် အထက် ကွာတား လေးတွေက ကူညီပေးပါမယ်။ ဘောင်းဘီနဲ့ ခြေကျင်းဝတ်ကြား အသားနည်းနည်းမြင်ရတာက ကြည့်တဲ့သူရဲ့အမြင်ကို ပြောင်းလဲစေပါတယ်။ ကွာတားမဝတ်ချင်တဲ့အခါ ဘောင်းဘီအရှည်ကို ခေါက်လို့ စတိုင်လ်ထုတ်လို့ရတာပဲနော။

မိန်းကလေးတိုင်းက သူ့အလှနဲ့သူရှိကြတာပါပဲ။ ကိုယ်နဲ့လိုက်ဖက်တဲ့ အပြင်အဆင်ကို ရွေးချယ်တတ်ဖို့ပဲ လိုတာပါ။ အများအမြင်မှာ စတိုင်လ်ကျတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတာပေါ့နော်။

အလှတွေပိုနိုင်ကြပါစေရှင်။

 
Blog Day

August လကုန်ပိုင်းရောက်ပြီဆို ရိုးရာအစဉ်လာ မပျက် ဘလော့ဒေးလေး ကျရောက်လာပြန်ပြီပေါ့နော်။ မြတ်ကြည် ညွှန်းပေးချင်တဲ့ ဘလော့ဂါ အသစ် က ညီမလေး မြတ် (Ash) ပါ။ http://ashleymyat.blogspot.com

 ပုံမှန် စာဖတ်သူတွေရှိခြင်းက မြတ်ကြည်အတွက် အမောပြေစေတဲ့ ဆေး တစ်ခွက်ပါပဲ။ Pageviews နဲ့ facebook likes လေးတွေက လိုင်းပေါ်တက်တာနဲ့ ပထမဆုံး ကြည့်ဖြစ်တာတွေပေါ့။ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဟိုမှာတုန်းကလောက် အားထည့် မရေးနိုင်  ပေမယ့် ဘလော့လေး အပေါ် သံယောဇဉ်တွေ တွယ်နှောင်ပြီးရင်း တွယ်နှောင်ဆဲပါပဲ။ ဘလော့လေး စ ကတည်းက စ လို့ ဘလော့လေးကို အကြောင်းကြောင်းကြောင့် အချိန်တခုထိ ဖျက်ခဲ့လိုက်ရတဲ့အချိန် တစ်နှစ်နီးပါးကြာမှ ခြေလှမ်းပြန်အစပျိုးခဲ့ရတဲ့အချိန် အခုချိန်ထိ အားပေးနေဆဲဖြစ်တဲ့ စာဖတ်သူ သူငယ်ချင်းယောင်းမများကို ရင်ထဲကနေ အထူး ကျေးဇူးပါလို့။

Happy Blog Day 2014 :)
မွမွ









You Might Also Like

10 comments

  1. Nice post and happy blog day!
    Iora

    ReplyDelete
  2. အမြဲတန်း ခေတ်ရေစီးကြောင်းနဲ့အတူ စိတ်ကူးစိတ်သန်း ကောင်းကောင်းလေးတွေနဲ့ စီခြယ်လေ့ရှိတဲ့ ဘလော့တစ်ခု။ ဘလော့ဒေးအမှတ်တရ ပို့စ်လေးဖတ်သွားတယ် မြတ်ကြည်လေးရေ။♥♥♥

    ReplyDelete
  3. အသူက ကျောင်းမှာဒေါက်အမြင့်တွေစီးလို့မရတော့.ကြိုးသိုင်းလိုမျိုးတွေစီးတာများတယ်။
    ခြေထောက်မလှတော့ ပိုပြီးလဲအဆင်ပြေတယ်။အရပ်က၅ပေ၆လောက်ဖြစ်ချင်တာ..၂လက်မလောက်လိုနေတာ ဘိုလိုလုပ်ရင်ကောင်းမလဲမသိ :P အဖြေတော့ရသွားပြီ။ :)
    by the way ♥Happy Blog Day♥ နောက်တောင်ကျနေပြီ :P

    ReplyDelete
  4. အလှကိုယ်စီ ရှိကြလေသည်ပေါ့။

    ReplyDelete
  5. မြတ်က နဂိုတည်းက ဒေါက်ဖိနပ်စီးလေ့မရှိတော့ အစ်မမြတ်ကြည်ရဲ့ နည်းလေးတွေက အသုံးဝင်မှာ အမှန်ပဲ
    အဲဒါကြောင့် သေချာမှတ်သွားပါတယ်နော်
    မြတ်ရဲ့ ဘလော့ခ်လေးကိုလည်း ညွှန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
    အဲ့လို ဖော်ပြလိမ့်မယ်လို့ မထင်တဲ့အတွက်ကြောင့် ရှော့ခ်ရသွားတယ် အစ်မမြတ်ကြည်ရေ ...

    ReplyDelete