October Favorites '14 (Challenge)

By 1:49 AM ,



Hewo :)

ဒီတစ်ခါ ပေါ့ပေါ့ပါးပါး ဒီတလော မြတ်ကြည်သဘောကျနေတာလေးတွေကို စုပြီးရေးမလားလို့...

 ဝါလ ကင်းလွတ် သီတင်းကျွတ်ဆိုတော့ ပထမဆုံး ရောက်လာတာ ဖိတ်စာဖိတ်စာပေါ့။ ဖိတ်စာတွေ က ဟိုးအရင်ကထက် ပိုပြီး creative ဖြစ်လာကြတယ်။ ညပွဲဖိတ်စာမှာ suit ရယ်၊ ဂါဝန်လေးရယ်၊ Glitter bow လေးကပ်ထားတာ ချစ်စရာလေး။



 လက်စွပ်လေးတွေ သုံးကွင်းတွဲရောင်းတာတွေ့တော့၊ ပီစီပါစာကို မကြည့်ပဲ မနေနိုင်တဲ့ ကိုယ်က၊ လိုလည်းလိုချင်၊ ပိုက်ပိုက်ကုန်မှာလည်း စိုးတော့၊ ချေတုံချတုံနဲ့။ ကိုယ့်ပိုက်ဆံ ကိုယ်သုံးတဲ့ အရွယ်ရောက်လာတော့ အဲလိုပဲ။ မကြည့်ရက်တော့တဲ့ နောက်ဆုံး အဖွားက ကောက်ဝယ်ပေးရော။ 
ကျူးဂျေး Grandma.  ကောင်းကောင်းဝတ်ပါ့မယ်။ :P  



 ဟိုနေ့က အလုပ်က အစ်မက လက်သည်းနီ ဆိုးချင်တဲ့ သူ ဆိုးလို့ရအောင် သယ်လာပေးတယ်။ တစ်ဘူးလုံးက အလှတွေချည်းပဲ။ မင်္ဂလာဆောင်သွားဖို့ရှိတော့ ဝတ်ဖို့ စီစဉ်ထားတဲ့ အရောင်က အနီရောင်ဖြစ်နေတာနဲ့ အောက်ခံကို ကြက်သွေးရောင်ဆိုး၊ လက်ထိပ်ကို ရွှေရောင် လေးတင်လိုက်တယ်။



 ဒါက ညစာကျွေးပွဲ တက်တုန်းက ဝတ်သွားတာ။ ဈေးကြီးမယ် ထင်ရပေမယ့်၊ လုံးဝမကြီးဘူး။ Vivala က ဝယ်တာ။ Under 20 USD မထင်ရဘူး ဟုတ်။ :)  (ပွဲတွေ ဆက်နေတာနဲ့ လူလည်း ဖောင်းကား)


မြတ်ကြည်လက်ရာ။ တူးနား ကို ပြောင်းဖူး၊ မုန်လာဥနီ၊ olive လေးနည်းနည်းထည့် မေရို နဲ့နယ်ပြီး ပုံလိုက်ရုံပဲ။ အရမ်းခက်တယ်။ :P


သူများတွေ challenge ခေါ်ရင် ပို့စ် ပြန်တင်ပြီး challengeကျ ပြန် မခေါ်ဖြစ်ဘူး။ ဒီ တစ်ခါတော့ ရေးရကျိုးနပ်အောင် ခေါ်လိုက်မယ်နော်။ October Favorites ခေါင်းစဉ်လေးနဲ့ ဒီ တစ်လ အတွင်း သဘောတွေ့နေတဲ့ ဘယ်အရာမဆို ရေးလို့ရပါတယ်။

ခေါ်မယ့် သူတွေက 
(အဟမ်း အဟမ်း)

အသူ
မမအိုင်အိုရာ
ကန်ဒီ 
Ash
Adora
မေသင်း
အစ်မ ဗေဒါ
အစ်မ စန်းထွန်း
အစ်မ မီးငယ်
အစ်မ ဒိုးကန်
တီတင့်
မမကွန်
မမသက်ဝေ
 မမဆင်
 ဆုမြတ် 
Snow
အစ်မ ကြည်ကြည်ခင်


သာယာပျော်ရွှင်ဖွယ်နေ့လေး ဖြစ်ပါစေရှင်။ :)





You Might Also Like

20 comments

  1. အစ်မမြတ်ကြည်ရေ လက်စွပ်လေးတွေက ချစ်စရာလေး လှတယ်
    ပွဲမှာ ၀တ်ထားတဲ့ Lace လေးကပ်ထားတဲ့အင်္ကျီလေးကို ကြိုက်တယ်
    အစ်မလည်း လှတယ်လို့နော် .. :)
    အစ်မလက်ရာကိုလည်း မြည်းချင်သား စားချင်စရာရှင့်
    ပိုစ့်ရဲ့ အောက်ဆုံးနားလေးကို ရောက်တော့ မျက်ခုံးနည်းနည်း လှုပ်သွားတယ် ဟိ
    October Favorites ခေါင်းစဉ်လေးနဲ့ ကြိုးစားပြီး ရေးပေးမယ်နော် ..

    ReplyDelete
    Replies
    1. ရေးပြီးသွားပြီ အစ်မမြတ်ကြည်ရေ
      အာ့လာပြောတာ .. :)

      Delete
    2. Challenge ပြန်ခေါ်ထားကြောင်းပါ အစ်မမြတ်ကြည် :D

      Delete
    3. :D ခုလေးတင် ဖတ်ပြီးကြောင်း

      Delete
  2. ရေးချင်စရာ ခေါင်းစဉ်လေးပဲ... စဉ်းစား စုစည်းလိုက်အုံးမယ်...
    သတိတရရှိတာ ကျေးဇူး ညီမလေး.. <3

    ReplyDelete
    Replies
    1. အမြဲတမ်း သတိရပါတယ်။ အစ်မရဲ့ ပို့စ်တွေကို လည်း ဖတ်ဖြစ်တယ်။ :) commment မချန်ဖြစ်တာပဲရှိတာ။

      Delete
  3. ခက်ခက်ခဲခဲနည်းလေးနဲ့ ပြုလုပ်ထားတဲ့ အစားအစာလေး အားပေးသွားတယ် :)
    မြတ်ကြည်လေးရေ BPP Challenge စည်းကမ်းချက်အရဆိုရင်
    ၁၀ယောက်သာအကျုံးဝင်တာမို့ တီတင့်က နံပါတ် ၁၁ဆိုတော့ လွတ်တယ် ... :P
    တီတင့်ပို့စ်သစ်တစ်ပုဒ်တင်လိုက်တာဖတ်ပြီး အဲ့ဒီပို့စ်လေးကို စိန်ခေါ်ပို့စ်အဖြစ် သတ်မှတ်လိုက်နော် လိမ္မာတယ် ♥♥♥

    ReplyDelete
    Replies
    1. ခက်ခက်ခဲခဲပဲ။ တခါတလေ လေး ခေါ်တာ ရေးပေးနော် တီတင့်။ :)

      Delete
  4. ကျွန်တော်လဲ vivalaကဒီဇိုင်းလေးတွေကြိုက်တယ်။
    october favoritesတဲု့ ရေးချင်နေတာ ပြီးမှရီနဲ့နော် :D

    ReplyDelete
  5. အဲ အသစ်လေးဆိုပြီးလာပြေးကြည့်တာ နောက်ဆုံး challengeမှာကိုယ့်နာမည်တွေ့မှထွက်ပြေးသွားတယ်။ စဉ်းစားလိုက်အုံးမယ်နော်။စကားမစပ် ရွှေရောင်ဇာလေးနဲ့ကောင်မလေးက လှတယ်နော်။ =)

    ReplyDelete
    Replies
    1. ဟုတ်လား၊ အဲဒီကောင်မလေးက ဘယ်သူလဲ သိဘူး။ :P Challenge ပြန်ရေးပေးလို့ကျေးဇူးနော်။ :)

      Delete
  6. ဟိုက် ခုမှ လာဖတ်မိပြီး challenge ခေါ်ထားတာ တွေ့ ဟီးးး တနေ့က တောင်တပုဒ်တင်လိုက်သေး။ အဲဒီပြီးပြီမို့လားဟင် ဟင်ဟ င်

    ReplyDelete
    Replies
    1. ပြီးဘူး ပြီးဘူး။ အစ်မ ကြည်ကြည်ခင် ဈေးလာဆစ်နေတယ် ။ :D

      Delete
  7. Wedding ဖိတ်စာလေးတွေကလှထှာ မင်္ဂလာဆောင်ချင်စိတ်တောင်ပေါက်.. အဲ့လေ မှားလို့ ၀ါးတီးတွေတောင်လိုက်စားချင်စိတ်ပေါက်တယ်ပြောပါတယ် :P တူနာထမင်းလိပ်လေးစားချင်စရာလေး။ :D

    ReplyDelete
    Replies
    1. ကျွေးမယ်။ ရော့အင့်။ :P

      Delete
  8. အဝေငွးဆပ်ပြီးပြီနော် မြတ်ကြည် ;)

    ReplyDelete
  9. ခုမှရောက်လို့ ဒီနေ့ရေးဒယ်နော် နော် အာ့လို့မှတ်နော် :P


    အကျီလေးသဘောကျတယ် တကယ်ဆိုချူပ်ရင်တောင် ၂၀၀၀၀ လောက်ပေးနေရတာဆရာမရဲ့

    အဲဆိုင်ဘယ်နားမှာလဲဟင် ပြန်ရောက်ရင်နည်းနည်းပါးပါးငမ်းရအောင်ပါ :P


    ဒေါ်စိန်စိန်မဒမ်ကိုး

    ReplyDelete
    Replies
    1. တော်ဝင်စင်တာ ဒုတိယထပ် Vivala မှာ အစ်မ။ ဆိုင်ရယ်လို့ အခန်းတိတိကျကျတောင်မရှိဘူး။ :)

      Delete