Nude Lipstick Tips

By 6:08 AM




နှုတ်ခမ်းနီကို ပန်းရောင်တို့၊ အနီရောင်တို့ ဆိုးရတာ ငြီးငွေ့နေပြီဆို  ဒီရာသီအတွက် အသားရောင် နှုတ်ခမ်းနီလေးက မှန်တင်ခုံပေါ်မှာ ထားသင့်တဲ့ အရောင်တစ်ခုပေါ့။ ဟုတ်တယ်၊ အသားရောင်က လူတိုင်းနဲ့ မလိုက်ပါဘူး။ တချို့အရောင်တွေဆို ဆိုးလိုက်ရင် လူပါ ဖြူဖတ်ဖြူရော်ဖြစ်သွားရော။ Nude color ထဲမှာမှ ကိုယ်နဲ့ လိုက်ဖက်မယ့် shade လေးတွေ ရွေးချယ်နိုင်ဖို့ ဝေမျှလိုက်ပါတယ်နော်။




 အသားဖြူတဲ့သူဆိုရင် ပန်းရောင်နှောတဲ့ အရောင်လေးတွေကို ရွေးချယ်သင့်ပါတယ်။ စာဖတ်သူက အသား မဖြူမညိုပဲ ဝါတဲ့ အထဲကလား? ကိုယ့်အသားရောင်ထက် နုတဲ့ အရောင်တွေကို ရှောင်ပါ။ မသိရင် မိတ်ကပ်ကြီးပဲ နှုတ်ခမ်းမှာ လိမ်းထားသလိုလို။ :P အသားဝါတဲ့ သူတွေအတွက် peach (မက်မန်း/သန္တာ)အရောင် သမ်းတဲ့ အသားရောင်တွေဟာ အလိုက်ဖက်ဆုံးပါပဲ။ အသားညိုတဲ့သူတွေအတွက်ကတော့ အညို ဘက်သမ်းတဲ့ အရောင်တွေကို ရွေးချယ်ပေးရမှာပါ။


လိုချင်တဲ့ အရောင်ရှာမတွေ့ဘူးလား?

 အောက်ခံကို ကိုယ့်မှာရှိတဲ့ လိုက်ဖက်တဲ့ အရောင်လေးဆိုးပြီး အပေါ်က အသားရောင်ထပ်ပေးလို့လည်းရတယ်နော်။ အသားရောင်အစစ်တွေက ရှာရလွယ်တယ်။ :)


Prepping

ဒီလိုအရောင်လေးတွေက  နှုတ်ခမ်းခြောက်တာတို့၊ အရေးအကြောင်းတို့ ရှိနေခဲ့ရင် ဆိုးလိုက်တဲ့အခါ ပိုပေါ်သွားတတ်ပါတယ်။  ပြီးပြည့်စုံတဲ့ nude colored lip လေးရဖို့ lip scrub လေးလုပ်၊ lip balm လေးဆိုးထားပြီးမှ အသားရောင်လေး အပေါ်က ထပ်ဆိုးပေးပါနော်။


Purr-fect! ♡

ပျိုမေတွေ အားလုံး အလှတွေ ပိုနိုင်ကြပါစေရှင်။
 Happy Weekend Everyone!

www.facebook.com/thanakharmay


Credit: Teen Vogue


You Might Also Like

14 comments

  1. ပျိုမေလေးတွေအတွက် ကောင်းနိုးရာရာ ပို့စ်လေးတွေ ဒီကနေ့တော့ တီတင့်တစိုက်မတ်မတ် လိုက်ဖတ်နေမိတယ် မြတ်ကြည်လေးရေ ...

    ReplyDelete
  2. ဟုတ်တယ် မြတ်ကြည်လေးရေ။
    အရောင်နုလေးတွေကြိုက်ပေမဲ့ဆိုးလိုက်ရင်ဖြူလျော်လျော်ဖြစ်ဖြစ်သွားလို့ 
    အဲလိုလေးခံခံဆိုးရတယ်။
    အသက်ကြီးလာတာလည်းပါမယ်ထင်ပါ့။း)

    ReplyDelete
    Replies
    1. မြတ်ကြည်လည်း အဲလိုပဲ coral ရောင် လေး ခံဆိုးဖြစ်တယ်။ အသားရောင် သပ်သပ်က မလိုက်လို့။

      Delete
  3. နှုတ်ခမ်းနီတော့ ဆိုးရတာကြိုက်လို့ အမြဲဆိုးဖြစ်တယ်.။ ကိုယ်က အသားမဖြူမညို ၀ါတဲ့ထဲမှာ ပါတဲ့သူမျိုးပေမယ့် ခုလောလောဆယ် ၂ နှစ်ဆက်တိုက်လောက်ရှိပြီ.. Purple color ကိုပဲ ခရေဇီဖြစ်လို့ ဆိုးနေမိတာ..

    ReplyDelete
    Replies
    1. ဟုတ်လား? မြတ်ကြည်တော့ အဲဒီအရောင် မဆိုးဖူးဘူး။

      Delete
  4. ပစ်ကတော့ Nivea ကထုတ်တဲ့ pink လေးကိုကြိုက်တယ်..
    အရင်ကတော့ နှုတ်ခမ်းမဆိုးဖြစ်ဘူး..အခုနောက်ပိုင်းတော့ pink လေးတွေတော့
    ဆိုးဖြစ်တယ်...

    ReplyDelete
    Replies
    1. မြတ်ကြည်ကတော့ coral လိမ္မော်နီရောင်လေးနဲ့ လိုက်လို့ ဆိုးတာ တော်တော်ကြာပြီ။

      Delete
  5. ကြိုက်တယ် အဲ့လိုမျိုးလေး ဆိုးချင်တယ်
    ဆိုးလေ့ဆိုးထမရှိလို့သာ မဆိုးတာ
    အပေါ်တန်းက ညာဘက်က ဆိုးထားတာလေးကြိုက်တယ် :)

    ReplyDelete
    Replies
    1. အဲဒီ အရောင်လေးလည်း လှတယ်နော်။ Taylor Swift နှုတ်ခမ်းနဲ့ ဆင်တယ်။

      Delete
  6. အဟိ မနက်ကတင်အလှပြင်ရင်းတွေးနေတာ..ဆောင်းတွင်း အသားရောင်လေးဝယ်အုန်းမှလို့
    မြတ်ကြည်စာဖတ်လိုက်တော့ အာရုံပိုရသွားပြီ :)
    ဒီပို့စ်လေးအတွက်ကျေးဇူး

    ReplyDelete
    Replies
    1. ဝယ်ကြည့်၊ မြည်းကြည့်ပြီး အကြောင်းပြန်ပါ။ :D

      Delete
  7. မြတ်ကြည်လေးပို့စ်ကိုဖတ်ပြီး ကိုယ့်အိတ်ထဲက မက်မွန်သီးနံ့ lip balm လေးထုတ်ဆိုးမိသွားတယ်...း)
    thanks for sharing...:)

    ReplyDelete