ဝက်ခြံအမာရွတ်အတွက် အိမ်တွင်းနည်း

By 10:43 PM



ဝက်ခြံတွေက ရာသီလာခါနီးဆို တခါတခါ စိတ်ကူးပေါက်ပြီးထထ ပေါက်တတ်ပြန်ရော။  နားသယ်စပ်တို့၊ မေးတဝိုက်တို့မှာ ပေါက်တာလေးတွေပေါ့။ ဝက်ခြံပေါက်ပြီး နီနေတဲ့နေရာလေးတွေ ၄ ရက်နဲ့ ပျောက်အောင်လုပ်လို့ရတယ် လျှို့ဝှက်ချက်ရှိတယ်။ ဘာလဲသိလား?
.
.
.
.
.
.
ငှက်ပျော်သီး အခွံပါ။ 

ဝက်ခြံရှိတဲ့နေရာလေးတွေကို ငှက်ပျော်သီး အခွံရဲ့အတွင်းပိုင်း ညိုလာတဲ့ အထိပွတ်ပေးပါနော်။ ပြီးရင် ၁၀ မိနစ်လောက်စောင့်ပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးလိုက်ရုံပဲ။

ငှက်ပျော်သီးအစိမ်းထက် အမှည့်က ပိုအာနိသင်ရှိပါတယ်။ တစ်နေ့ ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ အောက်က ပုံလေးက ၄ ရက်အတွင်း တိုးတက်လာတဲ့ ပုံပါ။


 မဆိုးဘူးနော် :)

ငှက်ပျော်သီးအခွံမှာ lutein လို့ခေါ်တဲ့ antioxidant ရယ်၊ potassium ဓာတ်ရယ်ကြွယ်ဝတဲ့ အပြင်၊ ရောဂါပိုးကို ဖယ်ရှားပေးနိုင်ပါတယ်။
ငှက်ပျောသီးအခွံကို ဝက်ခြံအရောင်ကျစေတဲ့ နေရာအပြင် သွားဖြူစေဖို့၊ အသား ဝင်းဖို့၊ ပါးရည်တွန့်တာ၊ မျက်အိတ်ဖောင်းတာ အတွက်လည်း သုံးကြပါတယ်။



တကူးတကလည်းရှာဝယ်စရာမလိုလို့ အဆင်ပြေမယ်လို့ထင်ပါတယ်။ ဝက်ခြံအမာရွတ် ကျန်မှာ မပူရတော့ဘူးပေါ့။

အလှတွေပိုနိုင်ကြပါစေရှင်။ :)
Credit : Beautytips4her


Giveaway Update

လက်ဆောင်လေးထုပ်ပိုးပြီးပြီ။ ပေးဖို့ပဲကျန်တော့တယ်။ မနက်ဖြန် ဘယ်သူရတယ်ဆိုတာ facebook မှာ ကြေငြာပေးပါမယ်နော်။  <3

www.facebook.com/thanakharmay





You Might Also Like

6 comments

  1. အတော်ပဲ မြတ်ကြည်လေးရေ... တီတင့်ရဲ့တူမလေးက ၁၂ရာသီဝက်ခြံထွက်နေလို့ သူ့မှာစိတ်ညစ်နေတာ။
    မြတ်ကြည်လေးရဲ့ပို့စ်လေးကို သူ့ကိုပေးဖတ်လိုက်မယ် ကျေးဇူးနော်။

    ReplyDelete
  2. နဖူးထိပ်တည့်တည့်က မောင်ဝက်ခြံတော့ ငှက်ပျောသီးနဲ့တွေ့ပြီဟေ့ :P

    ReplyDelete
  3. ငှက်ပျောသီးက ဘာနေနေလား ရခိုင် သီးမွှေးနေနေ ရလား အမ y

    ReplyDelete