2014 အကယ်ဒမီ ဖက်ရှင် ပွဲတက်ဝတ်စုံများ

By 1:41 PM




ဒီနှစ် Academy မှာ ပြောင်းသွားတာက အရင်နှစ်တွေတုန်းက ချိတ်တွေကို ဦးစားပေး ဝတ်ဆင်ကြပေမယ့် အခုနှစ်မှာ ချိတ်အပြင် တခြား အဆင်တွေကိုလည်း ထည့်သွင်းဝတ်ဆင်လာတာကိုပါ။ အကယ်ဒမီ ကတော့ အကယ်ဒမီပါပဲ။ လိုက်ကို မမီတော့ဘူး။ :D
 တွေ့သလောက် စုထားတဲ့ ပွဲတက် ဖက်ရှင် ဓာတ်ပုံလေးတွေ တင်ပေးသွားပါမယ်နော်။



Snow Queen ဝတ်မှုန်ရွှေရည်

မိုးပြာဝမ်းဆက် နေတိုး

 စိုင်းစိုင်း ခမ်းလှိုင် ပုဆိုး တိုတို

မြင်နေကျမဟုတ်တဲ့ ချိတ်အဆင်နဲ့ မိုးစက်ဝိုင်

ဇွန်သံစဉ်တဲ့ (ဇွန်သင်ဇာ မဟုတ်ပါ)
ပြေတီဦး၊ ကုန်းဘောင် ထိုင်မသိမ်းနဲ့ အိန္ဒြာကျော်ဇင်
ဖွေးဖွေး ဒီဇိုင်နာ ဘယ်သူလဲ မသိ။ အပြဲပြဲနဲ့ စုတ်စွေ့လေးဖြစ်နေရော။

 မင်းမော်ကွန်း : ဘာပုဆိုးလို့ခေါ်ပါသလဲ? 
သက်မွန်မြင့်တို့ အတွဲ
စီးကွင့် အနုတ် နဲ့ မိုးဟေကို

စိုးစန္ဒာကျော် တဲ့ အခုမှ မြင်ဖူးတာ။ :D

 ဒီနှစ် တော့ ယောင်ကြီးဗွေမဟုတ်တော့ဘူး။ =)

ရွှေသမီး
အပြာ အဖြူ အတွဲနဲ့  လှနေတဲ့ချောရတနာ

 မထပ်အောင် ဝတ်နိုင်တဲ့ ရိုးရာ ဝတ်စုံနဲ့ ခင်လေးနွယ်

မြန်မာပြည်သိန်းတန် လိမ္မော်ရောင်နဲ့ အလန်းလွန်အလွန်လန်းးP

ခိုင်နှင်းဝေ
မေမြင့်မိုရ် : makeup ဘာလိုနေမှန်း မသိ
ပန်းနုရောင်နဲ့ ဝါဆိုမိုးဦး

အနီဝမ်းဆက်နဲ့ ထွန်းထွန်း


အေးမြတ်သူ (တွဲထားတဲ့ အဆင်လေး သဘောကျ)

ပပဝင်းခင် မောင်နှမ

ရင်ဖုံးနဲ့ ရွှေမှုံရတီ
မို့မိုမြင့်အောင် (ခါးနဲ့ ပဝါမှာ ချိတ်လိုင်းလေးတွေ) 
ခရမ်းနုရောင်နှင့် ရန်အောင်


ပဲပင်ပေါက်မင်းသား

မိန်းမ အဆင် မဟုတ်ဘူးလို့ ယူဆရင်လည်း ဝတ်ပေါ့နော်
သူ့ဟာနဲ့ သူ ရှုပ်နေတာပဲ ခိခိ

မိုက်တယ်နော် :D
ခင်ဝင့်ဝါ

လင်းဇာနည်ဇော် သားအမိ
ယွန်းယွန်း
မဝါတော့တဲ့ ဝါဝါဝင်းရွှေ (အင်္ကျီနဲ့ ပဝါတွဲပေးလိုက်တာ အမြင်ယဉ်ပြီး စိတ်ဝင်စားစရာကောင်းတယ်)

ဆန်းဆန်းပြားပြား မဝတ်တော့တဲ့ ထွန်းအိန္ဒြာဗိုလ်

ခင်ဇာခြည်ကျော်

  စန္ဒီမြင့်လွင် vs ever elegant lady စိုးမြတ်သူဇာ
သဇင်နဲ့ သူ့ အမျိုးသား
သဲနော်ဇာ (ဒါလည်း အခုမှ နာမည် ကြားဖူးတာ)
ချိုပြုံးဘေးက မိန်းကလေး ဘယ်ဂြိုဟ်ကပါလိမ့် (၂မှတ်)
နန်းစုရတီစိုး (ချိတ်နဲ့ အစင်းနဲ့တွဲတာလည်း ဆန်းသစ်မှု တစ်မျိုးပါပဲ)


Melody
ဆုမြတ်နိုးဦး
Newly wedded ဂန္ဓဝင် (ဇာကပ်ဖြည့်တာ ပြွတ်သွားတယ်)
မေသင်ဇာဦး ( I'm so in love her shawl :) )

ခိုင်သင်းကြည်

သဉ္ဇာနွယ်ဝင်း (အကွန့် လွန်)
ဆန်းသစ်လ
ဗိုက်အအေးပတ် ဖက်ရှင်
လွင်မိုး မိသားစု
ညိုမင်းလွင် (တစ်ဦးတည်းသော suit ဝတ်သူ)
စံရတီမိုးမြင့် (ဝတ်ထားတာ လူကို ဝစေ)

ဆုပန်ထွာ
ဟိန်းဝေယံ (မျက်စိစူးလို့ နေကာတပ်ထားရ)
ထွန်းကို
မင်းရာဇာ
သီရိရှင်းသန့်

ထိုက်စံမော့စ် (တိုက်ပုံတွေက ထွင်လေ ကြည့်မကောင်းလေ)
ကောင်းပြည့် (ထုပ်သီး တစ်ရောင် တိုက်ပုံ တစ်ရောင် ဒီနှစ် ခေတ်စားတယ်)

နန်းခင်ဇေယျာ

ပွင့် "Confidence makes every girl beautiful"

ပုံလေးတွေကို 7days ၊ Popular Journal ၊ Myanmar Celebrities page ကနေ  တွေ့သလောက်ရှာပြီး ထည့်ပေးထားပါတယ်။ မြတ်ကြည်ရဲ့ ထုံးစံ အတိုင်း caption မှာ ရေးချင်တာ ရေးထားတာပါနော်။ ကဲ့ရဲ့လိုတာတို့ တိုက်ခိုက်လိုတာတို့ မရှိပါဘူး။ Peace :)

အကယ်ဒမီပွဲလည်း ကြည့်မကောင်း တစ်နှစ်ထက် တနှစ် ပိုပို ကရောသောပါး နိုင်လာတယ်။ ဒီကြားထဲ ဂီတမှူးဆုရသွားတဲ့ လူက ဘာတွေပြောမှန်းမသိ။ ဒါပေမယ့် ခိုင်သင်းကြည်လေးရသွားတာ ဝမ်းသာပါတယ်။ ^^

အရှေ့ပို့စ်ကို ဒီနှစ်ရဲ့ နောက်ဆုံးလို့ သက်မှတ်ထားတာ အကယ်ဒမီပေးပွဲလေး လာလိုက်တော့လည်း ခါတော်မီလေး ရေးဖြစ်သွားရော။ :P အားလုံးပဲ နောက်နှစ်မှာ တွေ့ပါမယ်နော်။ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ကောင်းကျိုးမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေရှင်။

(Ps. အချိန်ရရင် ဝတ်စုံ တွေနဲ့ ပတ်သက်လို့ အမြင်ဖလှယ်လို့ရအောင်  ကော်မန့်ရေးသွားပေးနော်)
http://www.facebook.com/thanakharmay

You Might Also Like

11 comments

  1. မင်းသမီးထဲမှာ ဆုပန်ထွာရဲ့ ဝတ်စုံအကြိုက်ဆုံးပဲ..။ ကိုယ်က ရိုးရိုးလေးနဲ့ ဆန်းတာကိုကြိုက်တဲ့သူမို့ဖြစ်မှာ..။ ဝတ်စုံဒီဇိုင်းရော အရောင်ရော ကြိုက်တယ်..။ မကြိုက်တာက ရွှေမှုန်ရတီလားး အနီရင့်ရင့်ကြက်သွေးရောင်နဲ့ သူ့အသားအရောင်နဲ့ မလိုက်ဖက်ဘူး။ အသားဖြူတဲ့သူဆိုရင်တော့ လိုက်ရင်လိုက်မှာ။ ယောက်ျားလေးထဲမှာတော့ ဦးခင်လှိုင်ဝတ်တာ သဘောကျတယ်..။

    ReplyDelete
    Replies
    1. ဦးခင်လှိုင်ဝတ်တာကို ကြည့်ပြီးရယ်မိတာတော့ အမှန်ပဲ :D

      Delete
  2. စိုင်းစိုင်းခမ်းလှိုင်နဲ့ ချောရတနာ သဘောကျတယ်။
    စိုင်းစိုင်းခမ်းလှိုင်ရွေးထားတဲ့အရောင်ကအနီရောင်။ အဲဒါကိုဘဲ မိန်းမမဆန်သွားအောင်အမဲနဲ့ ထိန်းထားတယ်။ ဖိနပ်အမဲပဲစီးထားတဲ့အတွက် ခေတ်မှီတယ်။ ဆန်းသစ်တယ်။ ယောက်ျားဆန်တယ်။ ဖက်ရှင်လည်းကျနေသေးတယ်။ ပြီးတော့ပေါရဲလိုက်တာလို့ လည်းလုံးဝမထင်ရဘူး။
    မိန်းခလေးတွေကတော့ အိုဗာတွေဖြစ်နေတယ်လို့ ကိုယ်ထင်တယ်။ အဆင်ရှုပ်ရတဲ့ထဲ ဒီဇိုင်းတွေက ထပ်ရှုပ်နေသေးတယ်။ ချောရတနာ ၀တ်စုံကနဲနဲတော့ရိုးတယ်။ ဒါပေမဲ့ သူ့ အလှကိုပေါ်လွင်စေတယ်။ ဖိနပ်နဲ့ အိတ် ဖက်ရှင်ကျအောင် ဖိနပ်အမဲစီးရင်ပိုကောင်းမယ်ထင်တယ်။
    Holly wood ကလူတွေဝတ်စားတာအမြဲသုံးသပ်ကြတဲ့ Fashion police show ကလူတွေဆိုဘယ်လိုဝေဖန်မလဲသိချင်မိသေး။ အဟိ..အကောင်းဆုံးတော့မသိဘူး။ အဆိုးဆုံးဖက်ရှင်တော့ပေးဖို့ အတော်လွယ်မှာ။ ဝေဖန်ရေးနဲ့ လေကန်ရေးတွေသိပ်များသွားပြီ။
    စိုးမြတ်သူဇာ လည်းမိုက်တယ်။ ဒါပေမဲ့ဝတ်စုံ ကရိုးလွန်းသလိုပဲ။ ဒါပေမဲ့သူ့ အလှကိုတော့လုံးဝလျော့မသွားစေတာအသေချာဘဲ။
    လျာရှည်လက်စနဲ့ ဆက်ရရင်..
    နန်းစုရတီစိုး ရဲ့ အဆင်ကိုသဘောကျတယ်။ အင်္ကျီကိုရှင်းအောင်ချုပ်ရင်တော်တော်လှသွားမှာလို့ ထင်မိတယ်။ ဘာလို့ ဆို ပုဝါဆင်လေးက တော်တော်ထိန်းနေပြီးသားမို့ ။
    ကဲ..ပြေးတော့မယ်။ ခဲပေါက်မခံရခင်။ ဘေဘီဝေဖန်ဖို့ ထားလိုက်အုန်းမယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မင်းသားထဲမှာ ရိုးရိုးသားသား ဝတ်တာတော့ သူ့တယောက်တည်းတွေ့သလိုပဲ။ ရောင်စုံတိုက်ပုံတွေ ဘယ်သူများ ထွင်လိုက်လဲမသိပါဘူး မမရယ်။ မမလိုပဲ မြတ်ကြည်လည်း ချောရတနာ ဝတ်တာလေး သဘောကျမိတယ်။

      Delete
  3. စိုးမြတ်သူဇာတယောက်ဘဲ..
    မျက်စိရှင်းရှင်းလေးနဲ့တွေ့လိုက်ရတယ်ထင်တာဘဲ..
    ကျန်တာတော့ တောသားမယ်ငီးမခံစားတတ်ပါရှင် :P

    ReplyDelete
    Replies
    1. ဟုတ်ပါ့၊ စိုးမြတ်သူဇာကတော့ ever elegant ပဲ။ :)

      Delete
  4. အကယ်ဒမီနေ့က ဟိုတစ်စဒီတစ်စပဲကြည့်ခဲ့ရတယ်... အခုမှပဲ စုံစုံလင်လင်မြင်ရတော့တယ် ... စကားမစပ် မြတ်ကြည်လေးမေးထားတဲ့ မင်းမော်ကွန်းဝတ်ထားတဲ့ပုဆိုးကို 'ဘာပုဆိုးလို့ခေါ်ပါသလဲ' ဆိုလို့ တီတင့်ရဲ့ တူမလေးကို ဖုန်းဆက်မေးကြည့်တော့ မန္တလေး ယွန်းရွှေရည် ပိုးထည်ဆိုင်က ပိုးပုဆိုးကိုပန်းထိုးထားတဲ့ စပွန်ဆာ ပုဆိုးတဲ့။

    ReplyDelete
    Replies
    1. အန်တီတင့် ၂ မှတ်ရသွားပြီ။

      Delete
    2. ၂-မှတ်ရသွားလို့ ပျော်သွားပြီ .... ♥♥♥

      Delete
  5. ပွင့်ကိုအကြိုက်ဆုံး :P
    သူ့လိုဝချင်တယ်လို့
    ဝတ်စုံနဲ့ပတ်သက်ပြီး Talk Showတစ်ခုမှာ ဟိုမိုးကုတ်ကဒီဇိုင်နာကြီးပြောဖူးတာသတိရတယ်။
    ဒီဇိုင်နာတွေကသူတို့မင်းသမီးတွေကိုအရမ်းလှစေချင်လွန်းတော့၊ကွန့်ကွန့်ပြီးပြင်လွန်းတော့ ပိုဆိုးသွားတတ်တယ်တဲ့။အမှန်ဆိုအားလုံးကသူ့အလှနဲ့သူရှိပြီးသား ပြင်လွန်းလို့.-င်ချွန်းသွားတယ်ပေါ့လေ..
    သူပြောတာအဲ့တာလေးတော့သဘောကျတယ်။အမှန်တော့ဇာဆိုလဲဇာကောင်းကောင်းလုပ်။ချိတ်ဆိုလဲချိတ်.မယ်လိုဒီတို့၊ထွန်းအိန္ဒြာဗိုလ်တို့လိုပေါ့။အဲ့လောက်ပဲကောင်းတယ်။ဇာရဲ့သဘော၊ချိတ်ရဲ့သဘောကိုကဒီတိုင်းတောလှပြီးသားလေ..ဒီဇိုင်နာတွေက လှစေချင်လွန်းတော့ မူရင်းအစရဲ့အလှပျောက်။မင်းသမီးရဲ့အလှပျောက်သွားတယ်လို့ထင်တယ်။မင်းသားတိုက်ပုံတွေလဲ အဲ့လိုမျိုးပဲ။ခင်လေးနွယ်ရိုးရာဆင်တွေမထပ်အောင်ဝတ်တာမြင်တော့ ကိုယ့်ရခိုင်ဆင်လေးတွေလဲ ကောင်းကောင်းချုပ်တတ်ကြရင်ကောင်းမှာပဲလို့ အားကျစိတ်လေးဖြစ်မိတယ်။
    စာတောင်တော်တော်ရှည်သွားပြီ။တော်သေးပြီ။ညီမငယ် :P
    (ကိုယ်မြင်သလောက် လေကန်သွားတာပါနော်..သိလွန်းလို့တတ်လွန်းလို့မဟုတ်ပါဘူး :D)

    ReplyDelete
    Replies
    1. ဟုတ်တယ်။ တချို့ဆို အဆင်လေးတွေ လှရက်နဲ့ ရှုပ်ပြီး မလှတော့တာတွေတွေ့ရတယ်။ ရခိုင်ဆင်လေးတွေ အသူ ဒီဇိုင်းထွင်ပြီး ချုပ်ကြည့်ပေါ့။ :) အားပေးတယ်။ မြတ်ကြည်က တီထွင်မှုဉာဏ် သိပ်မပြေးဘူး။

      Delete