DIY Customized Glassware

By 5:48 AM


Hello..

ဒီတခါ ချစ်သူခင်သူတွေ အတွက် ကိုယ်ကိုယ်တိုင် ပုံဖော်ပြီး ပေးနိုင်တဲ့ customized ဖန်ခွက် လုပ်နည်းလေးကို ဝေမျှပေးသွားပါမယ်နော်။

Soft pen လေးတွေပဲရှိ.. အလုပ်ဖြစ်တယ် :)

အရင်ဆုံး ကိုယ်ဆွဲမယ့် ဖန်ခွက်လေးကို သန့်ရှင်းအောင် သုတ်ထားပေးပါနော် အဲဒါမှ အရောင် ပိုဆွဲမှာပါ။

စိတ်ကူးရှိတဲ့ အတိုင်း ပုံဖော်ပါ။

ကိုယ်ဆွဲပြီးလို့ မကြိုက်တဲ့အခါ rubbing alcohol လေးနဲ့ ပြန်ဖျက်ပြီး ပြင်ဆွဲလို့လည်းရပါတယ်။ 

Front: Love you
Back: Flying heart

အခြောက်ခံ၊ မုန့်ဖုတ် oven ထဲကို ခဲပတ် စက္ကူလေးခံပြီး 350 ဒီဂရီ ဖာရင်ဟိုက်မှာ ၂၅ မိနစ်  လောက်ထည့်ဖုတ်ရင် ဆေး ခိုင်ပြီး အရောင်ပျက်မှာ မစိုးရိမ်ရတော့ပါဘူး။
 ရေဆေးလည်း ခံသွားမယ်။ :)

(Note: Oven ကို ကြိုပြီး အပူမပေးထားရပါ။)



ဆင်တူလေးတွေ ဖန်တီးပြီး couple mug လေး တွေလည်း လုပ်လို့ရတယ်နော်။ မူရင်း youtube tutorials တွေကတော့ mug ခွက်နဲ့ လုပ်ကြပါတယ်။ မြတ်ကြည်ဆီမှာ ခွက် ပြောင် မရှိလို့ ဖန်ခွက်ပေါ်လုပ်လိုက်တာ။ Hehe :P

သာယာပျော်ရွှင်ဖွယ် နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။
  www.facebook.com/thanakharmay 

" DIY Couple Mugs" Google မှယူပါတယ်။



You Might Also Like

12 comments

  1. အဲ့ဒါမှခက်တာဘဲ
    လောလောဆယ်..
    oven မရှိဘူးကွယ်.. ။
    ပြုလုပ်နည်းကိုတော့ မှတ်ထားလိုက်ပါပြီ.. :)

    ReplyDelete
  2. မြတ်ကြည်လေး ဦးနှောက်က အဆန်းလေးတွေ အမြဲတွေးတောကြံဆနေတာပဲနော် .... like (y)

    ReplyDelete
  3. လက်ဆောင်လုပ်ပေးစရာ နည်းအသစ်လေးတစ်ခု ထပ်တိုးပြီ :)

    ReplyDelete
    Replies
    1. ချစ်ချစ် အတွက် mug ခွက်းP

      Delete
  4. ကိုယ့်ခွက်တွေနံမည်ထိုးပြီးအဲလိုလုပ်အုန်းမှဘဲ။း)
    အိုင်အိုရာ

    ReplyDelete
  5. ovenမရှိတာခက်တာပဲ.. လုပ်ကြည့်ချင်နေပြီ.

    ReplyDelete
  6. Couple ခွက်လေးကိုတော့ လုပ်ချင်သား
    မမမြတ်ကြည်ရဲ့ ဘလော့ခ်ဒီဇိုင်းလေး ပြောင်းထားတယ်နော် ရှင်းရှင်းလေး သဘောကျတယ်
    :)

    ReplyDelete
    Replies
    1. ကျေးဇူး ညီမလေး။ အကြံပေးချင်တာရှိလည်း ပြောနော်။

      Delete