Secrets of Little Black Dress

By 6:16 AM


ညပွဲတွေအတွက် အနက်ရောင် ဂါဝန်လေး တစ်ထည်ဟာ မိန်းကလေးတိုင်းမှာ မရှိမဖြစ်ပါ။ ဘယ်လို ဖက်ရှင် ရေစီးကြောင်းတွေ ပြောင်းပြောင်း ရိုးမသွားတဲ့ အပြင် အကောင်းဆုံးက အနက်ရောင်ဟာ လူတိုင်းနဲ့လိုက်ပြီး လူကို ပိန်စေတယ်လေ။ အနက် ဖြစ်တဲ့အတွက် ဘာနဲ့ ပဲ တွဲဝတ်ဝတ် အဆင်ပြေတယ်။ ဖိနပ် တို့ အပေါ်ထပ်တို့ အတွက် တကူးတက လိုက်တိုက်နေစရာလည်း မလိုဘူး။ :)

ခန္ဒာကိုယ် ပုံစံကို လိုက်ပြီး ရွေးချယ်ခြင်း

 

သစ်တော်သီး ကိုယ်လုံး


သစ်တော်သီး ကိုယ်လုံးနဲ့ ပျိုမေတွေဟာ တင်တို့၊ ပေါင်တို့ အပေါ်ပိုင်းနဲ့ ယှဉ်လိုက်ရင် ပိုပြည့်တဲ့ အမျိုးအစားပေါ့။ သူ့အတွက် fit and flare type ကို ရွေးချယ်ပါ။ အပေါ်ပိုင်းကို ခန္ဒာကိုယ်နဲ့ ကွက်တိချုပ်ပြီး အောက်ပိုင်းကို အလိုက်သင့် လွင့်လွင့်လေး ဖြစ်နေမယ့် ပုံစံကြောင့် ဝတ်တဲ့အခါ တင်က ထင်းထင်းကြီး တစ်ရစ်ထွက်မနေတော့ပါဘူး။


Fit and Flare



သဲနာရီ ကိုယ်လုံး


ပျိုမေတိုင်းလိုချင်ကြတဲ့ hourglass ကိုယ်ကို  ပိုင်ဆိုင်ထားသူတွေအတွက် ကောက်ကြောင်းပေါ်လွင်စေတဲ့ အင်္ကျီတွေက မိမိရဲ့ အားသာချက်တွေကို ဖော်ပြပေးမှာပါ။ ဗိုက်မသိမသာ ပူနေတာလေးရှိရင်တော့ wrap dress တွေက အသင့်တော်ဆုံးပါပဲ။ ရင်ယှက်လေးတွေဟာ  accessories လေးနည်းနည်းပါးပါး ဆင်လိုက်တာနဲ့ day to night အသွင်ကိုလည်း လွယ်ကူစွာပြောင်းနိုင်ပါတယ်။ နေ့ဘက်ဝတ်ထားလည်း တခြား dress တွေလို ကြောင်တောင်တောင်ဖြစ်မနေပါဘူး။


Wrap Dress


ပန်းသီး ကိုယ်လုံး


ပုခုံး နဲ့ ခန္ဒာကိုယ်အပေါ်ပိုင်းက တင်ထက် ပိုကျယ်နေတဲ့ ခန္ဒာကိုယ်ပိုင်ဆိုင်ထားရင်တော့ sheath dress လေးတွေ ဝတ်ရင် ကြည့်ကောင်းစေမှာပါ။ ကွက်တိချုပ်ထားတဲ့ ဒီဇိုင်းနဲ့ လည်ပင်းအဝိုင်းလေးတွေ၊ လည်ပင်း အကပ်လေးတွေက ပုခုံးကျယ်တာကို အမြင်မှာ လျှော့ပေးပါလိမ့်မယ်။



Sheath

တတောင့်တည်းကိုယ်လုံး


အခုခေတ်က ပိန်သာပိန် ဘာဝတ်ဝတ် ကြည့်လို့ကောင်းတာ အမှန်ပါပဲ။ ဒါပေမယ့် တည့်တည့်ကြီးဖြစ်ပြီး စိတ်ဝင်စားဖွယ် အကွေ့အကောက် အဝေ့အဝိုက်လေးများလိုအပ်နေရင်တော့ Peplum dress လေး ဆောင်ထားပါနော်။ ခါးအောက်ပိုင်းက အတွန့်လေးတွေကြောင့် အမြင်မှာ ခါးနဲ့ တင်အချိုး တော်တော်ကွာသွားတာ တွေ့ရပါလိမ့်မယ်။ တင် မရှိလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် ဗဲရီးဂွတ်ပေါ့။  :D


Peplum


ညပွဲမှာ အမဲရောင်က ဖြစ်ရတဲ့အထဲ ဘာမှ မဝတ်သွားဘူး ဆိုရင်တော့ လူအများကြီးကြားထဲ ကိုယ်ရှိမှန်းတောင် သိတော့မှာ မဟုတ်ပါဘူး။ အနက်ရောင်က အရောင်မှိုင်းထဲပါတာမို့  accessories လေး တစ်ခုခုတော့ ဝတ်သွားသင့်ပါတယ်။ တချို့ဆွဲကြိုးတွေ ဆွဲသာဆွဲလိုက်တာ ဝတ်တာနဲ့ လိုက်သလိုလို မလိုက်သလိုလို ခံစားရတာ ကြုံဖူးကြမှာပါ။ အင်္ကျီလည်ပင်း ပုံစံကိုလိုက်ပြီး ဆွဲကြိုးရွေးချယ်နည်းလေး တလက်စထဲ တင်ပေးလိုက်ပါတယ်။ 

From Pinterest


မိတ်ဖက် 

အနက်ရောင်နဲ့ အလိုက်ဖက်ဆုံး အရောင်တွေပြောပါဆိုရင် ရွှေရောင်နဲ့ အနီရောင်က ထိပ်ဆုံးပါပဲ။ မယုံရင် ယှဉ်ဝတ်ကြည့်ကြည့်နော်။ လူကို ထင်းထွက်သွားစေလိမ့်မယ်။ :)


ဒါလေးကို Christmas အမီ တင်မယ်လုပ်ထားတာ၊ အကြောင်းကြောင်းကြောင့် ဒီနေ့ (ခရစ်စမတ်စ်နေ့)မှ တင်ဖြစ်တော့တယ်။ Dinner သွားတဲ့သူတွေလည်း သွားကုန်ကြလောက်ပြီ။ ဒါပေမယ့် New Year ကျန်သေးတာပဲနော်။ :P

 အားလုံးပဲ Merry Christmas ပါရှင်။
http://www.facebook.com/thanakharmay


Next post: 2014 သမင်လည်ပြန်

You Might Also Like

2 comments

  1. love this post myat kyi, thx for useful tips naw and thx for helping to change font as well <3

    ReplyDelete
    Replies
    1. my pleasure :) btw, i m waiting for your 2014 review.

      Delete