Babyliss Curl Secret ကို လက်တည့်စမ်းခြင်း

By 8:42 PM

အဲဒီ စက်လေးကို စစ တွေ့ကတည်းက စမ်းကြည့်ချင်တာကြာပြီ။ သူ့ပုံစံက သာမန် မြတ်ကြည်တို့တွေ့နေကျနဲ့ hair curler တွေနဲ့ မတူတာရယ်။ Review တွေက တော်တော် ကောင်းနေတာရယ်။ အဲဒါနဲ့ အဒေါ်ခရီးသွားတော့ မှာလိုက်တာ။

Hair Awards Women's Weekly လို့ ကပ်ထားတာပဲ

 သူ့မှာ စက်အပြင် သန့်ရှင်းရေးလုပ်တဲ့ ဖော့ချောင်းလေးထည့်ပေးထားတယ်။ setting ချိန်လို့ရတဲ့ ခလုတ်လေး ၃ မျိုးပါပါတယ်။ R A L ( curl direction - right, alternate, left) I II III (အပူချိန်) 0 8 10 12 s (အချိန် timer) ကိုယ့်စိတ်ကြိုက်ချိန်လို့ရတယ်။


ဆံပင်ကို နည်းနည်းချင်းယူပြီး မြောင်းထဲထည့်လိုက်ရင် စက်က ဂျလိဂျလိ ဂျလိန်းဂျလိန်းဆိုပြီး ဆံပင်ကို အထဲ လိပ်သွင်းသွားရော။ ကိုယ် set လုပ်ထားတဲ့ စက္ကန့် အတိုင်း  ဥပမာ ၁၀ စက္ကန့်ဆို တီ တီ တီ တီ ၄ ချက်အော် နောက်ဆုံး တစ်ချက် ၃ ခါဆက်တိုက်မြည်ရင် လက်ကိုင်ဖိထားတာကို ဖြည်လိုက်ရုံပဲ။ မတော်တဆများ ဆံပင်တွေ ညပ်သွားခဲ့ရင် ဆိုပြီး အတွေး ဝင်သွားခဲ့သေးတယ်။ ပြီးသာပြီးသွားတယ် အဲလိုတော့ မရှိလိုက်ဘူး။ :D

မနေ့က : စမ်းသပ်ရင်း ရိုက်
Pros and Cons

Pros :
လက်ညောင်းတော်တော် သက်သာသွားတယ်။ အရင် curler wand အချောင်းတွေဆို ညှပ်လိုက် လိပ်လိုက်နဲ့။ အခုတော့ သူ့ဟာသာသူ စက်ထဲ လိပ်သွားတာဆိုတော့ ထည့်ပြီး ကိုင်ထားရုံပဲ။

  မြတ်ကြည်ဘာသာ အရင်က ကောက်တာထက်တော့ ကောက်သား ညီတယ်။ Pro ဖြစ်စရာ မလိုဘူးပေါ့နော်။ ကောက်နေကျ မဟုတ်တဲ့ မြတ်ကြည်တို့လို beginner တွေအတွက် တော်တော် အဆင်ပြေတယ်။

Cons:
သူ့မှာ ရေးထားတာ ညှပ်တဲ့ side အပါး နဲ့ အထူ နှစ်ဖက်မှာ  ဦးရေနဲ့ နီးတဲ့ဘက်မှာ အမြဲ အပါးဘက်ကို ထားပါတဲ့။ အဲဒီမှာ ပြသနာက စတာပဲ။ သူပြောတဲ့ အတိုင်း လိုက်လုပ်တာ အလုပ်ဖြစ်တာက ဖြစ်လိုက်၊ မဖြစ်တာက မဖြစ်လိုက်နဲ့။ သူက အလုပ်မဖြစ်ရင် နည်းနည်းလေးပဲ ဆွဲလိပ်ပြီး ရပ်သွားရော။ ဆံပင်လည်း မကောက်တော့ဘူး။ အဲဒီအခါကျရင် သူပြောထားတာနဲ့ ပြောင်းပြန်လုပ်မှ အဆင်ပြေသွားတယ်။ အပေါ်ပုံမှာ မြတ်ကြည် ပြောင်းပြန် ဇောက်ထိုးကြီးကိုင်ပြီး လုပ်နေတာ တွေ့ရပါလိမ့်မယ်။ :P

အပျင်းထူပြီး ဆံပင် ထည့်တာ များသွားရင်လည်း မလိပ်ပြန်ဘူး။ ဂဂျိ ဂဂျိ နှစ်ခါလောက်မြည်ပြီး တစ်သွားရော။ နည်းနည်း ချင်းစီ ထည့်ရတော့ နည်းနည်း တော့ time consuming ဖြစ်တယ်။

Farrah Fawcett မဟုတ်ဘူး Farrah Fawmyat :P
မနက်ကထိ ကောင်းကောင်း ခံတယ်။ ညက ဖိအိပ်လိုက်တော့ ဖို့ရို့ဖားယား ဖြစ်နေတာနဲ့ ခေါင်းဖြီးလိုက်တာ။ ဒါလေးတော့ ကျန်သေးတယ်။

Today After ဘီးဖြီး

  မြတ်ကြည်တို့လို ကိုယ့်ဘာသာကိုယ် ထိုင်ကဏိုဏ်း ကျကျ မကောက်တတ်တဲ့သူတွေ အတွက်တော့ ဝယ်ရတာ တန်တဲ့ ပစ္စည်းလေးလို့ပြောပါရစေ။ ရိုးရိုး curler တွေထက် ထူးကဲပြီးတော့ လှသွားတယ်တော့ မဟုတ်ပါဘူး။ ဒီ review လေးက ဝယ်ရင်ကောင်းနိုး မဝယ်ရင်ကောင်းနိုး စဉ်းစားနေသူတွေအတွက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သာယာပျော်ရွှင်ဖွယ်နေ့လေးတစ်ရက်ဖြစ်ပါစေရှင်။

You Might Also Like

12 comments

  1. ဆံပင်ကို အစမ်းကောက်ရင် ၁ရက်ပဲခံတယ်.အသေကောက်တုန်းကလဲ ခဏပဲရတယ်..
    ဆံသားကအရမ်းသေးပြီး ပျော့လွန်းလို့.. ဘာမှလုပ်လို့မရဘူး။
    ခုစက်လေးက မဆိုးဘူးနော်။ဈေးလေးပါ ပြောပြရင်ပိုကောင်းမယ် :D

    ReplyDelete
    Replies
    1. ချောဒီး.. အပေါ်ဆုံးကပုံကိုသေချာမကြည့်ဘူး။ဈေးနှုန်းပါသားပဲ။249ဆိုတော့ ဟဲဟဲ :P

      Delete
    2. အလားတူ ၃ သောင်းတန် လေးတွေလည်း online store မှာ ရောင်းတာတွေ့တယ်။ ဒီက ရွပြီး အဒေါ်နဲ့ မှာလိုက်မိလို့။ မြတ်ကြည်ဖုန်းနံပတ် မှတ်ထားတာ - 09253071197

      Delete
  2. တီတင့်ရဲ့ ဗျူးတီးစလွန်းအတွက် အထောက်အကူပြုတဲ့ ပို့စ်လေးတွေ အတော်များများဖတ်ရလို့ ကျေးဇူးပါ မြတ်ကြည်လေးရေ.... ♥♥♥

    ReplyDelete
  3. ဟုတ် တီတင့် အမြဲလာ အားပေးလို့ ကျေးကျေး :)

    ReplyDelete
  4. လှတယ်..။ ဆံပင်ကောက်တာတော့ သဘောကျတယ်.။ :D

    ReplyDelete
  5. sis yay.. I was wondering how does it work. Thank you for the review..

    ReplyDelete
  6. Fraaah Formyat Lay..
    မြတ်ကြည်နဲ့ လိုက်တယ်။
    ဈေးအဲလောက်ရှိရင်တော့အပျော်မ၀ယ်ချင်ဘူးကွယ်။
    အဲလောက်ပေးမှလည်းကောင်းမှာပါ။ အမြဲအလှပြင်တဲ့သူအတွက်တော့ဆောင်ထားသင့်တယ်။
    တော်တော်အသုံးတဲ့တာဘဲ။
    အိုင်အိုရာ

    ReplyDelete
  7. I bought from online after read your review. It was cheap $30 only but the curl does not last long.

    ReplyDelete