ရာသီစက်ဝန်း နှင့် သားဆက်ခြားခြင်း

By 6:54 AM


ရာသီစက်ဝန်းအကြောင်းကို ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်ရှင်။

မိန်းကလေးတွေရဲ့ သားဥအိမ်မှာ မမျိုးဥ ဘယ်နှစ်လုံးဆိုပြီး အရေအတွက်နဲ့ မွေးကတည်းကပါလာကြပါတယ်။ အဲဒီအရေအတွက်ကုန်တဲ့အချိန်ဟာ မိန်းကလေးတွေရဲ့ သွေးဆုံးချိန်ပါပဲ။

 တစ်လမှာ တစ်ခါ သားဥအိမ်ထဲမှာ သိမ်းထားတဲ့ မမျိုးဥတစ်လုံး တစ်လုံးဟာ ဖူးစာရှင် ကိုကို sperm နဲ့ တွေ့လိုတွေ့ငြား ဆင်းဆင်းလာကြပါတယ်။  အဲဒါကို ဆေးပညာ အရ သားဥကြွေခြင်း (ovulation) လို့ ခေါ်ပါတယ်။

မမမျိုးဥနဲ့ ကိုကို sperm နဲ့တွေ့တဲ့ အခါ fertilization ဖြစ်ပြီး ဘေဘီလေး ဖြစ်လာတာပေါ့ရှင်။ သားအိမ်ကလည်း ဘေဘီလေးဖြစ်လာတဲ့ အခါ အလိုက်သင့် တွယ်ကပ်နိုင်ဖို့ သားအိမ်ကို မမျိုးဥကြွေချိန်နဲ့ ကိုက်ပြီး သွေးကြောလေးတွေ ရှက်နွယ်ပြီး အာဟာရကောင်းကောင်းပေးနိုင်မယ့် နရံကို ပြင်ဆင်ထားပေးတာပေါ့။ ဘေဘီလေး သားအိမ်နရံကို တွယ်ကပ်တာကို implantation လို့ ခေါ်ပါတယ်။

သို့ပေမယ့် မမမျိုးဥ ဆင်းလာတဲ့ အချိန်မှာ သူ့ကိုကိုနဲ့ မတွေ့ရင်၊ မမမျိုးဥ တစ်ယောက် ရင်ကွဲပက်လက်ဖြစ်ပြီး ၂၄နာရီပြည့်တာနဲ့ ပျက်စီးသွားပါတယ်။ နောက် ၁၄ရက် ကြာတဲ့ အခါမှာတော့ သားအိမ်ဟာ ဘေဘီလေးတွယ်ကပ်ခြင်းမရှိတဲ့ သားအိမ်နံရံမှာ ဆင်ထားတဲ့ သွေးကြောတွေကို ခွါချလိုက်ပါတော့တယ်။ အဲဒီမှာ ရာသီသွေးဆင်း (menstruation)ဖြစ်လာ  ပါတော့တယ်။



မိန်းကလေးတွေ တစ်ယောက်နဲ့ တစ်ယောက်ဟာ ရာသီစက်ဝန်း ကာလ မတူကြပါဘူး။ တချို့တလေ၊ "ငါကတော့ စောလာတတ်တယ်၊ ငါကတော့ နောက်ကျတယ်" ဆိုပြီး ပြောကြတာ သိပြီးသားဖြစ်မှာပါ။ တချို့တလေ ၂၈ရက် ရှိသလို ၃၅ရက် လည်းရှိကြပါတယ်။  ရာသီလာတဲ့ ပထမဆုံးရက်ကို လစဉ်  ပြက္ခဒိန်မှာ မှတ်ထားရင်  မိမိရဲ့ စက်ဝန်း ကာလ (menstrual cycle) ကို ရေတွက် သိရှိနိုင်ပါတယ်။

ဘယ်လိုပင်မတူစေကာမူ အမျိုးသမီးတိုင်းအတွက် ရာသီလာတဲ့ ပထမရက် မတိုင်ခင် ၁၄ရက်ဟာ သားဥကြွေချိန် (ovulation day) ပါပဲ။ အဲဒီရက်မှာမှ မမျိုးဥဟာ sperm နဲ့ မဆုံဖြစ်ဘူးဆို ဘေဘီလေးမရပါဘူး။ :)

ကိုကို sperm တို့ ကတော့ ဇွဲနပဲ အတော်ကြီးလှပါတယ်။ ချစ်ချစ် နဲ့တွေ့ဖို့ဆို ၅ ရက် ကနေ ၇ရက် ထိအောင် စောင့်နိုင်ပါတယ်။ ဒီတော့ ... sperm အနေနဲ့ မမျိုးဥ မကြွေခင် ၅ရက် ၆ရက်လောက်ကနေ လာစောင့်နိုင်၊ မမျိုးဥကြွေချိန်၂၄နာရီအတွင်း တက်လာနိုင်ရင် ဘေဘီလေးရနိုင်ပါတယ်။ ၂၄နာရီ ထက်နောက်ကျလို့ ကတော့ NO ပါပဲ။ :P

Formula

1) သားဥကြွေတဲ့ရက် = ရာသီပထမရက် - ၁၄
    (Ovulation day = First day of menstrual period - 14)

2) နောက်လ ရာသီလာမည့်ရက် = ယခုလ ရာသီပထမရက် + ရာသီစက်ဝန်းကာလ
    (Next menstrual period = This month first day of menstrual period + menstrual cycle)

ပုစ္ဆာလေးတွေ တွက်ကြည့်ရအောင်နော်--

ခင်ခင်ဟာ  ဒီလ March 13 မှာ ရာသီစလာပါတယ်။ သူ့ရဲ့ ရာသီစက်ဝန်း ကာလဟာ ၂၈ရက် ဆိုရင်..

1)  ခင်ခင်ရဲ့ အခုလ ရာသီမလာခင် သားဥကြွေတဲ့ ရက် (ovulation day) ?
2)  နောက်လ ဘယ်ရက်မှာ ရာသီလာပါမလဲ (Next Menstruation) ?
3)  နောက်လ သားဥကြွေမယ့်ရက် (next Ovulation day) ? (ခန့်မှန်း)
4)  ဘယ်ရက်တွေမှာ ဘေဘီလေး ရနိုင်လဲ (period of probable successful fertilization)?

တွက်ပြီးရင်အောက်မှာ အဖြေကိုက်ကြည့်နိုင်ပါတယ်ရှင် :)




အဖြေ

1) အခုလ ရာသီမလာခင် သားဥကြွေတဲ့ ရက် ( Ovulation day)
    ယခုလ ရာသီပထမဆုံးရက်  -  14  = March 13 - 14 = February 29

2)  နောက်လ ရာသီလာမယ့်ရက် (Next menstruation)
     ယခုလ ရာသီပထမဆုံးရက်  + ရာသီစက်ဝန်း ကာလ =  March 13 +28 = April 10.

3) နောက် သားဥကြွေမယ့်ရက် (Next Ovulation)
   နောက်လ ရာသီလာမယ့်ရက် - 14 = April 10 -14 = March 27
   ရှေ့တိုး နောက်ဆုတ် ၂ရက် -->  March 25 to 29.

4) ဘေဘီလေးရနိုင်တဲ့ရက် (Period of probable successful fertilization)
   သားဥကြွေမယ့်ရက် + အရှေ့ ၇ရက် + နောက် ၁ရက် = March 18 to March 30.



ရှုပ်သွားသလား မသိနော်?

 ဒါလေးကို နားလည်ထားရင် မလိုလားတဲ့ ကိုယ်ဝန်ဆောင်မှု unwanted pregnancies တွေကို လျှော့ချ နိုင်မှာဖြစ်သလို၊ မလိုအပ်ပဲ ကိုယ်ဝန်တားဆေးတွေ သုံးစွဲမှုမှ ရရှိတဲ့ ဘေးထွက်ဆိုးကျိုး တွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ တားဆေးသောက်ပြီးလည်း ရလာတဲ့ ကိုယ်ဝန်တွေရှိတာမို့ (အရေးပေါ် ကိုယ်ဝန်တားဆေး morning after pills သုံးတဲ့ အမျိုးသမီး ၁၀၀ မှာ ၉ယောက် ကိုယ်ဝန်ရနိုင်ပါတယ်) ဘေဘီလေး ယူဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် ဒီသဘာဝနည်းလေးကို သုံးကြည့်စေချင်ပါတယ်။

သာယာပျော်ရွှင်ဖွယ်နေ့ရက်များကို လျှောက်လှမ်းနိုင်ကြပါစေရှင်။



You Might Also Like

17 comments

  1. ဒီလိုလေးတွေရေးတာ ကောင်းတယ် သူငယ်ချင်း...
    အားပေးတယ် :D

    ReplyDelete
  2. အားပေးနေပါတယ် ညီမရေ ဗဟုသုတရစရာလေးတွေ
    များများရေးနိုင်ပါစေ

    ReplyDelete
  3. မြတ်ကြည်ကဒါတွေလဲရတာဘဲလား
    ခုမှဘဲသိတော့တယ်..မှတ်ထားလိုက်ပြီနော်....း)

    camomilla

    ReplyDelete
  4. အလှအပလဲ မဟုတ်လို့ ထူးဆန်းသွားလို့ လာကြည့်တာ
း)
    နောက်မှ သတိရတယ်..

    ပွင့်

    ReplyDelete
  5. အရင်က အဲ့ဒီအကြောင်းပြောတိုင်း အမြဲကို ရှုပ်ပြီး သူငယ်ချင်းတွေနဲ့ ငြင်းနေရတယ် .. ခုတော့ ငြင်းစရာသူငယ်ချင်းတွေ အဝေးရောက်နေတော့ တစ်ယောက်ထဲ ဖတ်ပြီး ခေါင်းမူးသွားတယ် .နောက်တစ်ခါ ထပ်ဖတ်ဦးမယ်..ဘာကြောင့်မှန်းမသိဘူး ဖတ်လိုက်တိုင်း ရှုပ် ရှုပ်သွားတယ်.. ဟိ မြန်မာသက္ကရာဇ် တွက်တာလောက် မလွယ်ဘူးနော်..း)

    အိမ်မက်စေရာ

    ReplyDelete
  6. ဖတ်သွားတယ် မြတ်ကြည်
    ပြက္ခဒိန်တော့ နောက်မှ ကြည့်မယ်..။
    အမျိုးသမီးတစ်ယောက်မှာ မမျိုးဥ ဘယ်နှစ်လုံးပါလဲ ကြိုသိနိုင်လား...။

    ReplyDelete
  7. ဆယ်တန်းတုန်းက ဘိုင်အိုသင်ခဲ့တာကို
    သွားသတိရတယ်။
    ဆရာမစာသင်တာလည်း
    မြတ်ကြည်ပြောတဲ့အတိုင်းပါဘဲး)
    ကလေးတွေကလည်း အဲသလိုသင်မှ
    မှတ်မိတယ်လေ :P
    ကိုယ်တွေလည်းပါတာပေါ့ ;)


    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  8. ကျေးဇူးပါ မြတ်ကြည် ..
    စစ်ကြည့်ဖို့တော့ မဟုတ်ပါဘူး.. ရလားမေးကြည့်တာ..

    ReplyDelete
  9. ဟီးရေးထားတာလေး ချစ်ချာလေး လာအားပေးသွားပါတယ် မြတ်ကြည်(အသက်တစ်နှစ်တည်းဆိုတော့ မြတ်ကြည်လို့ပဲခေါ်တော့မယ်နော်)

    ReplyDelete
  10. သိပ်တော်တဲ့ မျက်ကျိ .. ရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းအောင်ရေးတတ်တယ်။

    ReplyDelete
  11. မျက်နှာပူတယ်ဂျာ့

    သိလဲသိချင်တယ့့်

    နောက်တော့အခန်းထဲမှာမီးပိတ်ပြီးဖတ်လိုက်တယ်

    ReplyDelete
  12. apple apps ထဲမှာ Period Tracker (pro) လေးရှိတယ်.. တော်တော်အဆင်ပြေတယ်..
    စမ်းသုံးကြည့်ပါလား.. မျိုးဥကြွေတဲ့နေ့ကိုလဲပြထားတယ်.. နောက်လ လာမယ့်ရက်လဲတွက်ပေးတယ်။

    ReplyDelete
  13. ကိုယ်တို့ငယ်တုန်းက အတော်မျက်စိလည်ခဲ့ရတဲ့ ပြဿနာတစ်ခုပဲ ညီမလေးရေးD ညီမလေးရေးပြထားတာရှင်းလင်းပြီး ပျိုပျိုတို့အတွက်တင်မက ကိုကိုတို့အတွက်ပါ သတိချပ်စရာလေးဖြစ်စေပါတယ်။

    ReplyDelete
  14. Good job. Nice writing.
    Iora

    ReplyDelete
  15. http://monthlyinfo.com/

    အဲ့ဒီ ဆိုဒ်မှာ လာမည့်ရက်ကို သတိပေးလို့ရတယ်နော် ။ သေသေချာချာမသုံးတက်လို့ မြတ်ကြည် အားရင်လည်း ၀င်ကြည့်ပေးပါအုံးနော် ... :)

    ReplyDelete
  16. Thank you for this post, myat kyi lay :D I always get confused this calculation and your writing is very easy to understand with example and thanks those who post the useful links.

    ReplyDelete