ဗောက်ကင်းတဲ့ ဆံပင်
ဗောက်
ဦးရေပြားမှာ ဖြစ်ပေါ်တတ်တဲ့ အရေပြားပြသနာတစ်ခုပါ။ သာမန်လူမှာ အရေပြားပေါ်မှာရှိတဲ့ ဆဲလ်လေးတွေက အချိန်တန်သက်တမ်းကုန်ရင် ကြွေကျကြပါတယ်။ ဗောက်ဖြစ်တဲ့ သူတွေရဲ့ ဦးရေပြားက ဆဲလ်တွေဟာ သာမန်လူတွေထက် ပိုမြန်မြန်ကြွေပါတယ်။ ကွာကျတဲ့ ဆဲလ်အရေအတွက်များတာကြောင့် ကြည့်ရင် အရေပြားအဖတ်လေးတွေကို တွေ့ရတာဖြစ်ပါတယ်။
ဖြစ်စေတဲ့အကြောင်းအရင်း
Seborrheoic Dermatitis က ဦးခေါင်းမှာ ဗောက်ဖြစ်စေတဲ့ အကြောင်းထဲက တစ်ခုအပါအဝင်ပါ။ လူတစ်ရာမှာ သုံးယောက်ဖြစ်နိုင်ချေရှိပါတယ်။ ဦးရေပြားကို ရောင်ရမ်း စေပြီး အဖတ်လေးတွေ ကွာကျစေပါတယ်။ သူက ဦးရေတင်မဟုတ်ပဲ မျက်နှာ၊ (မျက်ခုံးတစ်ဝိုက်၊ နှာခေါင်းဘေး)၊ နားအထဲနဲ့ နားတစ်ဝိုက်၊ ရင်ဘတ်၊ လက်ပြင်နှစ်ခုကြား၊ ကွေးဆန့်တဲ့ နေရာဆုံ ( ဥပမာ။ ။ လက်ဖျံနဲ့ တံတောင်ဆစ်ကြား) မှာလည်း တွေ့ရတတ်ပါတယ်။ တခါတလေအခြေအနေဆိုးရင် အသားအရေနီမြန်းပြီး အဝါရောင်အဖတ်လေးတွေနဲ့ ဖုံးထားတာကို တွေ့ရတတ်ပါတယ်။
ဖြစ်ပေါ်စေတဲ့အဓိကအကြောင်းတွေက
- ကိုယ်မှာအဆီပြန် တာများခြင်း၊
- မျိုးရိုးလိုက်ခြင်း၊
- Malassezia လို့ခေါ်တဲ့ တစေးမှို တစ်မျိုးကို ဓာတ်တုန့်ပြန်တာကြောင့် ရလာတတ်ပါတယ်။
နောက်ဖြစ်နိုင်ချေရှိတဲ့အကြောင်းထဲမှာတော့
- စိတ်ဖိစီးမှုများခြင်း၊
- ခေါင်းပုံမှန် မဖြီးခြင်း (သေသွားတဲ့ ဆဲလ်တွေ ပုံမှန်ဖယ်ရှားခြင်းမရှိ၍ စုပြီး ကြွေကျခြင်း)
-ချွေးထွက်များခြင်း
- ရာသီဥတုအပြောင်းအလဲ
- seborrheoic dermatitis ကိုဆိုးရွားစေတဲ့ ဆေးတချို့
- အရေပြားမှာ မှိုရောဂါ တစ်ခုခုစွဲကပ်ခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။
Diagnosis
ဖြစ်တာက ရိုးရိုး ဗောက်လား၊ seborrheoic dermatitis ကြောင့်ဖြစ်တဲ့ ဗောက်လား သိချင်ရင် ဦးရေပြားနီရမ်းခြင်းရှိမရှိနဲ့ ပြန်ခွဲပါတယ်။ စစချင်းဖြစ်တဲ့ seborrheoic dermatitis အနုစားမှာဆိုရင်တော့ နီးမြန်းခြင်းမရှိလို့ ဗောက်နဲ့ သွားဆင်ပါတယ်။
Seborrhoeic Dermatitis နဲ့ ပုံစံဆင်တာက psoriasis ဆိုတဲ့ ရောဂါရှိပါသေးတယ်။ သူ့မှာဆိုရင်တော့ ဦးရေနီ၊ ပက်ကြားအက်သလို၊ ငါးအကြေးခွံလို အဖတ်တွေဖြစ်ပါတယ်။
ဘယ်လိုကုမယ်
Zinc pyrithione, Salicylic acid, Selenium Sulphide, Ketoconazole ပါတဲ့ ခေါင်းလျှော်ရည်တွေကို ရိုးရိုးဗောက်မှာရော၊ seborrhoeic dermatitis မှာပါအသုံးပြုလို့ ရပါတယ်။
ရိုးရိုးဗောက်သက်သက်ပဲဆိုရင်တော့၊ sulphur နဲ့ sulphur အရော salicylic acid ပါဝင် တဲ့ပစ္စည်းတွေကို သုံးနိုင်ပါတယ်။
အရမ်းဆိုးတဲ့ seborrhoeic dermatitis ဆိုရင် ဆရာဝန်က အနီနဲ့ ယားယံတာသက်သာအောင် steroid လိမ်းဆေး ကိုပေးပါလိမ့်မယ်။
အိမ်တွင်းဖြစ်
ဗနီဂါ (ရှာလကာရည်) နဲ့ သံပုရာရည်ကို ရောပြီး ခေါင်းမလျှော်ခင်လိမ်းထားပြီး ခနပေါင်းထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ တော်တော်သက်သာပါတယ်။
ဘယ်လိုကာကွယ်ရမယ်
1. ခေါင်းလျှော်တဲ့အချိန်မှာ ဦးရေကို လက်နဲ့ကုတ်တာမျိုးရှောင်ပါ။ အသာအယာပွတ်ပြီးဆေးတာက ဦးရေရော၊ ဆံပင်ကိုပါပျက်ဆီးခြင်းမှကာကွယ်ပေးပါတယ်။
2. ဆံပင်ကို နေ့တိုင်းပုံမှန်ဖြီးပေးပြီး၊ တစ်ပတ်ကို သုံးကြိမ်ခေါင်းလျှော်ပါ။ ခေါင်းလျှော်ပြီးတဲ့ အခါ ဆပ်ပြာရည်စင်အောင် ဆေးပါ။ လက်ဖက်ဆီပါတဲ့ခေါင်းလျှော်ရည်မျိုးဟာ ဗောက်ဖြစ်စေတဲ့မှိုကို သေစေနိုင်ပါတယ်။
3. ဆံပင်ဆိုးဆေးလိုဓာတုပစ္စည်းတွေကို တတ်နိုင်သလောက် ဦးရေပေါ်မတင်ပါနဲ့။ ဦးရေပေါ်မှာရှိတဲ့ အကျိုးပြုတဲ့ ဘက်တီးရီးယား တွေကို သေစေတာကြောင့် မှိုဖြစ်စေဖို့ ပိုအားပေးပါတယ်။
4. တခြားအရေပြားရောဂါတွေလိုပဲ ရေနွေးနဲ့ခေါင်းလျှော်တာက ဗောက်ကို ပိုဆိုးစေပါတယ်။ ရေနွေးမသုံးပဲ ပုံမှန်အပူချိန် ရေနဲ့လျှော်ရင် ဗောက်သက်သာသွားတာကို တချို့တလေမှာ မြင်တွေ့နိုင်ပါတယ်။
5. ဆံပင်အတွက်သုံးတဲ့ အလှကုန် တချို့ဟာ ဆံပင်မှာ အဆီစုစေပြီး ဦးရေပြားကို irritation ရစေတာမို့ ဗောက်ဖြစ်တဲ့အချိန် မှာ မသုံးပဲရပ်ထားကြည့်ပါ။ ဖြစ်နိုင်ရင် အမျိုးအစား ပြောင်းသုံးပါ။
6. စိတ်ဖိစီးမှုမှ ကင်းဝေးအောင်နေပါ။
ဗောက်နဲ့လူတိုင်း မကင်းပါဘူး။ ကျွန်မအရင်က ဗောက်ဖြစ်တတ်ပေမယ့် အခုမရှိတော့လို့ စိတ်ချမ်းသာနေပါတယ်။ ဘယ်ကနေဘယ်လိုပျောက်သွားလည်းတောင် သတိမထားမိလိုက်ပါဘူး။ ဝယ်တော့ ခေါင်းလျှော်ရည်က ဆေးပါတယ်လို့ဆိုင်က ပြောတာပဲ။ ကျွန်မလည်း သူတို့စာမဖတ်တတ်တော့ ဘာပါတယ်မသိဘူး။
ပုံမှန်လာအားပေးနေတဲ့ စာဖတ်သူပျိုမေတွေကို အရမ်းကျေးဇူးတင်ပါတယ်။ အခုတလော စိတ်ထောင်းကိုယ်ကျေဖြစ်နေတာနဲ့ ဘလော့ဘက်ခြေဦးမလှည့်ဖြစ်နိုင်ဘူးဖြစ်နေတယ်။ အချိန်ရရင် ရသလိုကြိုးစားပြီးတင်ဆက်ပေးသွားမှာပါ။ ကျန်းမာရွှင်လန်းကြပါစေရှင်။

![]() |
ဗောက် |
![]() |
အဏုကြည့်မှန်ပြောင်းအောက်မှာ မြင်ရပုံ |

ကျွန်မသုံးတဲ့ ခေါင်းလျှော်ရည် |
ဗောက်နဲ့လူတိုင်း မကင်းပါဘူး။ ကျွန်မအရင်က ဗောက်ဖြစ်တတ်ပေမယ့် အခုမရှိတော့လို့ စိတ်ချမ်းသာနေပါတယ်။ ဘယ်ကနေဘယ်လိုပျောက်သွားလည်းတောင် သတိမထားမိလိုက်ပါဘူး။ ဝယ်တော့ ခေါင်းလျှော်ရည်က ဆေးပါတယ်လို့ဆိုင်က ပြောတာပဲ။ ကျွန်မလည်း သူတို့စာမဖတ်တတ်တော့ ဘာပါတယ်မသိဘူး။
ပုံမှန်လာအားပေးနေတဲ့ စာဖတ်သူပျိုမေတွေကို အရမ်းကျေးဇူးတင်ပါတယ်။ အခုတလော စိတ်ထောင်းကိုယ်ကျေဖြစ်နေတာနဲ့ ဘလော့ဘက်ခြေဦးမလှည့်ဖြစ်နိုင်ဘူးဖြစ်နေတယ်။ အချိန်ရရင် ရသလိုကြိုးစားပြီးတင်ဆက်ပေးသွားမှာပါ။ ကျန်းမာရွှင်လန်းကြပါစေရှင်။
19 comments
Thanks for sharing though you aren't feeling light hearted.May you be cool and happy.
ReplyDeleteGyidaw
Thanks Ma Gyi, for the wish :)
ReplyDeleteမွမွမျက်ဂျီး
ReplyDeleteကျွန်မသုံးတဲ့ခေါင်းလျှော်ရည်ပဲပေးတော့
<3
<3 ပို့ပေးလိုက်မယ်။ လိပ်စာပေး :P
ReplyDeleteစိတ်ထောင်းစရာတွေလူတိုင်းမှာရှိပါတယ်။ ကိုယ်မကြေအာင်တော့ သတိလေးနဲ့ စောင့်ရှောက်ပါမြတ်ကြည်လေးရယ်။
ReplyDeleteစိတ်တွေအမြန်ဆုံးပြန်လည် လန်းဆန်းပါစေလို့ ဆုတောင်းသွားတယ်နော်။
အိုင်အိုရာ
ပေးတဲ့ဆုနဲ့ပြည့်ပါစေ၊ မမ.. :)
ReplyDeleteဒီမှာလဲ ဗောက်ထလို့ လေနေတာ ..း)
ReplyDeleteစိတ်ချမ်းသာအောင်နေပါလေကွယ် .. :D
တခါတလေကျတော့လည်း စိတ်ပင်ပန်းလှတယ်။ အားပေးကြလို့ စိတ်သက်သွားတာတော့ အမှန်။ =)
ReplyDeleteစာလာဖတ်သွားတယ်... ဆံပင်သန်စေတဲ့နည်းလေး ရေးပါလား.. ကန်ဒီက ဆံပင်ပါးလားလို့... အနောက်ဘက်က ထူသလိုထင်ရပေမယ့်.. ဘေးတွေကျတော့ ပါးတယ်...
ReplyDeleteစိတ်ထောင်းကိုယ်မကြေနဲ့.. ပျော်ပျော်နေ... ;D
ကန်ဒီ၊ မြတ်ကြည် ရရင်ရှာရေးပေးမယ်နော်။
ReplyDeleteမွမွ.. မြတ်ကြည်လေး.. ချစ်ဖို့ အရမ်းကောင်း..။
ReplyDeleteစိတ်မညစ်နဲ့ ပြောလည်း ညစ်မှာပဲ ဆိုတော့.. ဘယ်လိုနေရင် စိတ်ညစ် သက်သာမလဲဆိုတာသာ ရှာပေတော့။ နောက်တစ်ခါ စိတ်ညစ်ရင် အသုံးဝင်တယ်။
စီက အားလုံးကို သတိရ။ မခဥမဆီ သွားလို့ မရ။ :(
အသီးကိုလည်း ပြောပေးပါ။ သတိရကြောင်း။
ED
thank you thank you ED :D mwah mwah!!
ReplyDeleteQuite! This was a very fantastic publish. Thanks on your furnished details.
ReplyDeleteညီမလေး အစ်မ ဘာခေါင်းလျှော်ရည်သုံးရမလည်းသိချင်လို့ပါ
ReplyDeleteနိုင်နိုင်
မနိုင်နိုင်ရေ၊ တော်တော်များများကတော့ nizoral ခေါင်းလျှော်ရည်ကို ကောင်းတယ်ပြောကြပါတယ်။ နောက်တစ်ခုက head &s shoulders ပါ။ ဆံပင်တော့ နည်းနည်း ကြမ်းပါမယ်။
ReplyDeleteညီမလေးရေ.. ကလေးတစ်ဖက် ..အလုပ်တစ်ဖက်.အိမ်ထောင်တာဝန်တွေနဲ့ဆိုတော့ အစ်မစိတ်ရော လူရော ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိလိုက်ပါတော့..ဒီကြားထဲဗောက်ကလည်း အကျီအမည်းမ၀တ်ရဲအောင်ထလိုက်သေး..သမီးလေးအိပ်မှအင်တာနက်ဝင်စာဖတ်ရတာ..ညီမလေးဝက်ဆိုဒ်ကတော့ဖတ်ဖြစ်တယ်နေ့တိုင်း..လုပ်ဖြစ်တာလည်းလိုက်လုပ်လိုက်တာပဲ(ဟဟဟ)
ReplyDeleteီnizoral ကစလုံးမှာ အစ်မရှာလို့မရဘူး..
ညီမရဲ့နည်းလေးက သံပုရာရည်နဲ့ ဗီနီကာကို ဦးရေပြားလိမ်းတာ ၂ခါရှိပြီ..ပထမတစ်ခါလုပ်ပြီးတော့ နောက်နေ့၇ုံးရောက်တော့ အမလေးကြောက်စရာလန့်စရာ အစ်မထိုင်ခုံပြာပြာလေးမှာ ဘောက်ဖတ်တွေ..ထွက်ကျနေတာ..ဆံပင်တဖားဖား ဘောက်တဖွားဖွားပေါ့
နောက်နှစ်ရက်နေတော့ မတွေ့တော့ဘူး..၂ခါလည်းလုပ်ပြီးရော မရှိတော့ပါဘူးကိုဖြစ်ရော..မနက်ဖြန်တစ်ခါထပ်လုပ်အုန်းမယ်..အကုန်သေချာပေါက်ထွက်ပြေးအောင်လို့..လက်ဆင့်ကမ်းပေးပါအုန်းနော်.. အစ်မကတော့ ဗီနီကာနည်းနည်းနဲ့ သံပယိုရည်များများလုပ်တယ်..ဆံပင်လည်းပျော့တယ်..
အစ်မရေ၊ အဆင်ပြေတာသိရလို့ အရမ်းဝမ်းသာပါတယ်။ နီးရာလူကို လက်ဆင့်ကမ်းလိုက်ပါမယ်နော်။ :) ဆံပင် ကတော့ ဟုတ်တယ်နော်။ တော်တော်ပျော့သွားတယ်။
ReplyDeleteဗနီဂါနဲ့ သံပရာရည်လိမ်းပြီးရင် ရေပြန်ဆေးပစ်ရမှာလား ခေါင်းလျှော်ပြီး မှ လိမ်းရမှာလား သိချင်လို့။
ReplyDeleteကျေးဇူးနော်..း)
Delete