မျက်နှာပေါ်က စုတ်ချက်များ (What is what?)

By 3:04 AM

ဒီတစ်ခါတော့ Make-up brush လေးတွေအကြောင်းပြောမလားလို့။ :) ဈေးကွက်ထဲမှာတွေ့နေတဲ့ brush တသီကြီးပဲ။  လူသုံးများပြီး အသုံးဝင်တဲ့ ဘရပ်ရှ်လေးတွေ နဲ့ အသုံးပြုပုံကို တင်ပေးလိုက်ပါတယ်နော်။ 

 Blush brush





ဒါလေးကတော့ မြတ်ကြည်တို့နဲ့ ရင်းနှီးပြီးသား ပါးနီဆိုးတဲ့ ဘရပ်ရှ်လေးပါ။ ပြုံးလိုက်တဲ့အခါထွက်လာတဲ့ ပါးအို့နီနီလေး ဆိုးဖို့ သုံးပါတယ်။  

တလက်စထဲ မျက်နှာပုံစံကို လိုက်ပြီး ပါးနီ ဆိုးနည်းလေးတွေထည့်ပေးလိုက်ပါတယ်နော်။


Blending brush




အိုင်းရှဲဒိုးဆိုးပြီးတဲ့ အခါ သူက မရှိမဖြစ်ပါ။ ခြယ်ထားတဲ့ eye makeup ပြေပြေပြစ်ပြစ်ဖြစ်ဖို့ အရောင်ရောသွားစေဖို့ သူ့ကို သုံးပါတယ်။ Blending ကောင်းကောင်းမလုပ်ထားရင် ရှဲဒိုးက ဟိုတကွက် ဒီတကွက်နဲ့ ကြည့်လို့မလှပါဘူး။ Crease နေရာ တွေမှာ dimension ရစေဖို့အတွက်လည်း သူ့ကိုအသုံးပြုလို့ရတယ်။

 
before and after blending

Powder Brush


အားလုံးခြယ်သပြီးတဲ့အခါ အပြီးသတ် finished look ကို ပေါင်ဒါနဲ့ set လုပ်ဖို့အတွက် ဒီ ဘရပ်ရှ်ကို သုံးပါတယ်။

Concealer brush

ဖုံးချင် အုပ်ချင်လို့ သုံးချင်ရင် ဒီဟာလေး။ ပုံမှန်ဆိုရင်တဲ့ လက်သူကြွယ်ကို သုံးပြီး ပုတ်လိုက်တာပါပဲ။ ဒါပေမယ့် သပ်သပ်ရပ်ရပ်ဖြစ်စေချင်ရင်တော့ ဒီ ဘရပ်ရှ်လေး သုံးတာပေါ့နော်။ Dark under-eyes အတွက် အခုခေတ်စားနေတဲ့ technique လေးပါ။


 Foundation brush



မိတ်ကပ်ဆရာတွေ ပြင်တာနဲ့ ဒီတိုင်း ပြင်တာနဲ့ ဘာကွာလဲဆို brush သုံးတာ မသုံးတာ ကွာတာပါ။ မျက်နှာ ဖုံဖုံလေးနဲ့ ညက်ညက်လေး ဖြစ်စေပါတယ်။ သူ့ကို foundation လိမ်းတဲ့နေရာမှာတင် မဟုတ်ပဲ cream တို့ serum တို့ လိမ်းတဲ့ နေရာမှာလည်း အသုံးပြုကြပါတယ်။

  
Spoolie Brush



အခုနောက်ပိုင်း Eyebrow pencil နဲ့ ဆွဲပြီးရင်၊ လွတ်နေတဲ့ နေရာလေးကို powder နဲ့ ဖြည့်ကြတယ်။ မျက်ခုံ မျှော့တွယ်တဲ့ ခေတ်မဟုတ်လား?းP Spoolie brush မှာ တစ်ဖက်က ဖြီးမယ်၊ တစ်ဖက်က ဆိုးမယ်။ 

Lip liner Brush

ဒါက လိုလို ပိုပို နှုတ်ခမ်းဆိုးတဲ့ brush ပါ။

Highlighter Brush

ပါးရိုးအထက်နေရာတို့ နှဖူးတို့ နှာခေါင်းရိုး နဲ့ မေးစေ့ တို့နေရာတွေမှာ highlight လုပ်ချင်တဲ့အခါ သူ့ကို သုံးပါတယ်။

Contour Brush

Contour ကို cake ပဲ သုံးသုံး၊ liquid ပဲ သုံးသုံး တစ်ဖက်စောင်းနင်းနိုင်တဲ့ ဘရပ်ရှ် ကြမ်းဖွာလေးက မျက်နှာပေါ်က features တွေကို သုံးပြီး ပုံဖော်ကြတယ်။


Where to highlight where to contour
Eye-liner Brush

Eye liner တွေ ဆိုးကြတဲ့ ခေတ်မှာ၊ ဒီလို angled brush လေးမျိုးက ပျိုတိုင်းမှာရှိကြမှာပါ။ လိုင်နာဆိုးတဲ့ နေရာမှာလည်း သုံးလို့ရသလို၊ pencil liner ကို smokey eye အဖြစ် blend ဖြစ်ချင်လည်း သုံးလို့ရပါတယ်။


 မြတ်ကြည်လား? ဒါတွေအကုန် ဘယ်သုံးပါ့မလဲ? မွဲရချည့်းP မြတ်ကြည်ဆီမှာ blending brush ၊ angled brush နဲ့ blush brush သုံးမျိုးပဲရှိပါတယ်။ Contour လုပ်ချင်ရင် အဒေါ်ဆီက ငှါးသုံးလိုက်တယ်။ :D
အစ်မ ဒိုးကန် ကို အကြွေးဆပ်လိုက်ပြီနော်။း) ဘရပ်ရှ် ပုံတွေကို Marie Claire မဂ္ဂဇင်းနဲ့ Google မှ ယူပါတယ်ရှင်။

အလှတွေ ပိုနိုင်ကြပါစေရှင်။



You Might Also Like

4 comments

  1. Angled brushမရှိသေးဘူး။ဝယ်အုန်းမှ။ eye linerခြယ်ရတာကိုအကြိုက်ဆုံးဆိုတော့လေ :)

    ReplyDelete
    Replies
    1. ဆွဲကြည့်ကြည့် အသူ gel liner ဆို လက်ငြိမ်ငြိမ်နဲ့ အေးဆေး ဆွဲနိုင်တယ်။

      Delete
  2. တီတင့်မြတ်ကြည်လေးရဲ့ ပို့စ်တွေဖတ်မိတိုင်း အတွေးတစ်ခုဝင်တာက ၀ါသနာကြီးပြီး စနစ်တကျလုပ်တတ်တဲ့ မြတ်ကြည်လေး သက်မွေးဝမ်းကြောင်းပညာတစ်ရပ်အနေနဲ့ ဒီပညာတွေကိုအသုံးချသင့်တယ် ဆိုတဲ့အတွေး။

    ReplyDelete
    Replies
    1. တီတင့်ရေ ကျေးဇူးပါ။ ဖြစ်နိုင်ရင်တော့ လုပ်ချင်တာပေါ့။ ဒါပေမယ့် ပိုသေချာတဲ့ အလုပ်လေးကလည်း ရှိနေပြန်တော့ ဝါသနာကို အားတဲ့အချိန်မှပဲ လုပ်ဖြစ်နေတယ်။

      Delete