Japanese wave Nail art (No tool tutorial)

By 3:32 AM



မြင်ဖူးတွေ့ဖူးတဲ့ ဂျပန် ပန်းချီထဲက ရေလှိုင်းတွေရဲ့ ပုံစံမျိုး လက်သည်းဆိုးထားတာ။ တကယ် portray လုပ်မလုပ်တော့ မသိဘူး။ :P ဘာကရိယာမှ မရှိလည်း ဆိုးလို့ရပါတယ်။ ထင်သလောက် လက်ငြိမ်ဖို့လည်း မလိုပါဘူး။ နည်းနည်း edgy ဖြစ်အောင် ငွေနဲ့ အနက် ကို သုံးထားပါတယ်။


ငွေရောင်ကို အောက်ခံ၊ အနက်ကို ဝိုက်ပြီး ထောင့်မှာ ဆွဲပါတယ်။ ပြီးတော့ space နည်းနည်း ချန်ပြီး ပိုသေးတဲ့ အဝိုက်လေးကို ငွေနဲ့ဆွဲ အပေါ်ကို အဲလို တစ်ရောင်ခြား ထပ်ထပ်သွားတာပါ။ တစ်ထပ်နဲ့ တစ်ထပ်ကြားမှာ ခြောက်ဖို့ အချိန်နည်းနည်းစောင့်ရပါလိမ့်မယ်။ ပြီးတော့ opposite side ကနေ ခုနလိုပဲ အမဲတထပ်၊ ငွေတထပ် အဝိုက်လေးတွေ ဆိုးသွားရုံပါပဲ

Inspiration ကို အောက်က ပုံလေးဆီက ယူပါတယ် :)


Japanese waves

လုပ်ကြည့်လို့ အဆင်မပြေတာများရှိရင်လည်း ပြောနိုင်ပါတယ်နော်။ သာယာပျော်ရွှင်ဖွယ်နေ့လေး တစ်ရက်ဖြစ်ပါစေရှင်။ 

You Might Also Like

7 comments

  1. မြတ်ကြည်လေးရဲ့ လက်သည်းခွံပေါ်တင်တဲ့ ဒီဇိုင်းလေးတွေကိုမြင်တော့ တီတင့် တက္ကသိုလ်တက်စဉ်ကာလက သင်ခဲ့ဘူးတဲ့ Fabric design ဘာသာရပ်မှာ အဲ့လို ဆင်တူဒီဇိုင်းမျိုးလေးတွေ အမျိုးစုံသင်ခဲ့ဘူးတာကို ပြန်သတိရသွားတယ်။

    ReplyDelete
    Replies
    1. တီတင့် အခုရော အဲဒီဘာသာရပ် ရှိသေးလား မသိဘူးနော် :)

      Delete
    2. အဲ့ဒီပညာရပ်က မပျောက်မကွယ် ရှိတယ်လေ အဲ့ဒီအချိန်ကသင်ခဲ့တဲ့ စာအုပ်တွေလဲ တီတင့်မှာသိမ်းထားဆဲပေါ့ :)

      Delete
  2. ငွေရောင်လေးကြိုက်တာဆိုတော့ ဒီ ဒီဇိုင်းလေးကို ချစ်တယ်..။ လက်သည်းအရှည်ထားပြီးတောင် ဆိုးကြည့်ချင်တယ်..။ ခုတော့ လက်သည်းက တုံးတိဖြစ်နေသေးလို့ :D

    ReplyDelete
  3. မနေ့ညက စမ်းကြည့်တာ လှတယ်သိလား။လက်သည်းဘုတိုမှာလုပ်တာတောင်လှတယ်။
    နောက်နေ့မှပုံပို့ပေးမယ် :D

    ReplyDelete
    Replies
    1. မနေ့ကတွေ့တယ်၊ မိုက်မိုက် :D

      Delete