Easy Gradient Eye

By 12:24 PM


Eye makeup လေးတွေ ကိုယ့် ဘာသာ သာ ပြင်တာ တဆင့်ချင်းရိုက် ပြီးမတင်ဖြစ်တာ တော်တော် ကြာပြီ။ ဆန်းဆန်းပြားပြား ကြီးမဟုတ်ပေမယ့် အခုမှ စပြင်မယ့် ညီမလေးတွေ အတွက်တော့ အသုံးဝင်မယ်လို့ မျှော်လင့် ပါတယ်။

သက်တံ့ထဲက ကပ်လျက် အရောင်လေးတွေမို့ အရောင်ပြေး ပုံလေး ဖြစ်တာကို သဘောကျတာ :) ( ကွကိုယ်ပြော)



1. primer တင်ပါ။ မျက်လုံး ဘာအရောင်ဆိုးဆိုး မျက်လုံးပေါ် အရောင်ထွက်ချင်ရင် ဒါလေးအရင်တင်ပါလို့။
2. မျက်လုံး အတွင်းထောင့်ကို အဝါရောင်လေးဆိုး၊ အလယ်ကို အစိမ်း၊ အပြင်ဆုံးကို အစိမ်း တင်လိုက်ပါနော် ( shadow palette ထဲမှာ ပါတဲ့ အတံလေးနဲ့ပဲ ခြယ် အဆင်ပြေတယ်)
အောက်မျက်ခမ်းကိုလည်း ခုန အစီအစဉ်တိုင်း လိုက်ထပ်ထားလိုက်တယ်)
3. liner လေးလိုက်၊ mascara လေးဆိုး

Tada!


ဒီ look အတွက် သုံးထားတဲ့ ပစ္စည်းလေးတွေပါ


ပိုစ့်က ရေးတာ တဝက်တပျက်နဲ့ ၄လ လောက်ကြာသွားတယ်။ :D နေရာသစ်မှာ အခြေချတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပေမယ့် စွန့်စားရတာ ပျော်ဖို့ကောင်းပါတယ်။  နောက်မှ အဲဒီအကြောင်းလေး ပြောကြတာပေါ့နော်။ :)

အားလုံးကို သတိရ

မြတ်ကြည်
ခေတ္တ မန္တလေး






You Might Also Like

4 comments

  1. ရောက်ခဲ့တယ် မြတ်ကြည်လေးရေ... တီတင့်တို့အသက်အရွယ်အတွက်တော့ လှပဘို့အတွက်မဟုတ်တော့ပဲ သပ်ယပ်ဘို့အတွက်လို့ ယူဆပြီး သေချာလေ့လာသွားတယ် ... :)

    ReplyDelete
    Replies
    1. လာလည်လို့ကျေးကျေး တီတင့်း)

      Delete
  2. နေရာသစ်လေးအကြောင်းဖတ်ချင်လှပြီ။
    မမအို်င်အိုရာ

    ReplyDelete
    Replies
    1. နေရာသစ်လေး အကြောင်းက မကြာမီ လာမည် မျှော်း)

      Delete