အလွယ်ကူဆုံး French tip လက်သည်း အဖြူလိုင်းဖော်နည်း

By 1:59 AM

ကျွန်မက လက်သည်းအတိုကို ဒီတိုင်းထားတာများပါတယ်။  တနင်္ဂနွေနေ့မှာ အချိန်လေးလည်းအားတုန်း လက်သည်းဆိုးဆေးတွေပြေးဝယ်ပြီး လုပ်ကြည့်တဲ့ဟာလေးကို တင်လိုက်ပါတယ်။


လိုင်း အဖြူကို မိန်းကလေးတွေ လက်သည်းထိပ်လေးတွေမှာဆိုးတာ တွေ့တွေ့နေတာ၊ ကျွန်မက စိတ်မရှည်တော့ ဆိုးရင် ဘယ်တော့မှ မညီဘူး။ ဒါနဲ့ youtube မှာ နည်းသစ်လေးတွေ့လို့ လုပ်ကြည့်တာ အဆင်ပြေတယ်။ ( တော်တော်များများတော့ သိပြီးလောက်ပြီထင်ပါတယ်)


 လက်သည်းထိပ်နေရာလေးတွေချန်ပြီး တိပ်လေးတွေကို လက်ချောင်းထိပ်တွေမှာ လိုက်ကပ်

အပေါ်ကဆိုးချင်သလိုဆိုး ( ပေပွနေတာပဲ:P )

အခြောက်ခံ

ပြန်ခွါလိုက်ရင် ညီညီညာညာလိုင်းလေးတွေ ရလာပါမယ်

ဉာဏ်ကွန့်ရင်ကွန့်သလို တိပ်တွေကို ခွါလိုက်၊  ကပ်လိုက်လုပ်ပြီး ဒီလို အဆန်းထွင်လို့ ရပါသေးတယ်။



တစ်ယောက်တည်းရှိတော့ တချို့ပုံတွေကို timer ပေးရိုက်ရတာဖြစ်လို့ ပုံမကောင်းရင် သည်းခံကြပါရှင်။ သနပ်ခါးမေ ဘလော့လေးကို လာရောက်အားပေးသူတို့ကို အစဉ်ကျေးဇူးတင်လျက်-




You Might Also Like

5 comments

  1. လက်သည်းအရှည်ထားပြီးဆိုးကြည့်မယ်
    ကြည်ကြည်
    အရင်ကတော့အရှည်ထားလို့မရဘူး
    ရှည်တာနဲ့ကျိုးတာပဲလေ။
    ခုတော့စမ်းကြည့်အုံးမယ်။
    ကန်ဒီဆီကတစ်နည်းရပြီးပြီ။
    စမ်းသပ်ဖို့ပဲကျန်တော့တာ :P
    ပျော်ရွှင်ပါစေရှင်
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  2. :)လက်သည်းမကျိုးဖို့ သံဓာတ်များများပါတာစားပေးပါ။

    ReplyDelete
  3. သူငယ်ချင်းရေ.. နည်းသစ်လေး အားပေးသွားတယ်.... :D

    ReplyDelete
  4. မြည်ကြည်လေး .. တော်တော်အားနေတယ်

    မမပွင့်

    ReplyDelete
  5. မြတ်ကြည် schedule နဲ့တင်တာ မမပွင့်။ နေ့တိုင်းမရေးဖြစ်လို့ :)ဘယ်တွေပျောက်?

    ReplyDelete